ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတြင္ မၾကာခဏ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ လက္ဖက္ခူး လုပ္သားမ်ား လာေရာက္မႈ မရွိေတာ့ဘဲ လက္ဖက္လုပ္ငန္းမ်ား ဆံုးရႈံးေနရေၾကာင္း သိရသည္။
“ခါတိုင္းဆို ခူးသား (၁၀)ေယာက္ေလာက္ တက္ရတဲ့လုပ္ငန္းတစ္ခုမွာ အခုလုပ္သားကတစ္ေယာက္မွ မတက္ လာေတာ့ လက္ဖက္ၿခံပိုင္ရွင္ကိုယ္တိုင္ပဲ ကိုယ့္မိသားစုဝင္ေတြနဲ႔ ရသေလာက္လုပ္ရတယ္။ ပံုမွန္ထြက္ကုန္ ရဲ့ ၄ ပံု ၃ ပံုေလာက္ကဆံုးရႈံုးေနရတယ္ “ဟု ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္ရြာမ ေက်းရြာမွ လက္ဖက္ၿခံ စိုက္ပ်ိဳးေရးလုပ္ငန္းလုပ္ကိုင္သူ စိုင္းေမာင္က ေျပာသည္။
ေတာင္ေပၚေဒသ၏ အဓိကစီးပြားေရးလုပ္ငန္းျဖစ္ေသာ လက္ဖက္ၿခံစိုက္ပ်ိဳးမႈလုပ္ငန္းတြင္ လူအင္အားအသံုးျပဳ ၍လုပ္ကိုင္ရျခင္းျဖစ္ေသာေၾကာင့္ အျခားေဒသမွ ၿခံလုပ္သားလာေရာက္မႈမရွိေတာ့ျခင္းမွာ လက္ဖက္လုပ္ငန္း အားမ်ားစြာထိခိုက္နစ္နာေစေၾကာင္း လက္ဖက္ၿခံလုပ္ငန္းရွင္တို႔က ဆိုသည္။
၂၀၁၆ ခုႏွစ္ ေဖေဖၚဝါရီလမွ စတင္ကာ ေဒသတြင္း တိုင္းရင္းသားတပ္မ်ား အခ်င္းခ်င္းတိုက္ပြဲမ်ား၊ တပ္မေတာ္ႏွင့္ ျဖစ္ပြားသည့္တိုက္ပြဲမ်ားမွာ မၾကာခဏ ေနရာအႏွ႔ံျဖစ္ေပၚေနသည့္အတြက္ ေဒသခံမ်ားမွာ အျခားၿမိဳ့ရြာမ်ားသို႔ ေျပာင္းေရႊ႕ေနထိုင္ရျခင္းမ်ားလည္းရိွေနရာ ေဒသတြင္း လက္ဖက္လုပ္ငန္းတြင္ လုပ္ကိုင္မည့္သူနည္းသြားေၾကာင္း သိရသည္။
“လက္ဖက္ကက်ေတာ့ အခ်ိန္နဲ႔အလုပ္လုပ္ရတာ။ ခူးရမယ့္အခ်ိန္မွာ မခူးႏိုင္ရင္ အရြက္ေတြရင့္သြားတယ္။ ေနာက္တစ္ႀကိမ္ အရြက္ႏုထြက္တဲ့အခ်ိန္က်ရင္လည္း ေကာင္းေကာင္းမထြက္ေတာ့ဘူး။ အရည္ အေသြးလည္း က်သြားတယ္။ အဲဒီလိုဆိုေတာ့ ေစ်းက်တာရယ္၊ အထြက္ႏႈန္းက်တာရယ္နဲ႔ ဘယ္လိုမွအဆင္မေျပေတာ့ဘူး။ အရမ္းဆံုးရံႈးရတယ္။ အဓိကကေတာ့ နယ္ေျမေအးခ်မ္းေစခ်င္တယ္။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းျဖစ္ေစခ်င္တယ္။ အျမန္ၿငိမ္းခ်မ္းေစဖို႔လည္း ေတာင္းဆိုခ်င္ပါတယ္”ဟု လက္ဖက္စိုက္ပ်ိဳးေရး လုပ္ငန္းလုပ္ကိုင္သူ လုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။
လက္ဖက္ခူးသူမရွိေတာ့ျခင္းေၾကာင့္ လက္ဖက္အထြက္ႏႈန္းေလ်ာ့က်သြားသည့္အတြက္ ၿမိဳ႕ေပၚပဲြရံုမ်ားမွ ႀကိဳတင္ေငြရယူထားသည့္ လက္ဖက္ၿခံလုပ္ငန္းရွင္အခ်ိဳ႕မွာလည္း အေၾကြးျဖင့္ လည္ပတ္ေနရသည္မ်ားလည္း ရွိေနေၾကာင္း သိရွိရသည္။
“လာမယ့္လက္ဖက္ရာသီမွာေတာ့ နယ္ေျမၿငိမ္းခ်မ္းေစခ်င္တယ္။ ဒါမွလက္ဖက္ၿခံလုပ္ငန္းကို အရင္လို ေကာင္းေကာင္းမြန္မြန္လုပ္ႏိုင္မယ္ေလ။ အျမန္ၿငိမ္းခ်မ္းေစဖို႔ပဲ ဆုေတာင္းပါတယ္။ စစ္ေဘးေရွာင္ေနရတာ ေတြကိုလည္းထပ္မျမင္ခ်င္ေတာ့ပါဘူး “ဟု လက္ဖက္ၿခံလုပ္ငန္း လုပ္ကိုင္သူ ဦးစိုင္းဆာ ကေျပာသည္။
လတ္တေလာတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း လက္ဖက္ေစ်းကြက္တြင္ လက္ဖက္အစို(အၾကမ္း)တစ္ပိသာ ၂၄၀၀ က်ပ္၊ အစို (ႏွပ္ၿပီး-အသင့္စား)တစ္ပိသာ ၄၀၀၀ က်ပ္ ႏွင့္ လက္ဖက္အေျခာက္(အေကာင္းစား) တစ္ပိသာ ၈၀၀၀ က်ပ္ ဝန္းက်င္ ေစ်းႏႈန္းရွိေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
