ရွမ္းျပည္နယ္(အေ႐ွ႕ပိုင္း)၊ မုိင္းျဖတ္ၿမိဳ႕အေျခခံပညာအထက္တန္းေက်ာင္းတြင္ ၂၀၁၆- ၂၀၁၇ ပညာသင္ႏွစ္ ဘက္စံုထူးခၽြန္ ေက်ာင္းသား ခ႐ိုင္အဆင့္ယွဥ္ၿပိဳင္ပြဲကို ဇန္န၀ါရီ လ(၁၂)ရက္ေန႔ တြင္ စတင္က်င္းပေၾကာင္း သိရသည္။
“ကြ်န္ေတာ္တုိ႔ ပညာေရး၀န္ႀကီးဌာနအေနနဲ႔ အရင္တုန္းကေတာ့ လူရည္ခြ်န္ေပါ့။ အခုေတာ့ ဘက္စံုထူးခၽြန္ ေက်ာင္းသား/ေက်ာင္းသူဆိုၿပီးေတာ့ ေျပာင္းလဲ ေခၚေ၀ၚလိုက္တာပါ“ ဟု အထက(မိုင္းျဖတ္)မွ ေက်ာင္းအုပ္ဆရာႀကီး ဦးေက်ာ္ဆန္း ကေျပာသည္။
ပညာေရးဌာနအေနျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ က်ဳိင္းတံုခ႐ိုင္ႏွင့္ မိုင္းျဖတ္ခ႐ိုင္ ႏွစ္ခုခြဲထားၿပီး မိုင္းျဖတ္ခ႐ိုင္တြင္ မုိင္းျဖတ္ၿမိဳ႕၊ တာခ်ီလိတ္ၿမိဳ႕၊ မုိင္းေယာင္းၿမိဳ႕၊ မိုင္းဆတ္ၿမိဳ႕၊ မိုင္းတံုၿမိဳ႕၊ မုိင္းပ်င္းၿမိဳ႕၊ မက္မန္းၿမိဳ႕ (၇)ၿမိဳ႕ ပါ၀င္ေၾကာင္း သိရသည္။
အဆိုပါ ၿပိဳင္ပြဲ၌ အဌမတန္း၊ န၀မတန္း၊ ဒႆမတန္း ေက်ာင္းသား/ေက်ာင္းသူ မိုင္းျဖတ္မွ(၆)ဦး၊ တာခ်ီလိတ္မွ(၆)ဦး၊ မိုင္းေယာင္းမွ(၆)ဦး၊ မိုင္းဆတ္မွ(၆)ဦး၊ မိုင္းတံုမွ(၆)ဦး၊ မိုင္းပ်င္းမွ(၆)ဦး လာေရာက္ေျဖဆိုၿပီး မက္မန္းမွ(၆)ဦးမွာ လာေရာက္ေျဖဆိုျခင္း မရိွေၾကာင္း သိရသည္။
“ပထမေတာ့ ၿမိဳ႕နယ္အလိုက္ စာေပ၊ ဗဟုသုတနဲ႔ အားကစားစတဲ့ ဘက္စံုထူးခၽြန္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ေရြးထုတ္ပါတယ္။ ခုေတာ့ ဒုတိယအဆင့္ေပါ့။ ခ႐ိုင္အဆင့္ ေ႐ြးခ်ယ္မွာျဖစ္ပါတယ္။ ခ႐ိုင္အဆင့္ ပါသြားရင္ ႏိုင္ငံေတာ္အေနနဲ႔ ေႏြရာသီမွာ ေလ့လာေရး ခရီးေတြလႊတ္မွာပါ” ဟု အထက(မုိင္းျဖတ္)မွ ေက်ာင္းအုပ္ဆရာႀကီး ဦးေက်ာ္ဆန္းက ေျပာသည္။
အဆိုပါၿပိဳင္ပြဲမွ မိုင္းျဖတ္ခ႐ိုင္အဆင့္အျဖစ္ အဌမတန္း မွ(၂)ဦး၊ န၀မတန္းမွ(၂)ဦး၊ ဒႆမတန္း မွ(၂)ဦး စုစုေပါင္း(၆)ဦး ေ႐ြးခ်ယ္မည္ျဖစ္ၿပီး ဇန္န၀ါရီလ(၁၂)ရက္ေန႔တြင္ ျမန္မာစာ၊ အဂၤလိပ္စာ၊ (၁၃)ရက္ေန႔တြင္ အေထြေထြဗဟုသုတႏွင့္ လူေတြ႔ႏႈတ္ေျဖ၊ (၁၄)ရက္ေန႔တြင္ ကိုယ္ကာယႀကံ့ခိုင္ေရးႏွင့္ ယံုၾကည္မႈတို႔ ဆက္လက္ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု - ကိုသာ
“ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ အရင်တုန်းကတော့ လူရည်ချွန်ပေါ့။ အခုတော့ ဘက်စုံထူးချွန် ကျောင်းသား/ကျောင်းသူဆိုပြီးတော့ ပြောင်းလဲ ခေါ်ဝါ်လိုက်တာပါ“ ဟု အထက(မိုင်းဖြတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်း ကပြောသည်။
ပညာရေးဌာနအနဖြေင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံခရိုင်နှင့် မိုင်းဖြတ်ခရိုင် နှစ်ခုခွဲထားပြီး မိုင်းဖြတ်ခရိုင်တွင် မိုင်းဖြတ်မြို့၊ တာချီလိတ်မြို့၊ မိုင်းယောင်းမြို့၊ မိုင်းဆတ်မြို့၊ မိုင်းတုံမြို့၊ မိုင်းပျင်းမြို့၊ မက်မန်းမြို့ (၇)မြို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲ၌ အဌမတန်း၊ နဝမတန်း၊ ဒဿမတန်း ကျောင်းသား/ကျောင်းသူ မိုင်းဖြတ်မှ(၆)ဦး၊ တာချီလိတ်မှ(၆)ဦး၊ မိုင်းယောင်းမှ(၆)ဦး၊ မိုင်းဆတ်မှ(၆)ဦး၊ မိုင်းတုံမှ(၆)ဦး၊ မိုင်းပျင်းမှ(၆)ဦး လာရောက်ဖြေဆိုပြီး မက်မန်းမှ(၆)ဦးမှာ လာရောက်ဖြေဆိုခြင်း မရှိကြောင်း သိရသည်။
“ပထမတော့ မြို့နယ်အလိုက် စာပေ၊ ဗဟုသုတနဲ့ အားကစားစတဲ့ ဘက်စုံထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရွေးထုတ်ပါတယ်။ ခုတော့ ဒုတိယအဆင့်ပေါ့။ ခရိုင်အဆင့် ရွေးချယ်မှာဖြစ်ပါတယ်။ ခရိုင်အဆင့် ပါသွားရင် နိုင်ငံတော်အနေနဲ့ နွေရာသီမှာ လေ့လာရေး ခရီးတွေလွှတ်မှာပါ” ဟု အထက(မိုင်းဖြတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းက ပြောသည်။
အဆိုပါပြိုင်ပွဲမှ မိုင်းဖြတ်ခရိုင်အဆင့်အဖြစ် အဌမတန်း မှ(၂)ဦး၊ နဝမတန်းမှ(၂)ဦး၊ ဒဿမတန်း မှ(၂)ဦး စုစုပေါင်း(၆)ဦး ရွေးချယ်မည်ဖြစ်ပြီး ဇန်နဝါရီလ(၁၂)ရက်နေ့တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ (၁၃)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ၊ (၁၄)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုတို့ ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