ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံခရိုင်၊ လွိုင်မွေမြို့တွင် ယခုကာလသည် ချယ်ရီပွင့်ချိန် ကာလဖြစ်၍ Green live's လွိုင်မွေ အဖွဲ့မှ လွိုင်မွေမြို့၏ အလှ ချယ်ရီပန်းများကို လုံးဝမခူးစေရေး နှင့် သဘာဝ ပတ်ဝန်းကျင် သာယာလှပရေးအတွက် စနစ်တကျ အမှိုက်စွန့်ပစ်ရေးအဖြစ် ဇန်န၀ါရီလ(၄)ရက်နေ့က သတိပေး ပိုစတာများ သွားရောက်ကပ်ထားရှိကြောင်း သိရသည်။
လွိုင်မွေမြို့သို့ လာရောက်လည်ပတ်သူ အချို့မှ စားကြွင်းစားကျန်များ၊ အမှိုက်များအား နှစ်တစ်ရာအိမ်ကြီးအနီးနှင့် ချယ်ရီပန်းပင်များအနီးတွင် စွန့်ပစ်ထားခဲ့ခြင်းနှင့် ချယ်ရီပန်းပင်များ ခူးယူချိုးဖဲ့မှုများ ပြုလုပ်ခြင်းများကြောင်း ယခုလို အသိပေး ဆိုင်းဘုတ်များ ကပ်ထားရခြင်း ဖြစ်ကြောင်း သိရသည်။
Green live's လွိုင်မွေ အဖွဲ့မှ လွိုင်မွေမြို့သာယာလှပရေး နှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေးအပြင် ချယ်ရီပန်းများ သဘာဝအတိုင်း လှပစေရေးအတွက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရသည်။
"မနေ့က(ဇန်နဝါရီလ ၄ ရက်) မိုးထဲလေထဲမှာ လွိုင်မွေချယ်ရီပန်းတွေ မခူးဖို့ နဲ့ အမှိုက်တွေကို စနစ်တကျပစ်ဖို့ ဗီနိုင်းတွေ ကပ်ခဲ့တယ်၊ ရာသီဥတုဆိုးဝါးလွန်းတာကြောင့် နေရာအစုံတော့ မကပ်နိုင်ခဲ့ဘူး.."ဟု Green live's လွိုင်မွေ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
လွိုင်မွမြေို့သို့ လာရောက်လည်ပတ်သူ အချို့မှ စားကြွင်းစားကျန်များ၊ အမှိုက်များအား နှစ်တစ်ရာအိမ်ကြီးအနီးနှင့် ချယ်ရီပန်းပင်များအနီးတွင် စွန့်ပစ်ထားခဲ့ခြင်းနှင့် ချယ်ရီပန်းပင်များ ခူးယူချိုးဖဲ့မှုများ ပြုလုပ်ခြင်းများကြောင်း ယခုလို အသိပေး ဆိုင်းဘုတ်များ ကပ်ထားရခြင်း ဖြစ်ကြောင်း သိရသည်။
Green live's လွိုင်မွေ အဖွဲ့မှ လွိုင်မွမြေို့သာယာလှပရေး နှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေးအပြင် ချယ်ရီပန်းများ သဘာဝအတိုင်း လှပစေရေးအတွက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - Green live's လွိုင်မွေ