ေက်ာက္မဲေဆးရံုတြင္ ဆရာ၀န္အင္အားနည္းသျဖင့္ ခြဲစိတ္လူနာမ်ား ေစာင့္ဆိုင္းေနရ

ေက်ာက္မဲေဆးရံုတြင္ ဆရာ၀န္အင္အားနည္းသျဖင့္ ခြဲစိတ္လူနာမ်ား ေစာင့္ဆိုင္းေနရ
ဇန်နဝါရီ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲ ျပည္သူ႔ေဆးရံုႀကီးတြင္ ဆရာဝန္အင္အား နည္းပါးေနျခင္းႏွင့္ ေနရာ အခက္အခဲေၾကာင့္ ခြဲစိတ္လူနာမ်ားျပားခ်ိန္တြင္ အခက္အခဲျဖစ္ေနရေၾကာင္း သိရသည္။

“ေလာေလာဆယ္ အေနအထားအရ လူနာႏွစ္ေယာက္ေလာက္ကိုပဲ တစ္ၿပိဳင္တည္းခြဲစိတ္လို႔ရမယ္ေလ။ အဓိကက ေဆးရံုက ကုတင္သာတိုးသြားတယ္။ အေဆာက္အဦက မခ်ဲ႕ထြင္ႏိုင္ဘူးဆိုေတာ့ ခဲြခန္းက ပံုစံမက်ဘူး။ ခြဲကုတင္ကလည္း ႏွစ္ခုပဲရွိတယ္။ ခြဲစိတ္ဆရာဝန္နဲ႔ ေမ့ေဆးဆရာဝန္ကလည္း တစ္ေယာက္စီပဲရွိတယ္။ ဒါေၾကာင့္မို႔လို႔ လူနာအေနအထားေပၚမူတည္ၿပီးေတာ့ ဦးစားေပးသင့္တာေပးၿပီး ခြဲစိတ္ေနရတဲ့အတြက္ တစ္ခါတေလမွာ ေစာင့္ဆိုင္းရတာမ်ိဳးေတြ ျဖစ္ရတာပါ”ဟု ေက်ာက္မဲၿမိဳ႕ျပည္သူ႔ ေဆးရံုႀကီးမွ ေဆးရံုအုပ္ႀကီးေဒါက္တာ ေအာင္ေအာင္က ေျပာသည္။

ေက်ာက္မဲျပည္သူ႔ေဆးရံုႀကီးရွိ ဖ်ားနာေဆာင္၊ အရိုးကုသေဆာင္၊ ခြဲစိတ္ေဆာင္၊ သားဖြားမီးယပ္ေဆာင္၊ ကေလးကုသေဆာင္ စသည့္အေဆာင္မ်ားတြင္ အထူးကုဆရာဝန္တစ္ဦးစီသာရွိၿပီး လက္ေထာက္ဆရာဝန္ (ေက်ာက္မဲ) ၂ ဦး ၊ ( လားရိႈး) ၁ ဦး စုစုေပါင္း (၃ ) ဦး၊ သူနာျပဳဝန္ထမ္း ၂၀ ေက်ာ္ႏွင့္ အကူဝန္ထမ္းမ်ား အပါအဝင္ စုစုေပါင္း တစ္ရာေက်ာ္ရွိေသာ္လည္း ကုတင္ ၁၅၀ ဆံ႔ အဆင့္ျဖစ္သည့္အတြက္ ဝန္ထမ္းအင္အား နည္းပါးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အရင္က အေနအထားထက္စာရင္ေတာ့ ေက်ာက္မဲျပည္သူ႔ေဆးရံုႀကီးက အမ်ားႀကီးေျပာင္းလဲလာပါတယ္။ အခုဆို အထူးကုဆရာဝန္ႀကီးေတြလည္းရွိလာၿပီ။ ေဆးကုသမႈအပိုင္းမွာလည္း ဂရုတစိုက္နဲ႔လုပ္ေပးတာကို ျမင္ရတယ္။ ဆက္ဆံေရးလည္း ေကာင္းမြန္ၾကပါတယ္။ ေဆးရံုဝန္ထမ္းအင္အား နည္းပါးေနတဲ့အတြက္ ျပည္သူေတြဖက္ကေနလည္း တခ်ိဳ႕အခက္အခဲေတြကို နားလည္ေပးဖို႔လုိုတယ္လို႔ ထင္ပါတယ္”ဟု ေက်ာက္မဲၿမိဳ့ရွိ အျဖဴေရာင္ႏွလံုးသားပရဟိတ လူမႈကူညီေရးအသင္းမွ အသင္းဥကၠဌ ဦးျမဝင္းက ေျပာသည္။

