ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိိတ္ၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ မိုင္းကိုးအုပ္စု နမ့္ဖူးရြာတြင္ အိမ္နီးခ်င္း၏ ေနအိမ္အား မီးရိႈ႕ကာ (၇)ႏွစ္အရြယ္ကေလးကိုသတ္ၿပီး ထြက္ေျပးသြားသူကို ရဲတပ္ဖြဲ႕က အမႈဖြင့္ၿပီးေနာက္ (၂၄)နာရီအတြင္း ဖမ္းဆီးရမိလိုက္ေၾကာင္း တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးမွ သိရသည္။
ေနအိမ္မီးရႈိ႕ၿပီး ကေလးငယ္အား သတ္ျဖတ္သြားသူကို ဖမ္းဆီးရမိေရးအတြက္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔၀င္မ်ားမွ နမ့္ဖုန္းရြာႏွင့္ အနီးအနား၀န္က်င္းမ်ား အထိ စံုစမ္းမႈမ်ားျပဳလုပ္ၿပီး ညပိုင္းတြင္လည္း ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ရေၾကာင္းႏွင့္ တရားခံတြင္ တူမီးေသနတ္တစ္လက္လည္း ပါသြားသည့္အတြက္ သတိထား၍ ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ရေၾကာင္း သိရသည္။
"ျဖစ္ျဖစ္ခ်င္း တစ္ညလံုး ရြာထဲေရာ ရြာနီးေတာထဲေတြအထိ လိုက္ရွာေဖြတယ္။ ေနာက္ဆံုး ကြ်န္ေတာ္တို႔ေတြ ဒီေန႔ ေန႔ခင္းပိုင္းလည္း ကင္းပုန္းေတြ၀ပ္ၿပီး ရြာအနီးအနားေတြမွာ ေစာင့္ေနၾကခ်ိန္ ညေန(၅)နာရီေက်ာ္မွာ ရြာနားကို ခ်င္းကပ္လာတာနဲ႔ ကြ်န္ေတာ္တို႔ ဖမ္းဆီးလိုက္တာပါ။ အမႈဖြင့္ၿပီး (၂၄)နာရီအတြင္းမွာပဲ ဖမ္းဆီးရမိတာပါျဖစ္ပါတယ္"ဟု ၀မ္ပံုနယ္ေျမရဲစခန္းမွ နယ္ထိန္းေခါင္ေဆာင္ ဒုရဲအုပ္ ျပည့္ၿဖဳိးေအာင္က ေျပာသည္။
အဆိုပါ ျပစ္မႈက်ဴးလြန္သူအား ဇန္၀ါရီလ(၁၄)ရက္ေန႔ ညေန(၅း၄၅)နာရီ၀န္းက်င္က ၀မ္ပံုနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္ေမာင္ေမာင္စိုးႏွင့္ ၀မ္ပံုနယ္ေျမရဲစခန္းမွ နယ္ထိန္းေခါင္ေဆာင္ ဒုရဲအုပ္ ျပည့္ၿဖဳိးေအာင္ႏွင့္ ရဲတပ္ၾကပ္ ညႊန္႔၀င္း၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္ေဆာင္ ရဲအုပ္ေအးလြင္ႏွင့္ တပ္ၾကပ္ႀကီး သိန္းထြန္းတို႔ပါ၀င္သည့္ တပ္ဖြဲ႔၀င္မ်ားက ဖမ္းဆီးရမိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ ဇန္န၀ါရီလ(၁၄)ရက္ေန႔ ည(၈)နာရီအခ်ိန္က လႊဲေျပာင္းေပးထားေၾကာင္း သိရသည္။
"ကြ်န္ေတာ္တို႔ အမႈျဖစ္ျဖစ္ခ်င္းေရာက္သြားေတာ့ ေသဆံုးသူကေလးရဲ႕ အေမလည္း ၀မ္းနည္းပက္လက္ပဲ။ သားက အသတ္ခံရ ေနအိမ္က မီးရႈိ႕ခံရၿပီး ဘာတစ္ခုမွ မက်န္ေတာ့လို႔ ကြ်န္ေတာ္တို႔လည္း စိတ္မေကာင္းျဖစ္တာနဲ႔ တပ္ဖြဲ႔၀င္ေတြ အားလံုးစုၿပီးေတာ့ က်ပ္(၄)သိန္း ကူညီေပးခဲ့ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏုက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕အေရွ႕ေျမာက္ဘက္ မိုင္းကိုးအုပ္စု နမ့္ဖုန္းရြာတြင္ ဇန္နဝါရီလ ၁၃ ရက္ က လူသတ္မႈျဖစ္ပြားေၾကာင္း