“ခါတိုင်းဆို ခူးသား (၁၀)ယောက်လောက် တက်ရတဲ့လုပ်ငန်းတစ်ခုမှာ အခုလုပ်သားကတစ်ယောက်မှ မတက် လာတော့ လက်ဖက်ခြံပိုင်ရှင်ကိုယ်တိုင်ပဲ ကိုယ့်မိသားစုဝင်တွေနဲ့ ရသလောက်လုပ်ရတယ်။ ပုံမှန်ထွက်ကုန် ရဲ့ ၄ ပုံ ၃ ပုံလောက်ကဆုံးရှုံးနေရတယ် “ဟု ကျောက်မဲမြို့နယ် တော့ဆန်ရွာမ ကျေးရွာမှ လက်ဖက်ခြံ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ စိုင်းမောင်က ပြောသည်။
တောင်ပေါ်ဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော လက်ဖက်ခြံစိုက်ပျိုးမှုလုပ်ငန်းတွင် လူအင်အားအသုံးပြု၍လုပ်ကိုင်ရခြင်းဖြစ်သောကြောင့် အခြားဒေသမှ ခြံလုပ်သားလာရောက်မှုမရှိတော့ခြင်းမှာ လက်ဖက်လုပ်ငန်း အားများစွာထိခိုက်နစ်နာစေကြောင်း လက်ဖက်ခြံလုပ်ငန်းရှင်တို့က ဆိုသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ဒေသတွင်း တိုင်းရင်းသားတပ်များ အချင်းချင်းတိုက်ပွဲများ၊ တပ်မတော်နှင့် ဖြစ်ပွားသည့်တိုက်ပွဲများမှာ မကြာခဏ နေရာအနှံ့ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများမှာ အခြားမြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်ရခြင်းများလည်းရှိနေရာ ဒေသတွင်း လက်ဖက်လုပ်ငန်းတွင် လုပ်ကိုင်မည့်သူနည်းသွားကြောင်း သိရသည်။
“လက်ဖက်ကကျတော့ အချိန်နဲ့အလုပ်လုပ်ရတာ။ ခူးရမယ့်အချိန်မှာ မခူးနိုင်ရင် အရွက်တွေရင့်သွားတယ်။ နောက်တစ်ကြိမ် အရွက်နုထွက်တဲ့အချိန်ကျရင်လည်း ကောင်းကောင်းမထွက်တော့ဘူး။ အရည် အသွေးလည်း ကျသွားတယ်။ အဲဒီလိုဆိုတော့ ဈေးကျတာရယ်၊ အထွက်နှုန်းကျတာရယ်နဲ့ ဘယ်လိုမှအဆင်မပြေတော့ဘူး။ အရမ်းဆုံးရှုံးရတယ်။ အဓိကကတော့ နယ်မြေအေးချမ်းစေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်တယ်။ အမြန်ငြိမ်းချမ်းစေဖို့လည်း တောင်းဆိုချင်ပါတယ်”ဟု လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
လက်ဖက်ခူးသူမရှိတော့ခြင်းကြောင့် လက်ဖက်အထွက်နှုန်းလျော့ကျသွားသည့်အတွက် မြို့ပေါ်ပွဲရုံများမှ ကြိုတင်ငွေရယူထားသည့် လက်ဖက်ခြံလုပ်ငန်းရှင်အချို့မှာလည်း အကြွေးဖြင့် လည်ပတ်နေရသည်များလည်း ရှိနေကြောင်း သိရှိရသည်။
“လာမယ့်လက်ဖက်ရာသီမှာတော့ နယ်မြငြေိမ်းချမ်းစေချင်တယ်။ ဒါမှလက်ဖက်ခြံလုပ်ငန်းကို အရင်လို ကောင်းကောင်းမွန်မွန်လုပ်နိုင်မယ်လေ။ အမြန်ငြိမ်းချမ်းစေဖို့ပဲ ဆုတောင်းပါတယ်။ စစ်ဘေးရှောင်နေရတာ တွေကိုလည်းထပ်မမြင်ချင်တော့ပါဘူး “ဟု လက်ဖက်ခြံလုပ်ငန်း လုပ်ကိုင်သူ ဦးစိုင်းဆာ ကပြောသည်။
လတ်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လက်ဖက်ဈေးကွက်တွင် လက်ဖက်အစို(အကြမ်း)တစ်ပိသာ ၂၄၀၀ ကျပ်၊ အစို (နှပ်ပြီး-အသင့်စား)တစ်ပိသာ ၄၀၀၀ ကျပ် နှင့် လက်ဖက်အခြောက်(အကောင်းစား) တစ်ပိသာ ၈၀၀၀ ကျပ် ဝန်းကျင် ဈေးနှုန်းရှိကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်