က်ပ္သိန္းတစ္ေသာင္းရရွိမည့္ က်ပ္ ၅၀၀ တန္ ထီလက္မွတ္ေရာင္းခ်ရန္ တနသၤာရီတိုင္းေဒသႀကီး အတြင္းမွ ေလွ်ာက္ထားသူ ( ၂၃ ) ဦးရွိေၾကာင္း တိုင္းေဒသၾကီးအခြန္ဦးစီးဌာနရံုးမွ သိရသည္။
“ေလွ်ာက္ထားတဲ့သူေတြက အရင္ထီဆိုင္အႀကီးေတြကပဲ ေလွ်ာက္တာပါ။ ဆိုင္အေသးေလးေတြကေတာ့ သူတို႔ဆီကေန တစ္ဆင့္ျပန္ၿပီး ေရာင္းတာဆိုေတာ့ သူတို႔ကေတာ့ မေလွ်ာက္ဘူး။ ၿပီးေတာ့့လည္း သူက ဒီတစ္လပဲေရာင္းၿပီး ေနာက္လ မေရာင္းေတာ့ဘူး လုပ္လို႔မရဘူး။ ဆက္မေရာင္းေတာ့ဘူးဆိုရင္ သံုးလႀကိဳတင္ၿပီး အေၾကာင္းၾကားရတာ” ဟုတိုင္းေဒသႀကီး အခြန္ဦးစီးဌာနမွဴးရံုးမွ တာ၀န္ရွိသူတစ္ဦး ကေျပာ သည္။
ထီေရာင္းရန္ စာရင္းတင္ထားသူမ်ားမွ ထား၀ယ္ခရိုင္တြင္ ၆ဆိုင္ ၊ ဘိတ္ခရိုင္တြင္ ၁၆ဆိုင္ႏွင့္ ေကာ့ေသာင္းခရိုင္တြင္ ၁ ဆိုင္ရွိေၾကာင္းဦးစီးရံုး မွသိရသည္။
“ေစ်းေရာင္းတာက ဘယ္လိုလာမယ္ေတာ့ မသိေသးဘူး။ သိန္းတစ္ေသာင္းေတာင္ရမယ္ ဆိုေတာ့ ထိုးတဲ့သူမ်ားလာမယ္ ထင္ပါတယ္။ ဆိုင္အေသးေလးေတြကေတာ့ ကၽြန္မတို႔ဆီကတစ္ဆင့္ ယူေရာင္းၾကတာ။ သူတို႔ဘယ္လိုလုပ္ေလွ်ာက္ႏိုင္မလဲ သံုးလစာႀကိဳ သြင္းရတာဆိုေတာ့။ ဆုေၾကးကို သိန္းတစ္ေသာင္းတိုးလိုက္တာ ေကာင္းပါတယ္။ အရင္ကသိန္း ၁၅၀၀က ခုေခတ္ေစ်းအရ ဘာမွကိုလုပ္လို႔မရဘူး။ ထီေပါက္တဲ့ နာမည္သာရွိတာ”ဟု ထား၀ယ္ၿမိဳ႕ခံထီအေရာင္းဆိုင္တစ္ဆိုင္မွ မလင္းျမတ္က ေျပာသည္။
အဆိုပါထီအား ေရာင္းခ်မည့္ထီဆိုင္မ်ားသည္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ား၊ အာမခံေငြေပးသြင္းလုပ္ငန္းမ်ားကို ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ တစ္ရက္ေန႕အၿပီး ေဆာင္ရြက္ခဲ့ၾကၿပီး က်ပ္ ၅၀၀ တန္ထီလက္မွတ္မ်ားကို ၂၀၁၇ ခုႏွစ္ မတ္လတြင္ စတင္ေရာင္းခ်ေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - ေရႊေဇာ္
“လျှောက်ထားတဲ့သူတွေက အရင်ထီဆိုင်အကြီးတွေကပဲ လျှောက်တာပါ။ ဆိုင်အသေးလေးတွေကတော့ သူတို့ဆီကနေ တစ်ဆင့်ပြန်ပြီး ရောင်းတာဆိုတော့ သူတို့ကတော့ မလျှောက်ဘူး။ ပြီးတော့လည်း သူက ဒီတစ်လပဲရောင်းပြီး နောက်လ မရောင်းတော့ဘူး လုပ်လို့မရဘူး။ ဆက်မရောင်းတော့ဘူးဆိုရင် သုံးလကြိုတင်ပြီး အကြောင်းကြားရတာ” ဟုတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကပြော သည်။
ထီရောင်းရန် စာရင်းတင်ထားသူများမှ ထားဝယ်ခရိုင်တွင် ၆ဆိုင်၊ ဘိတ်ခရိုင်တွင် ၁၆ဆိုင်နှင့် ကော့သောင်းခရိုင်တွင် ၁ ဆိုင်ရှိကြောင်းဦးစီးရုံး မှသိရသည်။
“ဈေးရောင်းတာက ဘယ်လိုလာမယ်တော့ မသိသေးဘူး။ သိန်းတစ်သောင်းတောင်ရမယ် ဆိုတော့ ထိုးတဲ့သူများလာမယ် ထင်ပါတယ်။ ဆိုင်အသေးလေးတွေကတော့ ကျွန်မတို့ဆီကတစ်ဆင့် ယူရောင်းကြတာ။ သူတို့ဘယ်လိုလုပ်လျှောက်နိုင်မလဲ သုံးလစာကြို သွင်းရတာဆိုတော့။ ဆုကြေးကို သိန်းတစ်သောင်းတိုးလိုက်တာ ကောင်းပါတယ်။ အရင်ကသိန်း ၁၅၀၀က ခုခေတ်ဈေးအရ ဘာမှကိုလုပ်လို့မရဘူး။ ထီပေါက်တဲ့ နာမည်သာရှိတာ”ဟု ထားဝယ်မြို့ခံထီအရောင်းဆိုင်တစ်ဆိုင်မှ မလင်းမြတ်က ပြောသည်။
အဆိုပါထီအား ရောင်းချမည့်ထီဆိုင်များသည် စာချုပ်ချုပ်ဆိုခြင်းများ၊ အာမခံငွေပေးသွင်းလုပ်ငန်းများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ တစ်ရက်နေ့အပြီး ဆောင်ရွက်ခဲ့ကြပြီး ကျပ် ၅၀၀ တန်ထီလက်မှတ်များကို ၂၀၁၇ ခုနှစ် မတ်လတွင် စတင်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ရွှေဇော်