ယခင္က ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ ကေလးအထူးကု ဆရာဝန္ႏွင့္ ခြဲစိတ္ဆရာဝန္မ်ားမရွိခဲ့ျခင္းေၾကာင့္ လူနာမ်ားအတြက္ အခက္အခဲမ်ားရွိခဲ့ေသာ္လည္း လက္ရွိအေနအထားမွာ ယခင္ထက္ပိုမိုေကာင္းမြန္သည့္ အေနအထားျဖစ္လာေၾကာင္း သိရသည္။

“ကုတင္ ၁၅၀ ဆိုေတာ့ ကုတင္ ၂၀၀ လည္းမဟုတ္ ၁၀၀ လည္းမကအေနအထားမွာျဖစ္ေနတယ္။ ကုတင္ ၁၀၀ အဆင့္ကေန ကုတင္ပဲတိုးလာၿပီး ဝန္ထမ္းအင္အားက စံႏႈန္းထက္နည္းပါးေနတယ္။ ကုတင္ ၂၀၀ ဆိုရင္လည္း လူနာဦးေရအရ လုပ္ရမွာဆိုေတာ့ လိုအပ္ခ်က္ေတြကို တင္ျပထားတယ္။ ခက္တာက ဝန္ထမ္းက တိုင္းျပည္ရဲ႕ ေနရာတိုင္းမွာလိုေနတာဆိုေတာ့ ခ်က္ခ်င္းျဖည့္ဖို႔ အခက္အခဲျဖစ္တာေတြ ရွိေနတာေပါ့ “ဟု ေက်ာက္မဲ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီးက ဆိုသည္။

လက္ရိွတြင္ လူနာအေျခအေနအရ ဆရာဝန္ႏွင့္သူနာျပဳမ်ားမွာ နံနက္ (၇)နာရီမွ ည (၇)နာရီအထိ ဂ်ဴတီယူကာ လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်အင်အား နည်းပါးနခြေင်းနှင့် နေရာ အခက်အခဲကြောင့် ခွဲစိတ်လူနာများပြားချိန်တွင် အခက်အခဲဖြစ်နေရကြောင်း သိရသည်။

“လောလောဆယ် အနေအထားအရ လူနာနှစ်ယောက်လောက်ကိုပဲ တစ်ပြိုင်တည်းခွဲစိတ်လို့ရမယ်လေ။ အဓိကက ဆေးရုံက ကုတင်သာတိုးသွားတယ်။ အဆောက်အဦက မချဲ့ထွင်နိုင်ဘူးဆိုတော့ ခွဲခန်းက ပုံစံမကျဘူး။ ခွဲကုတင်ကလည်း နှစ်ခုပဲရှိတယ်။ ခွဲစိတ်ဆရာဝန်နဲ့ မေ့ဆေးဆရာဝန်ကလည်း တစ်ယောက်စီပဲရှိတယ်။ ဒါကြောင့်မို့လို့ လူနာအနေအထားပေါ်မူတည်ပြီးတော့ ဦးစားပေးသင့်တာပေးပြီး ခွဲစိတ်နေရတဲ့အတွက် တစ်ခါတလေမှာ စောင့်ဆိုင်းရတာမျိုးတွေ ဖြစ်ရတာပါ”ဟု ကျောက်မဲမြို့ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာ အောင်အောင်က ပြောသည်။

