နောင်ချိုမြို့နယ် ဆမ်ဆယ်အုပ်စု ရေမောင်းတန်ကျေးရွာနှင့် နမ္မတူမြို့ရှိ ရွှေမြင်သာကျောင်း၊ လီဆူစခန်း၊ ကချင်နှစ်ခြင်းကျောင်း၊ ဆိုင်ဂျာကချင်စခန်း၊ RC ကချင်ကျောင်းများသို့ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းရှိ နမ္မတူ၊ နောင်ချို၊ သီပေါမြို့နယ်များအတွင်းရှိ စစ်ရှောင်စခန်း ၁၆ ခုမှ စစ်ရှောင်အိမ်ထောင်စု ( ၈၅၂ ) စု၊ လူဦးရေ (၃၀၄၁ )ဦးတို့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာနှင့် စောင်များကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှ စတင်ကာ ပေးပို့နေခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရှောင်စခန်းများတွင် ဆန်နှင့်စောင်များ အရေးပေါ်လိုအပ်နေ၍ ကူညီပေးပါရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ကိုယ်စားလှယ်မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အကူအညီ တောင်းလာသဖြင့် ဖောင်ဒေးရှင်းမှ ဆန်အိတ် (၁၂၀)နှင့် စောင် (၈၅၂) ထည်ကို လှူဒါန်းနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ခမ်းဦး
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ်ဆယ်အုပ်စု နှင့် နမ္မတူမြို့ရှိ စစ်ဘေးရှောင်များသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပေးပို့သည့် ဆန်အိတ်နှင့်စောင်များ ဇန်နဝါရီလ(၂)ရက်နေ့က ရောက်ရှိလာကြောင်း သိရသည်။
နောင်ချိုမြို့နယ် ဆမ်ဆယ်အုပ်စု ရေမောင်းတန်ကျေးရွာနှင့် နမ္မတူမြို့ရှိ ရွှမြေင်သာကျောင်း၊ လီဆူစခန်း၊ ကချင်နှစ်ခြင်းကျောင်း၊ ဆိုင်ဂျာကချင်စခန်း၊ RC ကချင်ကျောင်းများသို့ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းရှိ နမ္မတူ၊ နောင်ချို၊ သီပေါမြို့နယ်များအတွင်းရှိ စစ်ရှောင်စခန်း ၁၆ ခုမှ စစ်ရှောင်အိမ်ထောင်စု ( ၈၅၂ ) စု၊ လူဦးရေ (၃၀၄၁ )ဦးတို့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ စားနပ်ရိက္ခါနှင့် စောင်များကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှ စတင်ကာ ပေးပို့နခြေင်းဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်ရှိ မေတ္တာအိုးဝေ၊ တော့ဆန်ရှိ စစ်ရှောင်ကလေးများ စာသင်စခန်းရှိ ကျောင်းသား၊သူ (၁၂၆) ဦး၊ နမ့်စစ်လင်းကျောင်းတိုက်မှ အိမ်ထောင်စု (၇၈)စု၊ နောင်ချိုမြို့နယ်ရှိ အုမ္မသီးကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် အနီးအနားရှိဆွေမျိုးများထံ လာရောက်တိမ်းရှောင်နေသော အိမ်ထောင်စု (၆၃)စု၊ ရေမောင်းတန်းဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၂၈)စုတို့ထံ ဒီဇင်ဘာလ (၃၁)ရက်နှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် သီပေါမြို့နယ်၊ နောင်သကြားနှင့် မာန်ကောင်းကျေးရွာတို့ရှိ ယာယီခိုလှုံရေးစခန်းများမှ စစ်ရှောင် မိသားစု(၄၅)စု၊ လူဦးရေ (၁၅၃)ဦး တို့အတွက် ဆန်နှင့်စောင်များ ပေးဝေခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရှောင်စခန်းများတွင် ဆန်နှင့်စောင်များ အရေးပေါ်လိုအပ်နေ၍ ကူညီပေးပါရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ကိုယ်စားလှယ်မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အကူအညီ တောင်းလာသဖြင့် ဖောင်ဒေးရှင်းမှ ဆန်အိတ် (၁၂၀)နှင့် စောင် (၈၅၂) ထည်ကို လှူဒါန်းနခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ခမ်းဦး