ျမန္မာ - ထိုင္းနယ္စပ္ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စုရွိ မယ္ဟုတ္ေခ်ာင္းစပ္တြင္ လက္ထိပ္ခတ္လွ်က္ျဖင့္ ပုပ္ပြေသဆံုးေနသည့္ အမ်ဳိးသား အေလာင္း တစ္ေလာင္းအား ဇန္န၀ါရီလ(၆)ရက္ေန႔ ညပိုင္းက ထပ္မံေတြ႕ရွိရေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕နယ္ ဖန္မင္ေက်းရြာအုပ္စု၊ ၀မ္ေကာ့ေက်းရြာအနီးရွိ မယ္ဟုတ္ေခ်ာင္းစပ္တြင္ အမ်ဳိးသားအေလာင္း တစ္ေလာင္းေတြ႕ရွိေၾကာင္း သတင္းရရွိရာမွ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီး ထိန္၀င္းႏွင့္ ခရိုင္/ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔၀င္မ်ား အပါအ၀င္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက ဇန္န၀ါရီလ(၆)ရက္ေန႔ ညပိုင္းက သြားေရာက္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ သြားေရာက္ ၾကည့္ရႈ စစ္ေဆးရာတြင္ ဇန္န၀ါရီလ(၅)ရက္ေန႔ နံနက္ပိုင္းက လက္ထိပ္ ေနာက္ျပန္ခတ္၍ သတ္ခံထားရၿပီး ပုပ္ပြေနသည့္ အမည္မသိ အမ်ဳိးသားတစ္ဦး၏ အေလာင္းေတြ႕ရွိရသည့္ ေနရာအနီးတြင္ ျဖစ္ၿပီး ယခု ေသဆံုးသူမွာ မယ္ဟုတ္ေခ်ာင္းအစပ္ရွိ ၀ါးတိုင္မ်ားႏွင့္ၿငိကာ ေမွာက္လွ်က္အေနအထားျဖစ္ၿပီး ယာဘက္လက္တြင္ လက္ထိပ္ခတ္လွ်က္ျဖင့္ ဦးေခါင္းတြင္ ဒဏ္ရာျဖင့္ ေသဆံုးေနတာကို ေတြ႕ရွိရေၾကာင္းႏွင့္ ေသဆံုးသူမွာ ပုပ္ပြေနသည္ျဖစ္၍ မည္သူမည္၀ါျဖစ္မည္ကို မသိရွိရေၾကာင္း သိရသည္။
"ၿပီးခဲ့တဲ့ ရက္ကလည္း အဲ့ဒီေနရာအနီးမွာ လက္ထိပ္ေနာက္ျပန္ခတ္ၿပီး အသတ္ခံထားရတဲ့ အေလာင္းတစ္ေလာက္ ေတြ႕တယ္လို႔ သိရတယ္။ ေသဆံုးသူေတြ ဘယ္သူလဲဆိုတာေတာ့ မသိဘူး။ ရဲတပ္ဖြဲ႔ကေတာ့ စစ္ေဆးေနတာေတြ ေတြ႕ရတယ္"ဟု ေဒသခံတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရးအတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွဴး စခန္းမွဴး ဒုရဲမွဴး ထိန္လင္းက တရားလိုျပဳလုပ္ကာ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၆/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၂၀၁ျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရွိရသည္။
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကော့ကျေးရွာအနီးရှိ မယ်ဟုတ်ချောင်းစပ်တွင် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းရရှိရာမှ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်းနှင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဇန်နဝါရီလ(၆)ရက်နေ့ ညပိုင်းက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက် ကြည့်ရှု စစ်ဆေးရာတွင် ဇန်နဝါရီလ(၅)ရက်နေ့ နံနက်ပိုင်းက လက်ထိပ် နောက်ပြန်ခတ်၍ သတ်ခံထားရပြီး ပုပ်ပွနေသည့် အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိရသည့် နေရာအနီးတွင် ဖြစ်ပြီး ယခု သေဆုံးသူမှာ မယ်ဟုတ်ချောင်းအစပ်ရှိ ဝါးတိုင်များနှင့်ငြိကာ မှောက်လျှက်အနေအထားဖြစ်ပြီး ယာဘက်လက်တွင် လက်ထိပ်ခတ်လျှက်ဖြင့် ဦးခေါင်းတွင် ဒဏ်ရာဖြင့် သေဆုံးနေတာကို တွေ့ရှိရကြောင်းနှင့် သေဆုံးသူမှာ ပုပ်ပွနေသည်ဖြစ်၍ မည်သူမည်ဝါဖြစ်မည်ကို မသိရှိရကြောင်း သိရသည်။
"ပြီးခဲ့တဲ့ ရက်ကလည်း အဲ့ဒီနေရာအနီးမှာ လက်ထိပ်နောက်ပြန်ခတ်ပြီး အသတ်ခံထားရတဲ့ အလောင်းတစ်လောက် တွေ့တယ်လို့ သိရတယ်။ သေဆုံးသူတွေ ဘယ်သူလဲဆိုတာတော့ မသိဘူး။ ရဲတပ်ဖွဲ့ကတော့ စစ်ဆေးနေတာတွေ တွေ့ရတယ်"ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်မြို့မရဲစခန်းမှူး စခန်းမှူး ဒုရဲမှူး ထိန်လင်းက တရားလိုပြုလုပ်ကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း