ကျောက်မဲပြည်သူ့ဆေးရုံကြီးရှိ ဖျားနာဆောင်၊ အရိုးကုသဆောင်၊ ခွဲစိတ်ဆောင်၊ သားဖွားမီးယပ်ဆောင်၊ ကလေးကုသဆောင် စသည့်အဆောင်များတွင် အထူးကုဆရာဝန်တစ်ဦးစီသာရှိပြီး လက်ထောက်ဆရာဝန် (ကျောက်မဲ) ၂ ဦး၊ ( လားရှိုး) ၁ ဦး စုစုပေါင်း (၃ ) ဦး၊ သူနာပြုဝန်ထမ်း ၂၀ ကျော်နှင့် အကူဝန်ထမ်းများ အပါအဝင် စုစုပေါင်း တစ်ရာကျော်ရှိသော်လည်း ကုတင် ၁၅၀ ဆံ့ အဆင့်ဖြစ်သည့်အတွက် ဝန်ထမ်းအင်အား နည်းပါးနခြေင်းဖြစ်ကြောင်း သိရသည်။

“အရင်က အနေအထားထက်စာရင်တော့ ကျောက်မဲပြည်သူ့ဆေးရုံကြီးက အများကြီးပြောင်းလဲလာပါတယ်။ အခုဆို အထူးကုဆရာဝန်ကြီးတွေလည်းရှိလာပြီ။ ဆေးကုသမှုအပိုင်းမှာလည်း ဂရုတစိုက်နဲ့လုပ်ပေးတာကို မြင်ရတယ်။ ဆက်ဆံရေးလည်း ကောင်းမွန်ကြပါတယ်။ ဆေးရုံဝန်ထမ်းအင်အား နည်းပါးနေတဲ့အတွက် ပြည်သူတွေဖက်ကနေလည်း တချို့အခက်အခဲတွေကို နားလည်ပေးဖို့လိုတယ်လို့ ထင်ပါတယ်”ဟု ကျောက်မဲမြို့ရှိ အဖြူရောင်နှလုံးသားပရဟိတ လူမှုကူညီရေးအသင်းမှ အသင်းဥက္ကဌ ဦးမြဝင်းက ပြောသည်။

ယခင်က ကျောက်မဲပြည်သူ့ဆေးရုံတွင် ကလေးအထူးကု ဆရာဝန်နှင့် ခွဲစိတ်ဆရာဝန်များမရှိခဲ့ခြင်းကြောင့် လူနာများအတွက် အခက်အခဲများရှိခဲ့သော်လည်း လက်ရှိအနေအထားမှာ ယခင်ထက်ပိုမိုကောင်းမွန်သည့် အနေအထားဖြစ်လာကြောင်း သိရသည်။

“ကုတင် ၁၅၀ ဆိုတော့ ကုတင် ၂၀၀ လည်းမဟုတ် ၁၀၀ လည်းမကအနေအထားမှာဖြစ်နေတယ်။ ကုတင် ၁၀၀ အဆင့်ကနေ ကုတင်ပဲတိုးလာပြီး ဝန်ထမ်းအင်အားက စံနှုန်းထက်နည်းပါးနေတယ်။ ကုတင် ၂၀၀ ဆိုရင်လည်း လူနာဦးရေအရ လုပ်ရမှာဆိုတော့ လိုအပ်ချက်တွေကို တင်ပြထားတယ်။ ခက်တာက ဝန်ထမ်းက တိုင်းပြည်ရဲ့ နေရာတိုင်းမှာလိုနေတာဆိုတော့ ချက်ချင်းဖြည့်ဖို့ အခက်အခဲဖြစ်တာတွေ ရှိနေတာပေါ့ “ဟု ကျောက်မဲ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးက ဆိုသည်။

လက်ရှိတွင် လူနာအခြေအနေအရ ဆရာဝန်နှင့်သူနာပြုများမှာ နံနက် (၇)နာရီမှ ည (၇)နာရီအထိ ဂျူတီယူကာ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~