ထိုင်းနိုင်ငံအတွင်း တရားမ၀င် သွားရောက်နေထိုင်ပြီး ဖမ်းဆီးခံရသည့် ရွေ့ပြောင်း မြန်မာလုပ်သား (၁၅)ဦးအား မြန်မာနိုင်ငံ တာချီလိတ်မြို့ မြန်မာ - ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံ မယ်ဆိုင် လ၀ကနှင့်အဖွဲ့မှ ဇန်န၀ါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းက လွှဲပြောင်းလာကြောင်း သိရသည်။
ထိုသို့ လာရောက်လွှဲပြောင်းပေးရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၂)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၁)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး လွှဲပြောင်းလာရာ အမျိုးသား(၁၂)ဦး နှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၁၅)ဦး ပါဝင်ကြောင်း သိရသည်။
လွှဲပြောင်းလာသည့် (၁၅)ဦးသည် ထိုင်းနိုင်ငံအတွင်း တရားမဝင်သွားရောက်သူများနှင့် နယ်မြေကျော်သွားရောက်ခြင်းအပြင် ရက်ကျော်နေထိုင်ခြင်းတို့ကြောင်း ဖမ်းဆီးခံရသူများ ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ(၁၁)ရက်နေ့ကလည်း ထိုင်းဘက်မှ မြန်မာနိုင်ငံသား (၉)ဦးအား လာရောက် လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။