သတင္းရရိွသျဖင့္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီး ထိန္၀င္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သန္းႏု ႏွင့္ စခန္းမွဴး ဒုရဲမွဴးထိန္လင္း အပါအ၀င္ တာဝန္ရိွသူမ်ားက နမ့္ဖုန္းရြာသို႔ သြားေရာက္စစ္ေဆးရာ မဲေခါင္ျမစ္ကမ္းေဘးတြင္ ေနထိုင္သည့္ အသက္ (၃၃)ႏွစ္အရြယ္ က်က်ိဳးသည္ နံနက္ (၁၁)နာရီခန္႔တြင္ စိတ္ေဖာက္ျပန္ကာ ၎၏ေနအိမ္ေရွ႕တြင္ရိွေသာ ေဒၚနားေလာ့တီး၏ ေနအိမ္အား မီးရိႈ႕သျဖင့္ ေဒၚနားေလာ့တီး၏သားမ်ားျဖစ္သည့္ အသက္ (၁၃)အရြယ္ ရွဲန္ေမြလွႏွင့္ အသက္ (၇)ႏွစ္အရြယ္ ဂီးတိုတို႔က တားျမစ္ခဲ့ၾကေၾကာင္း သိရသည္။
က်က်ိဳးက တားျမစ္သည့္ အဆိိုပါကေလးငယ္ႏွစ္ဦးအား ဓါးျဖင့္ လိုက္ထိုးသျဖင့္ ထြက္ေျပးရာ ဂီးတိုအား ဖမ္းမိသြားၿပီး ဂီးတိုမွာ ယာဘက္ပါး၊ ဝဲဘက္ပါး၊ ဝဲနားေအာက္၊ ဝဲဘက္ခါး၊ ယာဘက္နံေစာင္းမ်ားတြင္ ထိုးသြင္းဒဏ္ရာ(၅)ခ်က္ျဖင့္ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ က်က်ိဳးသည္ ရြာသူႀကီး၏ ေဖ်ာင္းျဖမႈကို လက္မခံဘဲ ဓါးႏွင့္ တူမီးေသနတ္ကို ကိုင္ေဆာင္၍ ေတာထဲထြက္ေျပးသြားသျဖင့္ အေရးယူေပးရန္ ရဲစခန္းသို႔ တိုင္ၾကားထားျခင္းျဖစ္သည္။
အဆိိုပါျဖစ္ရပ္ႏွင့္ ပတ္သက္၍ က်က်ိဳးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၆/၃၀၂ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနျခင္းျဖစ္သည္။
ေနအိမ္မီးေလာင္ဆံုးရံႈးသြားသည့္ ေဒၚနားေလာ့တီးတို႔မိသားစုမွာ ေနထိုင္ရန္အခက္အခဲျဖစ္ေနသျဖင့္ ေနအိမ္ျပန္လည္ေဆာက္လုပ္ႏုိင္ေရးအတြက္ ရဲတပ္ဖြဲ႕မွ မတည္အလႈေငြ က်ပ္(၄)သိန္းအား ေပးအပ္ ကူညီထားေၾကာင္း သိရသည္။
သတင္း - ကိုေဇာင္း
နေအိမ်မီးရှို့ပြီး ကလေးငယ်အား သတ်ဖြတ်သွားသူကို ဖမ်းဆီးရမိရေးအတွက် တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ နမ့်ဖုန်းရွာနှင့် အနီးအနားဝန်ကျင်းများ အထိ စုံစမ်းမှုများပြုလုပ်ပြီး ညပိုင်းတွင်လည်း ရှာဖွေမှုများ ပြုလုပ်ခဲ့ရကြောင်းနှင့် တရားခံတွင် တူမီးသေနတ်တစ်လက်လည်း ပါသွားသည့်အတွက် သတိထား၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
"ဖြစ်ဖြစ်ချင်း တစ်ညလုံး ရွာထဲရော ရွာနီးတောထဲတွေအထိ လိုက်ရှာဖွေတယ်။ နောက်ဆုံး ကျွန်တော်တို့တွေ ဒီနေ့ နေ့ခင်းပိုင်းလည်း ကင်းပုန်းတွေဝပ်ပြီး ရွာအနီးအနားတွေမှာ စောင့်နကြေချိန် ညနေ(၅)နာရီကျော်မှာ ရွာနားကို ချင်းကပ်လာတာနဲ့ ကျွန်တော်တို့ ဖမ်းဆီးလိုက်တာပါ။ အမှုဖွင့်ပြီး (၂၄)နာရီအတွင်းမှာပဲ ဖမ်းဆီးရမိတာပါဖြစ်ပါတယ်"ဟု ဝမ်ပုံနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် ပြည့်ဖြိုးအောင်က ပြောသည်။
