ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဒာဟေ၀န်ပန်းခြံရှိ ကျောက်သားရင်ပြင်တွင် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို မိုးရွာသွန်းနေသော်လည်း သတ်မှတ်ချိန်တိုင်း ယနေ့ ဇန်န၀ါရီလ(၄)ရက်နေ့ နံနက်(၄)နာရီ မိနစ်(၂၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
သတင်း - ဆန်းဖြိုးထွန်း
Photo: Ko Thein Htaik
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံလူထုများ တက်ရောက် အလေးပြုခဲ့ကြပြီး ရာသီဥတုကောင်းမွန်ခြင်းမရှိဘဲ၊ မိုးရွာသွန်းနေသော်လည်း အခမ်းအနားအား သတ်မှတ်အချိန်တိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သတင်း - ဆန်းဖြိုးထွန်း
Photo: Ko Thein Htaik