ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ နမ့္ယြန္းေက်းရြာအုပ္စု၊ ၀မ္ပံုျပည္သူ႔စစ္ စခန္းတြင္ လားဟူတိုင္းရင္းသား႐ိုးရာ ဂ်င္ေပါက္ၿပိဳင္ပြဲကို ပထထမဆံုးအႀကိမ္ က်င္းပေၾကာင္း သိရသည္။
“ကြ်န္ေတာ္တို႔ လားဟူတိုင္းရင္းသား႐ိုးရာျဖစ္တဲ့ ဒီဂ်င္ေပါက္ၿပိဳင္ပြဲကို မိုင္းျဖတ္ၿမိဳ႕နယ္မွာ ပထမဆံုးအႀကိမ္ က်င္းပတာပါ။ အဖြဲ႔လိုက္ၿပိဳင္ၾကတာဆိုေတာ့ ေပ်ာ္စရာလည္းေကာင္းပါတယ္“ ဟု ၿပိဳင္ပြဲအား စီစဥ္ေဆာင္ရြက္ေပးသူ ဦးေယာဟန္က ေျပာသည္။
ဇန္န၀ါရီလ(၃)ရက္ေန႔ ေန႔လည္(၁၁း၀၀)အခ်ိန္တြင္က်င္းပခဲ့သည့္ အဆိုပါ ဂ်င္ေပါက္ကစားနည္းသည္ အသင္း(၁)သင္းလွ်င္ လူ(၁၀)ဦးပါ၀င္ကစားၿပီး တစ္ဖြဲ႔က ဂ်င္ကိုလွည့္ေပးၿပီး က်န္တစ္ဖြဲ႔က လည္ေနေသာဂ်င္အား ထိေအာင္ပစ္ရျခင္း ျဖစ္သည္။
ပထမစည္း(၇)ေပတြင္ ထိပါက (၁၀)မွတ္၊ ဒုတိယစည္း(၁၀)ေပတြင္ ထိပါက (၂၀)မွတ္၊ တတိယစည္း(၁၃)ေပတြင္ထိပါက (၃၀)မွတ္ ေပးၿပီး တစ္သင္းနဲ႔ တစ္သင္းအျပန္အလွန္ အမွတ္ေပးစနစ္ျဖင့္ ကစားရသည့္ ႐ိုးရာဂ်င္ေပါက္ၿပိဳင္ပြဲတစ္ခုျဖစ္ေၾကာင္း သိရသည္။
“ဒီ ဂ်င္ေပါက္ကစားနည္းကို ကၽြန္ေတာ္တို႔တိုင္းရင္းသားေတြက ငယ္ငယ္ကတည္းက ကစားၾကတာပါ။ တစ္ဖက္နဲ႔ တစ္ဖက္ အၿပိဳင္အဆိုင္ကစား ရတာဆုိေတာ့ ေပ်ာ္စရာလည္းအရမ္းေကာင္းပါတယ္” ဟု ဂ်င္ေပါက္ကစားသမားတစ္ဦးက ေျပာသည္။
၎ၿပိဳင္ပြဲတြင္ အသင္း(၈)သင္း ပါ၀င္ယွဥ္ၿပိဳင္ၾကၿပီး ပထမဆုအျဖစ္ က်ပ္ငါးသိန္း၊ ဒုတိယဆုအျဖစ္ က်ပ္သံုးသိန္း၊ တတိယဆုအျဖစ္ က်ပ္ႏွစ္သိန္း ခ်ီးျမွင့္ရာပထမဆုကို နမ့္ယြန္းေက်းရြာ အသင္းမွ လည္းေကာင္း၊ ဒုတိယဆုကို တာေက်ာက္ေက်းရြာ အသင္းမွ လည္းေကာင္း၊ တတိယဆုကို ၀မ္ေဟြရပ္ကြက္ အသင္းမွလည္းေကာင္း အသီးသီးရ႐ွိသြားေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ကိုသာ
“ကျွန်တော်တို့ လားဟူတိုင်းရင်းသားရိုးရာဖြစ်တဲ့ ဒီဂျင်ပေါက်ပြိုင်ပွဲကို မိုင်းဖြတ်မြို့နယ်မှာ ပထမဆုံးအကြိမ် ကျင်းပတာပါ။ အဖွဲ့လိုက်ပြိုင်ကြတာဆိုတော့ ပျော်စရာလည်းကောင်းပါတယ်“ ဟု ပြိုင်ပွဲအား စီစဉ်ဆောင်ရွက်ပေးသူ ဦးယောဟန်က ပြောသည်။
ဇန်နဝါရီလ(၃)ရက်နေ့ နေ့လည်(၁၁းဝဝ)အချိန်တွင်ကျင်းပခဲ့သည့် အဆိုပါ ဂျင်ပေါက်ကစားနည်းသည် အသင်း(၁)သင်းလျှင် လူ(၁၀)ဦးပါဝင်ကစားပြီး တစ်ဖွဲ့က ဂျင်ကိုလှည့်ပေးပြီး ကျန်တစ်ဖွဲ့က လည်နေသောဂျင်အား ထိအောင်ပစ်ရခြင်း ဖြစ်သည်။
ပထမစည်း(၇)ပေတွင် ထိပါက (၁၀)မှတ်၊ ဒုတိယစည်း(၁၀)ပေတွင် ထိပါက (၂၀)မှတ်၊ တတိယစည်း(၁၃)ပေတွင်ထိပါက (၃၀)မှတ် ပေးပြီး တစ်သင်းနဲ့ တစ်သင်းအပြန်အလှန် အမှတ်ပေးစနစ်ဖြင့် ကစားရသည့် ရိုးရာဂျင်ပေါက်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။
“ဒီ ဂျင်ပေါက်ကစားနည်းကို ကျွန်တော်တို့တိုင်းရင်းသားတွေက ငယ်ငယ်ကတည်းက ကစားကြတာပါ။ တစ်ဖက်နဲ့ တစ်ဖက် အပြိုင်အဆိုင်ကစား ရတာဆိုတော့ ပျော်စရာလည်းအရမ်းကောင်းပါတယ်” ဟု ဂျင်ပေါက်ကစားသမားတစ်ဦးက ပြောသည်။
၎င်းပြိုင်ပွဲတွင် အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆုအဖြစ် ကျပ်ငါးသိန်း၊ ဒုတိယဆုအဖြစ် ကျပ်သုံးသိန်း၊ တတိယဆုအဖြစ် ကျပ်နှစ်သိန်း ချီးမြှင့်ရာပထမဆုကို နမ့်ယွန်းကျေးရွာ အသင်းမှ လည်းကောင်း၊ ဒုတိယဆုကို တာကျောက်ကျေးရွာ အသင်းမှ လည်းကောင်း၊ တတိယဆုကို ဝမ်ဟွေရပ်ကွက် အသင်းမှလည်းကောင်း အသီးသီးရရှိသွားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