(၂၅)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်အား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အားကစားကွင်းတွင် ဇန်န၀ါရီလ(၇)ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပကြောင်း သိရသည်။
အဆိုပါ နှစ်သစ်ကူးပွဲတော်တွင် လားဟူတိုင်းရင်းသားရိုးရာ ဘူးပလွေအက၊ မြေ၀ိုင်းအက၊ လားဟူခေတ်သစ်အက ပြိုင်ပွဲများပါဝင်ပြီး ညပိုင်းတွင်လည်း အကများဖြင့်ဖျော်ဖြေခြင်း၊ သီချင်းဆိုခြင်းများလည်း ပါဝင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
“ကျွန်တော်တို့ လားဟူတိုင်းရင်းသားများအနေနဲ့ နှစ်စဉ် နှစ်တိုင်းတော့ ဝမ်ပုံ(ပြည်သူ့စစ်)စခန်းမှာ (၁)ရက်တည်း ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ဒီနှစ်မှာ ပိုမိုစည်ကားအောင်ဆိုပြီးတော့ မြို့နယ် အားကစားကွင်းမှာ ပြုလုပ်တာပါ။ ဇန်နဝါရီလ(၅)ရက်နေ့ကနေ (၇)ရက်နေ့အထိ နိုင်ငံတော် အကြီးအကဲတွေ၊ ရပ်နီး ရပေ်ဝးမှ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လားဟူတိုင်းရင်းသားတွေကို ဖိတ်ကြားပြီးတော့ ကျင်းပပြုလုပ်တာဖြစ်ပါတယ်”ဟု မိုင်းဖြတ်မြို့နယ် လားဟူတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယက ဦးမောရှည် က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
အဆိုပါ နှစ်သစ်ကူးပွဲတော်တွင် လားဟူတိုင်းရင်းသားရိုးရာ ဘူးပလွေအက၊ မြေဝိုင်းအက၊ လားဟူခေတ်သစ်အက ပြိုင်ပွဲများပါဝင်ပြီး ညပိုင်းတွင်လည်း အကများဖြင့်ဖျော်ဖြခြေင်း၊ သီချင်းဆိုခြင်းများလည်း ပါဝင်ကြောင်း သိရသည်။
(၂၅)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေး၊ မိုင်းဖြတ်မြို့ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင်၊ မိုင်းဖြတ်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ တပ်မတော်အရာရှိများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