၆၉ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အထိမ္းအမွတ္ ဂုဏ္ျပဳညစာစားပြဲအခမ္းအနားကို တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပရာ အခြန္အမ်ားဆံုးေပးေဆာင္သည့္ လုပ္ငန္းမ်ား၊ ေဒသဖြံ႔ၿဖဳိးေရး ျပည္သူ႔အက်ဳိးျပဳလုပ္ငန္းမ်ားတြင္ ပူးေပါင္းပါ၀င္ ေဆာင္ရြက္ခဲ့ၾကသည့္ ပုဂၢဳိလ္မ်ား၊ အသင္းအဖြဲ႔မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊႊာမ်ား ေပးအပ္ခ်ီးျမႇင့္ အခမ္းအနားကို တာခ်ီလိတ္ၿမိဳ၊ ပါလွ်ံ တရုတ္ဘံုေက်ာင္းရွိ မဂၤလာခမ္းမတြင္ ဇန္န၀ါရီလ(၄)ရက္ေန႔ ညေန(၆)နာရီအခ်ိန္က က်င္းပျပဳလုပ္သည္။
အဆိုပါအခမ္းအနားတြင္ တာခ်ီလိတ္ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊႏွင့္ တာ၀န္ရွိသူမ်ားက ၂၀၁၄ - ၂၀၁၅ ဘ႑ာနွစ္အတြင္း ျမန္မာတစ္နုိင္ငံလုံး အခြန္အမ်ားဆုံးေပးေဆာင္သူ ၁၀၀၀ စာရင္းတြင္ ပါဝင္သည့္ တာခ်ီလိတ္မွ လုပ္ငန္းသံုးခုအပါအအဝင္ ဂုဏ္ျပဳမွတ္တမ္းလႊာေပါင္း (၂၁)ခုကို ေပးအပ္ခ်ီးျမႇင့္လိုက္ျခင္းျဖစ္သည္။
ျမန္မာတစ္နုိင္ငံလုံး အခြန္အမ်ားဆုံးေပးေဆာင္သူ ၁၀၀၀ စာရင္းတြင္ ေရႊနန္းစံကုမၼဏီက ဝင္ေငြခြန္ အဆင့္ ၁၁၆၊ ကုန္သြယ္လုပ္ငန္းခြန္အဆင့္၂၆၂ ေပးေဆာင္အခြန္စုစုေပါင္း ၈၂၉ သန္းေက်ာ္၊ ေရႊေရကန္ကုမၼဏီက ဝင္ေငြခြန္အဆင့္ ၃၆၈ ၊ ကုန္သြယ္လုပ္ငန္းခြန္အဆင့္ ၃၆၈၊ ေပးေဆာင္ အခြန္စုစုေပါင္း ၃၄၀ သန္းေက်ာ္၊ ဦးေမာင္ဝင္းက ဝင္ေငြခြန္အဆင့္ ၉၂၆ ၊ ကုန္သြယ္လုပ္ငန္းခြန္အဆင့္ ၈၇၃ ၊ ေပးေဆာင္အခြန္ေငြ စုစုေပါင္း ၇၄ သန္းေက်ာ္ရိွျခင္းျဖစ္ေၾကာင္း သိရသည္။
ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္ရာတြင္ ၂၀၁၆ ခုႏွစ္ ဧၿပီလ(၉)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ ရွမ္းစုရြာမီးေလာင္မႈျဖစ္စဥ္တြင္ အိမ္နီးခ်င္းပီသစြာျဖင့္ မီးသတ္ယာဥ္မ်ားျဖင့္ အျမန္ဆံုးလာေရာက္ ဝိုင္းဝန္းကူညီၿငိမ္းသတ္ေပးသည့္ ထုိငး္ႏုိင္ငံ မယ္ဆိုင္မီးသတ္တပ္ဖြဲ႕၊ မီးေလာင္မႈအားၿငိမ္းသတ္မႈတြင္ စြမ္းစြမ္းတမံ လုပ္ေဆာင္ခဲ့ၾကသည့့္ တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔၊ တာခ်ီလိတ္ၿမိဳ႕နယ္အရန္မီးသတ္တပ္ဖြဲ႔၊မီးေလာင္အိမ္ေထာင္စုမ်ား ျပန္လည္ထူေထာင္ေရးတြင္ ပူးေပါင္းေဆာင္ရြက္ၾကသည့္ ၾကက္ေျခနီတပ္ဖြဲ႔ ႏွင့္ မကာဟိုခမ္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးတို႔အား ဂုဏ္ျပဳမွတ္တမ္းမ်ား ခ်ီးျမႇင့္လုိက္သည္။