အဆိုပါ ပြစ်မှုကျူးလွန်သူအား ဇန်ဝါရီလ(၁၄)ရက်နေ့ ညနေ(၅း၄၅)နာရီဝန်းကျင်က ဝမ်ပုံနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မောင်မောင်စိုးနှင့် ဝမ်ပုံနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် ပြည့်ဖြိုးအောင်နှင့် ရဲတပ်ကြပ် ညွှန့်ဝင်း၊ တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ရဲအုပ်အေးလွင်နှင့် တပ်ကြပ်ကြီး သိန်းထွန်းတို့ပါဝင်သည့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိပြီး တာချီလိတ်မြို့မရဲစခန်းသို့ ဇန်နဝါရီလ(၁၄)ရက်နေ့ ည(၈)နာရီအချိန်က လွှဲပြောင်းပေးထားကြောင်း သိရသည်။
"ကျွန်တော်တို့ အမှုဖြစ်ဖြစ်ချင်းရောက်သွားတော့ သေဆုံးသူကလေးရဲ့ အမေလည်း ဝမ်းနည်းပက်လက်ပဲ။ သားက အသတ်ခံရ နေအိမ်က မီးရှို့ခံရပြီး ဘာတစ်ခုမှ မကျန်တော့လို့ ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်တာနဲ့ တပ်ဖွဲ့ဝင်တွေ အားလုံးစုပြီးတော့ ကျပ်(၄)သိန်း ကူညီပေးခဲ့ပါတယ်"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အရှေ့မြောက်ဘက် မိုင်းကိုးအုပ်စု နမ့်ဖုန်းရွာတွင် ဇန်နဝါရီလ ၁၃ ရက် က လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်း၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု နှင့် စခန်းမှူး ဒုရဲမှူးထိန်လင်း အပါအဝင် တာဝန်ရှိသူများက နမ့်ဖုန်းရွာသို့ သွားရောက်စစ်ဆေးရာ မဲခေါင်မြစ်ကမ်းဘေးတွင် နေထိုင်သည့် အသက် (၃၃)နှစ်အရွယ် ကျကျိုးသည် နံနက် (၁၁)နာရီခန့်တွင် စိတ်ဖောက်ပြန်ကာ၎င်း၏နေအိမ်ရှေ့တွင်ရှိသော ဒေါ်နားလော့တီး၏ နေအိမ်အား မီးရှို့သဖြင့် ဒေါ်နားလော့တီး၏သားများဖြစ်သည့် အသက် (၁၃)အရွယ် ရှဲန်မွေလှနှင့် အသက် (၇)နှစ်အရွယ် ဂီးတိုတို့က တားမြစ်ခဲ့ကြကြောင်း သိရသည်။
ကျကျိုးက တားမြစ်သည့် အဆိုပါကလေးငယ်နှစ်ဦးအား ဓားဖြင့် လိုက်ထိုးသဖြင့် ထွက်ပြေးရာ ဂီးတိုအား ဖမ်းမိသွားပြီး ဂီးတိုမှာ ယာဘက်ပါး၊ ဝဲဘက်ပါး၊ ဝဲနားအောက်၊ ဝဲဘက်ခါး၊ ယာဘက်နံစောင်းများတွင် ထိုးသွင်းဒဏ်ရာ(၅)ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျကျိုးသည် ရွာသူကြီး၏ ဖျောင်းဖြမှုကို လက်မခံဘဲ ဓားနှင့် တူမီးသေနတ်ကို ကိုင်ဆောင်၍ တောထဲထွက်ပြေးသွားသဖြင့် အရေးယူပေးရန် ရဲစခန်းသို့ တိုင်ကြားထားခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ကျကျိုးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆/၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်နခြေင်းဖြစ်သည်။
နေအိမ်မီးလောင်ဆုံးရှုံးသွားသည့် ဒေါ်နားလော့တီးတို့မိသားစုမှာ နေထိုင်ရန်အခက်အခဲဖြစ်နေသဖြင့် နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ မတည်အလှုငွေ ကျပ်(၄)သိန်းအား ပေးအပ် ကူညီထားကြောင်း သိရသည်။
သတင်း - ကိုဇောင်း