ငါးအိုးေက်းရြာအုပ္စုအား ၿမိဳ႕ျပအဆင့္တိုးျမႇင့္ရန္ ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ အတည္ျပဳ

ငါးအိုးေက်းရြာအုပ္စုအား ၿမိဳ႕ျပအဆင့္တိုးျမႇင့္ရန္ ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ အတည္ျပဳ
ဇန်နဝါရီ 7, 2017
By Tachileik News Agency

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ စတုုတၳပံုမွန္အစည္းအေဝး ဒုတိယေန႔တြင္ မိုးမိတ္ခရိုင္ မဘိမ္းၿမိဳ႕နယ္ ငါးအိုးေက်းရြာအုပ္စုအား ၿမိဳ႕ျပအဆင့္သို႔ တိုးျမႇင့္ရန္ ကန္႔ကြက္သူမရိွ အတည္ျပဳလုိက္ေၾကာင္း သိရသည္။

“႐ွမ္းျပည္နယ္ေျမာက္ပိုင္း၊ မိုးမိတ္ခ႐ိုင္၊ မဘိမ္းၿမိဳ႕နယ္ ငါးအိုးေက်းရြာအုပ္စုသည္ လူဦးေရ မ်ားျပား လာသည့္အတြက္ ေဒသခံလူထု၏ ေတာင္းဆိုတင္ျပခ်က္အရ ေဒသခံျပည္သူလူထု အက်ဳိး ႐ွိလာေစရန္ ငါးအိုးေက်းရြာ အုပ္စုအား ၿမိဳ႕ျပအဆင့္သို႔ တိုးျမင့္ သတ္မွတ္ေပးပါရန္” အဆိုအား မဘိမ္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂) မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းမင္းသိန္းက အဆိုတင္သြင္းလုိက္ျခင္းျဖစ္သည္။

၎အဆိုအား ရပ္ေစာက္ၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္ (၁)မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္၊ မိုးမိတ္ၿမိဳ႕ မဲဆႏၵနယ္အမွတ္ (၁)မွ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚရီရီဝင္းတို႔က ေထာက္ခံေဆြးေႏြးၾကၿပီး ကန္႔ကြက္သူမရိွသျဖင့္ ႐ွမ္းျပည္နယ္ အစိုးရအဖြဲ႔႔မွ လံုၿခံဳ ေရး ႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး စိုးမိုးေအာင္က အတည္ျပဳ ေထာက္ခံေၾကာင္းေျပာဆိုၿပီး ၎အဆိုအား လႊတ္ေတာ္မွ အတည္ျပဳ လိုက္ျခင္းျဖစ္သည္။

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ စတုုတၳပံုမွန္အစည္းအေဝးမ်ားကို ဇန္နဝါရီလ (၅) ရက္ေန႔က စတင္က်င္းပေနျခင္းျဖစ္ၿပီး ဇန္နဝါရီလ (၆) ရက္ေန႔ ဒုတိယေန႔အစည္းအေဝးတြင္ ယင္းအဆိုအား အတည္ျပဳလိုက္ျခင္းျဖစ္သည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မိုးမိတ်ခရိုင် မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအုပ်စုအား မြို့ပြအဆင့်သို့ တိုးမြှင့်ရန် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း သိရသည်။

“ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအုပ်စုသည် လူဦးရေ များပြား လာသည့်အတွက် ဒေသခံလူထု၏ တောင်းဆိုတင်ပြချက်အရ ဒေသခံပြည်သူလူထု အကျိုး ရှိလာစေရန် ငါးအိုးကျေးရွာ အုပ်စုအား မြို့ပြအဆင့်သို့ တိုးမြင့် သတ်မှတ်ပေးပါရန်” အဆိုအား မဘိမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းသိန်းက အဆိုတင်သွင်းလိုက်ခြင်းဖြစ်သည်။

၎င်းအဆိုအား ရပ်စောက်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်၊ မိုးမိတ်မြို့ မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်းတို့က ထောက်ခံဆွေးနွေးကြပြီး ကန့်ကွက်သူမရှိသဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံ ရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်က အတည်ပြု ထောက်ခံကြောင်းပြောဆိုပြီး၎င်းအဆိုအား လွှတ်တော်မှ အတည်ပြု လိုက်ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးများကို ဇန်နဝါရီလ (၅) ရက်နေ့က စတင်ကျင်းပနခြေင်းဖြစ်ပြီး ဇန်နဝါရီလ (၆) ရက်နေ့ ဒုတိယနေ့အစည်းအဝေးတွင် ယင်းအဆိုအား အတည်ပြုလိုက်ခြင်းဖြစ်သည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~