မႈခင္းမ်ားေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ ေခါင္းေဆာင္ေကာင္းပီသစြာျဖင့္ စီမံခန္႔ခြဲကြပ္ကဲမႈေပးႏုိင္သည့္ ခရိုင္ရဲတပ္ဖြဲ႕မွဳး ဒုရဲမွဴးႀကီးထိန္ဝင္း၊ ရွင္းမန္ရတနာေရႊဆုိင္ ေဖါက္ထြင္းမႈအပါအဝင္ ျပည္သူအထိတ္ တလန္႔ျဖစ္ေစသည့္ သတင္းမ်ားထြက္သည့္ မႈခင္းမ်ားအား အျမန္ဆံုးေဖာ္ထုတ္ေပးသည့္ ခရိုင္ရဲတပ္ဖြဲ႕မွဴးရံုးမွ ရဲအုပ္ေသာင္းေရႊ၊ လူသတ္အေလာင္းေဖ်ာက္ ကားခိုးေရာင္းသည့္အမႈအား ေဖၚထုတ္ႏုိင္ခဲ့သည့္ ေဟာင္လိတ္ရဲကင္းစခန္းမွ နယ္ထိန္းရဲတပ္ၾကပ္ ဂီးဒိုတို႔ကိုလည္း ဂုဏ္ျပဳမွတ္တမ္းမ်ား ခ်ီးျမွင့္ေပးခဲ့သည္။
ဆန္ဆိုင္းရပ္ကြက္ ဆံပင္ညႇပ္ဆိုင္၌ျဖစ္ပြားသည့္ ေသနတ္ပစ္ခတ္မႈျဖစ္စဥ္တြင္ ေသနတ္ပစ္ခံရသည့္ လူနာအား အသက္မီေစေရး အျမန္ဆံုးကူညီေပးသူ ႏွစ္ဦး၊ လက္နက္ခဲယမ္းနွင့္ မူးယစ္ဖမ္းဆီးေဖာ္ထုတ္ေရးျဖစ္စဥ္တြင္ သတင္းေပးပူးေပါင္းေဆာင္ရြက္သူမ်ားအပါအဝင္ ျပည္သူအက်ိဳးျပဳကူညီေဆာင္ရြက္ခဲ့သူမ်ားအား ဂုဏ္ျပဳမွတ္တမ္းမ်ား ေပးအပ္ခ်ီးျမႇင့္လုိက္ျခင္းျဖစ္သည္။
အဆိုပါအခမ္းအနားသို႔ မိုင္းျဖတ္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္း၊ တာခ်ီလိတ္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ စစ္ဗ်ဴဟာအဖဲြ႔(အေျခခ်) တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေက်ာ္ကုိထုိက္၊ တာခ်ီလိတ္ခရုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ တာခ်ီလိတ္ၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ဌာနဆုိင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ တိုင္းရင္းသား ယဥ္ေက်းမႈ အသင္းအဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ား ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား အျပင္ ထိုင္းႏိုင္ဘက္မွ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကသည္။
၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို တာချီလိတ်မြို့တွင် ကျင်းပရာ အခွန်အများဆုံးပေးဆောင်သည့် လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် အခမ်းအနားကို တာချီလိတ်မြို၊ ပါလျှံ တရုတ်ဘုံကျောင်းရှိ မင်္ဂလာခမ်းမတွင် ဇန်နဝါရီလ(၄)ရက်နေ့ ညနေ(၆)နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများက ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး အခွန်အများဆုံးပေးဆောင်သူ ၁၀၀၀ စာရင်းတွင် ပါဝင်သည့် တာချီလိတ်မှ လုပ်ငန်းသုံးခုအပါအအဝင် ဂုဏ်ပြုမှတ်တမ်းလွှာပေါင်း (၂၁)ခုကို ပေးအပ်ချီးမြှင့်လိုက်ခြင်းဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံး အခွန်အများဆုံးပေးဆောင်သူ ၁၀၀၀ စာရင်းတွင် ရွှေနန်းစံကုမ္မဏီက ဝင်ငွေခွန် အဆင့် ၁၁၆၊ ကုန်သွယ်လုပ်ငန်းခွန်အဆင့်၂၆၂ ပေးဆောင်အခွန်စုစုပေါင်း ၈၂၉ သန်းကျော်၊ ရွှေရေကန်ကုမ္မဏီက ဝင်ငွေခွန်အဆင့် ၃၆၈၊ ကုန်သွယ်လုပ်ငန်းခွန်အဆင့် ၃၆၈၊ ပေးဆောင် အခွန်စုစုပေါင်း ၃၄၀ သန်းကျော်၊ ဦးမောင်ဝင်းက ဝင်ငွေခွန်အဆင့် ၉၂၆၊ ကုန်သွယ်လုပ်ငန်းခွန်အဆင့် ၈၇၃၊ ပေးဆောင်အခွန်ငွေ စုစုပေါင်း ၇၄ သန်းကျော်ရှိခြင်းဖြစ်ကြောင်း သိရသည်။
ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရာတွင် ၂၀၁၆ ခုနှစ် ဧပြီလ(၉)ရက်နေ့က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် ရှမ်းစုရွာမီးလောင်မှုဖြစ်စဉ်တွင် အိမ်နီးချင်းပီသစွာဖြင့် မီးသတ်ယာဉ်များဖြင့် အမြန်ဆုံးလာရောက် ဝိုင်းဝန်းကူညီငြိမ်းသတ်ပေးသည့် ထိုငး်နိုင်ငံ မယ်ဆိုင်မီးသတ်တပ်ဖွဲ့၊ မီးလောင်မှုအားငြိမ်းသတ်မှုတွင် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ကြသည့် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့၊ တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊မီးလောင်အိမ်ထောင်စုများ ပြန်လည်ထူထောင်ရေးတွင် ပူးပေါင်းဆောင်ရွက်ကြသည့် ကြက်ခြေနီတပ်ဖွဲ့ နှင့် မကာဟိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးတို့အား ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်လိုက်သည်။
မှုခင်းများဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ခေါင်းဆောင်ကောင်းပီသစွာဖြင့် စီမံခန့်ခွဲကွပ်ကဲမှုပေးနိုင်သည့် ခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှူးကြီးထိန်ဝင်း၊ ရှင်းမန်ရတနာရွှေဆိုင် ဖောက်ထွင်းမှုအပါအဝင် ပြည်သူအထိတ် တလန့်ဖြစ်စေသည့် သတင်းများထွက်သည့် မှုခင်းများအား အမြန်ဆုံးဖော်ထုတ်ပေးသည့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်သောင်းရွှေ၊ လူသတ်အလောင်းဖျောက် ကားခိုးရောင်းသည့်အမှုအား ဖော်ထုတ်နိုင်ခဲ့သည့် ဟောင်လိတ်ရဲကင်းစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဂီးဒိုတို့ကိုလည်း ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးခဲ့သည်။
ဆန်ဆိုင်းရပ်ကွက် ဆံပင်ညှပ်ဆိုင်၌ဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှုဖြစ်စဉ်တွင် သေနတ်ပစ်ခံရသည့် လူနာအား အသက်မီစေရေး အမြန်ဆုံးကူညီပေးသူ နှစ်ဦး၊ လက်နက်ခဲယမ်းနှင့် မူးယစ်ဖမ်းဆီးဖော်ထုတ်ရေးဖြစ်စဉ်တွင် သတင်းပေးပူးပေါင်းဆောင်ရွက်သူများအပါအဝင် ပြည်သူအကျိုးပြုကူညီဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်လိုက်ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ အပြင် ထိုင်းနိုင်ဘက်မှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။