ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၂ ခု ဖြေကြားမည်

ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၂ ခု ဖြေကြားမည်
ဇနျနဝါရီ 5, 2017
By Tachileik News Agency

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးအား ဇန်နဝါရီလ (၅)ရက်နေ့က စတင်ကျင်းပနေရာ ကြယ်ပွင့်ပြမေးခွန်း (၁၂)ခုအား သက်ဆိုင်ရာဌာနများက ဖြေကြားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၆ -၂၀၁၇ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား ရှမ်းပြည်နယ် လွှတ်တော်တွင် တင်သွင်းခြင်းနှင့် အဆိုပါ ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ရန်ကြေညာခြင်း၊ ရှမ်းပြည်နယ် ယစ်မျိုးခွန်ကောက်ခံရေးဥပဒေ(မူကြမ်း)အားတင်သွင်းခြင်း၊ မဘိမ်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ကိုယ်စားလှယ်၏ အဆိုတင်သွင်းခြင်းအား ဆွေးနွေးရန်သင့်/မသင့် အဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း သိရသည်။

စတုတ္ထပုံမှန်အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် (၁၁၇) ဦး တက်ရောက်ဆွေးနွေးနေပြီး (၁၈) ဦးခွင့်ယူထားကြောင်း သိရသည်။

သတင်း - နိုနို


~~~~~~~~⊰❂ unicode ~~~~~~~~

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးအား ဇန်နဝါရီလ (၅)ရက်နေ့က စတင်ကျင်းပနေရာ ကြယ်ပွင့်ပြမေးခွန်း (၁၂)ခုအား သက်ဆိုင်ရာဌာနများက ဖြကြေားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၆ -၂၀၁၇ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒကြေမ်းအား ရှမ်းပြည်နယ် လွှတ်တော်တွင် တင်သွင်းခြင်းနှင့် အဆိုပါ ဥပဒကြေမ်းအား ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ရန်ကြေညာခြင်း၊ ရှမ်းပြည်နယ် ယစ်မျိုးခွန်ကောက်ခံရေးဥပဒေ(မူကြမ်း)အားတင်သွင်းခြင်း၊ မဘိမ်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ကိုယ်စားလှယ်၏ အဆိုတင်သွင်းခြင်းအား ဆွေးနွေးရန်သင့်/မသင့် အဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း သိရသည်။

စတုတ္ထပုံမှန်အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် (၁၁၇) ဦး တက်ရောက်ဆွေးနွေးနပြေီး (၁၈) ဦးခွင့်ယူထားကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~