(၆၉)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ သ၀ဏ္လႊာဖတ္ၾကား အခမ္းအနား ေအာင္ျမတ္ခန္းမတြင္ က်င္းပ

(၆၉)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ သ၀ဏ္လႊာဖတ္ၾကား အခမ္းအနား ေအာင္ျမတ္ခန္းမတြင္ က်င္းပ
ဇန်နဝါရီ 4, 2017
By Tachileik News Agency

ယေန႔ ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၄)ရက္တြင္ က်ေရာက္ေသာ (၆၉)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ ႏိုင္ငံေတာ္အလံတင္ျခင္းႏွင့္ ႏိုင္ငံေတာ္အလံအား အေလးျပဳျခင္း အခမ္းအနားကို နံနက္ (၄း၂၀)နာရီအခ်ိန္က တာခ်ီလိတ္ၿမိဳ႕နယ္ ဘုရင့္ေနာင္ရင္ျပင္တြင္ က်င္းပျပဳလုပ္ၿပီး နံနက္(၇)နာရီ အခ်ိန္တြင္ ျပည္သူလူထုပါ၀င္သည့္ အဖြဲ႔မွ စုေပါင္း အေလးျပဳျခင္း ႏွင့္ သ၀ဏ္လႊာ ဖတ္ၾကားျခင္း အစီအစဥ္ကို ရာသီဥတုအေျခအေၾကာင့္ ေအာင္ျမတ္ခန္းမတြင္ ေျပာင္းေရြ႕က်င္းပျပဳလုပ္သည္။

အခမ္းအနား၏ အေလးျပဳျခင္း အစီအစဥ္ၿပီးသည့္ေနာက္တြင္ ႏိုင္ငံေတာ္သမၼတထံမွေပးပို႔ေသာ (၆၉)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ သ၀ဏ္လႊာကို တာခ်ီလိတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ဖတ္ၾကားသည္။

တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမ၌ က်င္းပျပဳလုပ္သည့္ အေလးျပဳျခင္းႏွင့္ ႏိုင္ငံေတာ္ သမၼတ၏ သ၀ဏ္လႊာ ဖတ္ၾကားျခင္း အခမ္းအနားသို႔ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ စစ္ဗ်ဴဟာအဖဲြ႔(အေျခခ်) တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေက်ာ္ကုိထုိက္၊ တာခ်ီလိတ္ခရုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ တာခ်ီလိတ္ၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ဌာနဆုိင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ တိုင္းရင္းသား ယဥ္ေက်းမႈ အသင္းအဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ား ႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။

ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ယနေ့ ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၄)ရက်တွင် ကျရောက်သော (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်အလံအား အလေးပြုခြင်း အခမ်းအနားကို နံနက် (၄း၂၀)နာရီအချိန်က တာချီလိတ်မြို့ ဘုရင့်နောင်ရင်ပြင်တွင် ကျင်းပပြုလုပ်ပြီး နံနက်(၇)နာရီ အချိန်တွင် ပြည်သူလူထုပါဝင်သည့် အဖွဲ့မှ စုပေါင်း အလေးပြုခြင်း နှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အစီအစဉ်ကို ရာသီဥတုအခြေအကြောင့် အောင်မြတ်ခန်းမတွင် ပြောင်းရွေ့ကျင်းပပြုလုပ်သည်။

အခမ်းအနား၏ အလေးပြုခြင်း အစီအစဉ်ပြီးသည့်နောက်တွင် နိုင်ငံတော်သမ္မတထံမှပေးပို့သော (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဖတ်ကြားသည်။

တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် အလေးပြုခြင်းနှင့် နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~