မိုင္းျဖတ္တြင္ ေဒသဖြံ႔ၿဖဳိးေရးအတြက္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ဌာနဆိုင္ရာ၊ ျပည္သူမ်ားေတြ႕ဆံု

မိုင္းျဖတ္တြင္ ေဒသဖြံ႔ၿဖဳိးေရးအတြက္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ဌာနဆိုင္ရာ၊ ျပည္သူမ်ားေတြ႕ဆံု
ဇန်နဝါရီ 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္ မိုင္းျဖတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ ျပည္သူမ်ားျဖင့္ ဇန္နဝါရီလ(၆)ရက္ေန႔တြင္ ေတြ႔ဆံုေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ဌာနဆိိုင္ရာ အႀကီးအကဲမ်ားႏွင့္ နံနက္(၈)နာရီတြင္ မိုင္းျဖတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးခန္းတြင္ ေတြ႔ဆံုေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ မိုင္းျဖတ္ၿမိဳ႕နယ္အေနနဲ႔ အဓိကဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ကြ်န္ေတာ္တာဝန္ထမ္းေဆာင္စဥ္ ကာလ အတြင္း အတိုင္းအတာ တစ္ခုအထိ တိုးတက္ေအာင္ ေဆာင္ရြက္ေပးခ်င္ပါတယ္။ ဌာနဆိုင္ရာေတြ အေနနဲ႔ မိမိတို႔ဌာနေတြရဲ႕ လိုအပ္ခ်က္ေတြကို အခ်က္အလက္ေလးေတြေရးၿပီး ကြ်န္ေတာ့္ကို ေပးေစလိုပါတယ္ “ ဟု မိုင္းျဖတ္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္းက ေျပာသည္။

ယင္းေနာက္ ေန႔လည္ (၁၁)နာရီတြင္ ပါပူးေက်းရြာဘုန္းေတာ္ႀကီးေက်ာင္းတြင္ ျပည္သူလူထု ႏွင့္ ေတြ႔ဆံုၿပီး တင္ျပလာသည့္လိုအပ္ခ်က္မ်ားအား ဌာနဆိုင္ရာအႀကီးအကဲမ်ားႏွင့္ ညႇိႏႈိင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

ေဒသဖြံ႔ၿဖိဳးေရးရန္ပံုေငြျဖင့္ ေဆာင္ရြက္လွ်က္ရွိသည့္ တာမေက်းရြာ၊ နမ့္ေလာက္ေက်းရြာ၊ ဝမ္ဆာေက်းရြာ ႏွင့္ ပါဆန္းေက်းရြာ မ်ားရွိ ကြန္ကရစ္လမ္းမ်ားႏွင့္ ေက်ာက္ေခ်ာလမ္း မ်ားကိုလည္း ကြင္းဆင္းၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူများဖြင့် ဇန်နဝါရီလ(၆)ရက်နေ့တွင် တွေ့ဆုံကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် နံနက်(၈)နာရီတွင် မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် တွေ့ဆုံကြောင်း သိရသည်။

“ကျွန်တော်တို့ မိုင်းဖြတ်မြို့နယ်အနေနဲ့ အဓိကဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တာဝန်ထမ်းဆောင်စဉ် ကာလ အတွင်း အတိုင်းအတာ တစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်ပေးချင်ပါတယ်။ ဌာနဆိုင်ရာတွေ အနေနဲ့ မိမိတို့ဌာနတွေရဲ့ လိုအပ်ချက်တွေကို အချက်အလက်လေးတွေရေးပြီး ကျွန်တော့်ကို ပေးစေလိုပါတယ် “ ဟု မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောသည်။

ယင်းနောက် နေ့လည် (၁၁)နာရီတွင် ပါပူးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြည်သူလူထု နှင့် တွေ့ဆုံပြီး တင်ပြလာသည့်လိုအပ်ချက်များအား ဌာနဆိုင်ရာအကြီးအကဲများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးရန်ပုံငွဖြေင့် ဆောင်ရွက်လျှက်ရှိသည့် တာမကျေးရွာ၊ နမ့်လောက်ကျေးရွာ၊ ဝမ်ဆာကျေးရွာ နှင့် ပါဆန်းကျေးရွာ များရှိ ကွန်ကရစ်လမ်းများနှင့် ကျောက်ချောလမ်း များကိုလည်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~