တာခ်ီလိတ္ခရိုင္၌ ေလးရက္အတြင္း ဘိန္းခင္း ၃၃ဧကေက်ာ္အား ပူးေပါင္းအဖြဲ႕ျဖင့္ ဖ်က္ဆီး

တာခ်ီလိတ္ခရိုင္၌ ေလးရက္အတြင္း ဘိန္းခင္း ၃၃ဧကေက်ာ္အား ပူးေပါင္းအဖြဲ႕ျဖင့္ ဖ်က္ဆီး
ဇန်နဝါရီ 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ဇန္နဝါရီလအတြင္း ဘိန္းခင္းမ်ားကို ဖ်က္ဆီးေနလွ်က္ရွိရာ ေလးရက္အတြင္းဧကေပါင္း (၃၃.၈)အား ဖ်က္ဆီးၿပီးျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႕သည္ နမ့္ပန္ေက်းရြာအုပ္စုအတြင္းရိွ အာေမာေဒရြာအနီးတြင္ ဇန္နဝါရီလ (၁၀) ရက္ေန႔က ဘိန္းခင္း (၆.၉၀)ဧကႏွင့္ ဇန္နဝါရီလ (၁၁) ရက္တြင္ (၄.၇၅)ဧက၊ နားဟိရြာအနီးတြင္ ဇန္နဝါရီလ (၁၂) ရက္က (၇.၄၀)ဧက၊ နားေပါတီရြာအနီးတြင္ ဇန္နဝါရီလ (၁၃) ရက္က (၇.၂၀)ဧက၊ ပူပါေလာင္းရြာ အနီးတြင္ ဇန္နဝါရီလ (၁၄) ရက္က (၇.၆၀)ဧကတို႔အား ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႀတိဂံတုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ရိွ စကခ(၁၈) လက္ေအာက္ခံတပ္ရင္းတပ္ဖြဲ႕မ်ား၊ တာခ်ီလိတ္ခရိုင္ နယ္ေျမအုပ္ခ်ဳပ္ေရးႏွင့္ ျမန္မာႏို္င္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ စိုက္ပ်ိဳးေရးဦးစီးဌာန၊ သစ္ေတာဦးစီးဌာန၊ ေျမစာရင္း ဦးစီးဌာနတို႔ ပူးေပါင္းပါဝင္သည့္အဖြဲ႕သည္ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္၊ နမ့္ပန္ေက်းရြာအုပ္စု ေတာင္ေပၚေတာတြင္းေနရာမ်ားမွ ဘိန္းခင္းမ်ားအား ဇန္နဝါရီလ (၁၀) ရက္မွစတင္၍ လုိက္လံဖ်က္ဆီး ေနျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္ ဘိန္းစိုက္ရာသီတြင္ တာခ်ီလိတ္ခရိုင္အတြင္းမွ ဘိန္းခင္းဧက (၈၄.၅၀)အား ဖ်က္ဆီးခဲ့ၿပီး၊ ယခုႏွစ္တြင္လည္း တာခ်ီလိတ္၊ မိုင္းျဖတ္ႏွင့္ မိုင္းေယာင္းၿမိဳ႕နယ္မ်ားတြင္လည္း ဘိန္းခင္းမ်ားကို ဆက္လက္ ဖ်က္ဆီးမႈမ်ား လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလအတွင်း ဘိန်းခင်းများကို ဖျက်ဆီးနေလျှက်ရှိရာ လေးရက်အတွင်းဧကပေါင်း (၃၃.၈)အား ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် နမ့်ပန်ကျေးရွာအုပ်စုအတွင်းရှိ အာမောဒေရွာအနီးတွင် ဇန်နဝါရီလ (၁၀) ရက်နေ့က ဘိန်းခင်း (၆.၉၀)ဧကနှင့် ဇန်နဝါရီလ (၁၁) ရက်တွင် (၄.၇၅)ဧက၊ နားဟိရွာအနီးတွင် ဇန်နဝါရီလ (၁၂) ရက်က (၇.၄၀)ဧက၊ နားပေါတီရွာအနီးတွင် ဇန်နဝါရီလ (၁၃) ရက်က (၇.၂၀)ဧက၊ ပူပါလောင်းရွာ အနီးတွင် ဇန်နဝါရီလ (၁၄) ရက်က (၇.၆၀)ဧကတို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တြိဂံတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ စကခ(၁၈) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ၊ တာချီလိတ်ခရိုင် နယ်မြေအုပ်ချုပ်ရေးနှင့် မြန်မာနို်င်ငံရဲတပ်ဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြေစာရင်း ဦးစီးဌာနတို့ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု တောင်ပေါ်တောတွင်းနေရာများမှ ဘိန်းခင်းများအား ဇန်နဝါရီလ (၁၀) ရက်မှစတင်၍ လိုက်လံဖျက်ဆီး နခြေင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဘိန်းစိုက်ရာသီတွင် တာချီလိတ်ခရိုင်အတွင်းမှ ဘိန်းခင်းဧက (၈၄.၅၀)အား ဖျက်ဆီးခဲ့ပြီး၊ ယခုနှစ်တွင်လည်း တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်များတွင်လည်း ဘိန်းခင်းများကို ဆက်လက် ဖျက်ဆီးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~