ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာရှိ မောင်မကန်ရေပူစမ်းအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်း လုပ်ဆောင်ရန်မှာ တပ်ပိုင်မြေဖြစ်နေသောကြောင့် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်ထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၏ ဒုတိယကြိမ် အထူးအစည်းအဝေး ပထမနေ့တွင် လောင်းလုံးမဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ထွေးမှ မောင်းမကန်ကျေးရွာ ရေပူကန် အဆင့်မြင့်တင်ခြင်း ရှိမရှိနှင့် စပ်လျှဉ်းသော မေးခွန်းအား ၀န်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မောင်းမကန်ရေပူစမ်းမှာ ခလရ(၁၀၄)မှ လုပ်ကိုင်ဆောင်ရွက် ပေးလျှက်ရှိနေပြီး အဆိုပါ ရေပှုစမ်းအား ကော့သောင်းမြို့ အောင်သပြေရေပူစမ်းကဲ့သို့ အဆင့်မြှင့် တင်ပေးလိုက်မည် ဆိုပါက ကျေးရွာအုပ်စု အနေဖြင့် မြို့ပြကဲ့သို့ အဆင့်အတန်းမြင့်မားလာမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောဆိုခဲ့သည်။
သတင်း - ရွှေဇော်
တနင်္သာရီတိုင်းဒေသကြီး၏ ဒုတိယကြိမ် အထူးအစည်းအေဝး ပထမနေ့တွင် လောင်းလုံးမဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ထွေးမှ မောင်းမကန်ကျေးရွာ ရေပူကန် အဆင့်မြင့်တင်ခြင်း ရှိမရှိနှင့် စပ်လျှဉ်းသော မေးခွန်းအား ဝန်ကြီးက ယင်းကဲ့သို့ ဖြကြေားခဲ့ခြင်းဖြစ်သည်။
“မောင်းမကန် ရေပူစမ်းက ပင်လယ်ကမ်းခြေနဲ့လည်းနီးပြီး တန်ခိုးကြီးမျှော်ရစ်ဘုရားနဲ့လည်း နီးတာကြောင့် ပြည်တွင်းပြည်ပ ခရီးသွားတွေ မျက်စိကျပြီး နေ့စဉ် လာရောက်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အခု ရေပူကန်မှာ ရေစီးရေလာ မကောင်းတာကြောင့် ချိုးရေ တွေအပြင် မထွက်ဘဲ ပုပ်နေတာကြောင့် အနံ့ဆိုးတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့်ခရီး သွားလာရောက်မှုများတဲ့ ရေပူကန်ကို အဆင့်မြှင့်တင်ပေးဖို့ ရှိမရှိ သိချင်ပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက မေးမြန်းခဲ့သည်။
ထိုမေးခွန်းနှင့် ပတ်သက်ပြီး ဝန်ကြီးမှ “လက်ရှိအချိန်မှာ မောင်းမကန်ရေပူစမ်း တည်နေရာ က ခလရ(၁၀၄) အပိုင်ဖြစ်သောကြောင့် ခြေလျင်တပ်ရင်းကပဲ တိုက်ရိုက်ကွပ်ကဲ နေသလို ပြုပြင်ခြင်း လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေကို တိုင်းအစိုးရ အဖွဲ့အနေနဲ့ လုပ်ဆောင်ပေးဖို့ဆိုတာက သက်ဆိုင် ရာဝန်ကြီးဌာနက တိုင်အစိုးရအဖွဲ့ကို တရားဝင်လွှဲပြောင်းပေးမှ လုပ်ဆောင်နိုင်မှာပါ” ဟု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြန်လည်ဖြကြေားသည်။
လက်ရှိတွင် မောင်းမကန်ရေပူစမ်းမှာ ခလရ(၁၀၄)မှ လုပ်ကို်င်ဆောင်ရွက် ပေးလျှက်ရှိနပြေီး အဆိုပါ ရေပှုစမ်းအား ကော့သောင်းမြို့ အောင်သပြေရေပူစမ်းကဲ့သို့ အဆင့်မြှင့် တင်ပေးလိုက်မည် ဆိုပါက ကျေးရွာအုပ်စု အနဖြေင့် မြို့ပြကဲ့သို့ အဆင့်အတန်းမြင့်မားလာမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်။
သတင်း - ရွှေဇော်