လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု ပျားကနဲကျေးရွာတွင် ဇန်နဝါရီလ (၈) ရက် နေ့လယ် (၁)နာရီခန့်က နေအိမ်မီးဖိုခန်းမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်တစ်လုံး ဆုံးရှုံးသွားကြောင်း သိရသည်။
မီးလောင်မှုကို နာရီဝက်အတွင်း ငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရပြီး မီးလောင်ရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့်နေအိမ်ပိုင်ရှင် ဦးစောဖဲကေးအား အမှုဖွင့်ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း