ထား၀ယ္ၿမဳိ႕တြင္ ခရီးသြားမ်ားအတြက္ ဧည့္လမ္းညြန္စင္တာ ဖြင့္လွစ္သြားမည္

ထား၀ယ္ၿမဳိ႕တြင္ ခရီးသြားမ်ားအတြက္ ဧည့္လမ္းညြန္စင္တာ ဖြင့္လွစ္သြားမည္
ဇန်နဝါရီ 18, 2017
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး ထား၀ယ္ၿမိဳ႕တြင္ ျပည္တြင္း၊ ျပည္ပခရီးသြားဧည့္သည္မ်ား သတင္း အခ်က္အလက္မ်ား ရယူႏိုင္ရန္ ဧည့္လမ္းညြန္စင္တာ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ထား၀ယ္ ဧည့္လမ္းညြန္မ်ား အသင္းထံမွ သိရသည္။

“စင္တာဖြင့္ရင္ ဒီကိုလာတဲ့ ခရီးသြား ဧည့္သည္ေတြက စင္တာမွာ ထား၀ယ္ၿမိဳ႕နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ လာေရာက္စုံစမ္းႏိုင္တယ္။ ဒီလိုဖြင့္လိုက္ ျခင္းအားျဖင့္ ဒီမွာရွိတဲ့ ဧည့္လမ္းညႊန္ေတြလည္း အလုပ္အကိုင္ အခြင့္အလမ္းမ်ားလာမယ္။ ခရီးသြားဧည့္သည္ေတြလည္း မ်ားလာမယ္”ဟု ထား၀ယ္ ဧည့္လမ္းညြန္အသင္း ဥကၠဌ ဦးသိန္းထုိက္က ေျပာသည္။

ေဒသသုိ႔ လာေရာက္သည့္ ျပည္ခရီးသြားမ်ားအေနျဖင့္ ဧည့္လမ္းညႊန္စင္တာတြင္ ဟုိတယ္၊ စားေသာက္ဆုိင္ႏွင့္ ယာဥ္ငွားရမ္းမႈ အစရွိေသာ ခရီးသြားႏွင့္သက္ဆုိင္သည့္ သတင္း အခ်က္အလက္မ်ားကုိ ရယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

 “ဧည့္လမ္းညြန္ စင္တာမွာ ခရီးသြားလုပ္ငန္းေတြနဲ႔ ခ်ိတ္ဆက္ႏုိင္ဖုိ႔ လြယ္ကူလာမယ္။ စင္တာရွိ လာမယ္ ဆုိရင္ေတာ့ ေဒသခံ ဧည့္လမ္းညြန္ေတြ အတြက္လည္း အလုပ္အကုိင္ အခြင့္အလမ္း ပုိရလာ ႏုိင္မွာျဖစ္တယ္။ အခုဆိုရင္ ဒီေဒသကို ခရီးသြားေတြက အရမ္းကိုစိတ္၀င္စားမႈရွိလာၾကတယ္” ဟု ေဒသခံဧည့္လမ္းညြန္တစ္ဦးက ေျပာသည္။

ထား၀ယ္ ဧည့္လမ္းညြန္စင္တာကုိ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ မတုိင္မီဖြင့္လွစ္ သြားႏုိင္ရန္ေမ်ွာ္မွန္းထားျပီး ထား၀ယ္ ဧည့္လမ္းညြန္မ်ားအသင္းကုိ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လတြင္ ထား၀ယ္ေဒသအတြင္းေနထုိင္ေသာ ဧည့္လမ္းညႊန္မ်ား ျဖင့္ဖြဲ႕စည္းထားရာ အသင္းသားဦးေရ(၆၀)၀န္းက်င္ရွိေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္

~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ သတင်း အချက်အလက်များ ရယူနိုင်ရန် ဧည့်လမ်းညွန်စင်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထားဝယ် ဧည့်လမ်းညွန်များ အသင်းထံမှ သိရသည်။

“စင်တာဖွင့်ရင် ဒီကိုလာတဲ့ ခရီးသွား ဧည့်သည်တွေက စင်တာမှာ ထားဝယ်မြို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လာရောက်စုံစမ်းနိုင်တယ်။ ဒီလိုဖွင့်လိုက် ခြင်းအားဖြင့် ဒီမှာရှိတဲ့ ဧည့်လမ်းညွှန်တွေလည်း အလုပ်အကိုင် အခွင့်အလမ်းများလာမယ်။ ခရီးသွားဧည့်သည်တွေလည်း များလာမယ်”ဟု ထားဝယ် ဧည့်လမ်းညွန်အသင်း ဥက္ကဌ ဦးသိန်းထိုက်က ပြောသည်။

ဒေသသို့ လာရောက်သည့် ပြည်ခရီးသွားများအနဖြေင့် ဧည့်လမ်းညွှန်စင်တာတွင် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ယာဉ်ငှါးရမ်းမှု အစရှိသော ခရီးသွားနှင့်သက်ဆိုင်သည့် သတင်း အချက်အလက်များကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 “ဧည့်လမ်းညွန် စင်တာမှာ ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့ လွယ်ကူလာမယ်။ စင်တာရှိ လာမယ် ဆိုရင်တော့ ဒေသခံ ဧည့်လမ်းညွန်တွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း ပိုရလာ နိုင်မှာဖြစ်တယ်။ အခုဆိုရင် ဒီဒေသကို ခရီးသွားတွေက အရမ်းကိုစိတ်ဝင်စားမှုရှိလာကြတယ်” ဟု ဒေသခံဧည့်လမ်းညွန်တစ်ဦးက ပြောသည်။

ထားဝယ် ဧည့်လမ်းညွန်စင်တာကို ၂၀၁၇ ခုနှစ် သြဂုတ်လ မတိုင်မီဖွင့်လှစ် သွားနိုင်ရန်မျှော်မှန်းထားပြီး ထားဝယ် ဧည့်လမ်းညွန်များအသင်းကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ထားဝယ်ဒေသအတွင်းနေထိုင်သော ဧည့်လမ်းညွှန်များ ဖြင့်ဖွဲ့စည်းထားရာ အသင်းသားဦးရေ(၆၀)ဝန်းကျင်ရှိကြောင်း သိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~