မြန်မာ - ထိုင်းနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင် မော်တော်ယာဉ်မောင်းစဉ် အသက်ကယ်ထိုင်ခုံ ခါးပတ် မပတ်သူများအား စတင်စစ်ဆေးအရေးယူတော့မည်ဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ ထံမှ သိရသည်။
တာချီလိတ်မြို့တွင် မော်တော်ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများကို နေ့စဉ်စစ်ဆေး အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေလျှက်ရှိပြီး မော်တော်ယာဉ်မောင်းသူများအနေဖြင့် ထိုင်ခုံခါးပတ် မပတ်သူများကို အသိပညာပေးမှုအဖြစ် ၂၀၁၆ခုနှစ် ဒီဇင်ဘာလအတွင်းက ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်ဝါရီလမှ စ၍ စစ်ဆေးအရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ဇောင်းညီ
“အမှန်တော့ ဒီနှစ် ဇန်နဝါရီလ (၁)ရက်ကစပြီး ယာဉ်မောင်းတွေ ထိုင်ခုံခါးပတ် မပတ်တဲ့သူတွေကို စတင်ပြီး အရေးယူဆောင်ရွက်ဖို့ရှိတယ်။ ဒါပေမဲ့ ရာသီဥတုအခြေအနေကြောင့် ခဏနားထားတာ။ အသက်အန္တရာယ်လုံခြုံဖို့အတွက် ထိုင်ခုံခါးပတ် မပတ်တဲ့သူတွေကို စစ်ဆေးအရေးသွားတော့မှာပါ” အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ရဲအုပ်ဇော်ဇော်ညွန့်က ပြောသည်။
တာချီလိတ်မြို့တွင် မော်တော်ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများကို နေ့စဉ်စစ်ဆေး အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေလျှက်ရှိပြီး မော်တော်ယာဉ်မောင်းသူများအနဖြေင့် ထိုင်ခုံခါးပတ် မပတ်သူများကို အသိပညာပေးမှုအဖြစ် ၂၀၁၆ခုနှစ် ဒီဇင်ဘာလအတွင်းက ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်ဝါရီလမှ စ၍ စစ်ဆေးအရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ၂၀၁၆ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၂၄)ဦး ရှိခဲ့ကြောင်း သိရှိရသည်။
သတင်း - ဇောင်းညီ