ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတံုၿမိဳ႕နွင့္ တာခ်ီလိတ္ၿမိဳ႕မ်ားရိွ ေတာင္တက္စက္ဘီးအဖြဲ ့ႏွစ္ခုမွ စက္ဘီးသမား (၃)ဦးသည္ ခ်င္းျပည္နယ္ ၀ိတိုရိယေတာင္သို ့ စက္ဘီးျဖင့္ ခရီးႏွင္လွ်က္ရိွေၾကာင္း သိရသည္။
"ကၽြန္ေတာ္တုိ ့ ရွမ္း(အေရွ႕)မွာက စက္ဘီးသမားေတြက အရမ္းနည္းေနေသးတဲ့အတြက္ စက္ဘီးသမားေတြ ပိုၿပီးထြက္ေပၚလာေအာင္ ကၽြန္ေတာ္တို ့ရဲ႕ ဒီခရီးစဥ္တေလွ်ာက္ ျဖတ္သြားမယ့္ၿမိဳ႕ေတြမွာ စည္းရုံးသြားမွာပါ။ ၿပီးရင္ ရွမ္း(အေရွ ့)က စက္ဘီးသမားေတြက ခ်င္းျပည္နယ္ကို ေ၀းေပမဲ့လည္း သြားႏိုင္တယ္ဆိုျပီးေတာ့ ဂုဏ္ယူလို ့ရႏိုင္ဖို ့ပါ"ဟု တာခ်ီလိတ္ေတာင္တက္ စက္ဘီးအဖြဲ ့မွ ကိုေနဇာေအာင္ကေျပာသည္။
အဆိုပါ ခရီးစဥ္ကို တာခ်ီလိတ္ေတာင္တက္ စက္ဘီးအဖြဲ ့မွ ကိုေနဇာေအာင္ႏွင့္ က်ိဳင္းတုံေတာင္တက္ စက္ဘီးအဖြဲ ့မွ ကိုတူးတူး၊ ကိုစိုင္းတီႏို္င္တို႔က ဇန္န၀ါရီလ (၈)ရက္ နံနက္(၆)နာရီတြင္ က်ိဳင္းတုံျမိဳ ့မွ စတင္ထြက္ခြာခဲ့ျပီး ခ်င္းျပည္နယ္ ၀ိတိုရိယေတာင္သို ့ ေရာက္ရိွရန္ (၈)ရက္ခန္ ့ၾကာျမင့္မည္ဟု ခန္ ့မွန္း ထားေၾကာင္း သိရသည္။
"ဒီခရီးကိုသြားႏိုင္ဖို ့ စီစဥ္ထားတာက (၂)ႏွစ္ေလာက္ရိွပါျပီ။ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ မသြားႏိုင္ခဲ့ဘူးဗ်။ ဒီႏွစ္မွ သြားႏုိင္တာပါ။ ဒီခရီးကို မသြားခင္မွာ ဟိုမွာနဲ ့ ဒီမွာက ရာသီဥတုကလည္း မတူႏိုင္တာေၾကာင့္ ကၽြန္ေတာ္တို ့ရဲ ့ ၾကံ့ခိုင္ေရးအရေကာ၊ စက္ဘီးရဲ ့ ၾကံ့ခိုင္ေရး အရေကာ ျပင္ဆင္မႈေတြ အကုန္လုပ္ထားပါတယ္။"ဟု ကိုေနဇာေအာင္က ေျပာသည္။
အဆိုပါ ခရီးစဥ္တြင္ ပါ၀င္စီးနင္းေနသည့္ တာခ်ီလိတ္ျမိဳ ့ခံ တစ္ဦးျဖစ္သည့္ ကိုေနဇာေအာင္မွာ စက္ဘီးျဖင့္ ေနျပည္ေတာ္၊ ျပင္ဦးလြင္၊ စစ္ကိုင္း စသည့္ၿမိဳ ့မ်ားသို ့ သြားေရာက္ခဲ့သူ ျဖစ္ေၾကာင္း သိရသည္။
ေခၚႏူးစုမ္(ခ) နတ္မေတာင္(ခ) ၀ိတိုရိယေတာင္မွာ အျမင့္ေပ (၁၀၅၀၀)ရိွၿပီး ရာသီဥတုမွာ အေအးဒဏ္ မျပင္းထန္ေသာ္လည္း မိုးရာသီတြင္ မိုးမ်ားေလ့ရိွသျဖင့္ လမ္းေခ်ာ္သည့္အတြက္ ေတာင္တက္၍ မျဖစ္ႏိုင္သည့္အတြက္ တစ္ႏွစ္ပတ္လုံးတြင္ မိုးရာသီမွလြဲ၍ က်န္သည့္ရာသီမ်ားတြင္ သြားေရာက္ ႏုိုင္ေၾကာင္း သိရသည္။
သတင္း - ဇြဲျမတ္
ဓာတ္ပံု - ကိုတူး ၊ ကိုေနဇာေအာင္
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များရှိ တောင်တက်စက်ဘီးအဖွဲ့နှစ်ခုမှ စက်ဘီးသမား (၃)ဦးသည် ချင်းပြည်နယ် ဝိတိုရိယတောင်သို့ စက်ဘီးဖြင့် ခရီးနှင်လျှက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ ရှမ်း(အရှေ့)မှာက စက်ဘီးသမားတွေက အရမ်းနည်းနေသေးတဲ့အတွက် စက်ဘီးသမားတွေ ပိုပြီးထွက်ပေါ်လာအောင် ကျွန်တော်တို့ရဲ့ ဒီခရီးစဉ်တလျှောက် ဖြတ်သွားမယ့်မြို့တွေမှာ စည်းရုံးသွားမှာပါ။ ပြီးရင် ရှမ်း(အရှေ့)က စက်ဘီးသမားတွေက ချင်းပြည်နယ်ကိုေဝးပေမဲ့လည်း သွားနိုင်တယ်ဆိုပြီးတော့ ဂုဏ်ယူလို့ရနိုင်ဖို့ပါ"ဟု တာချီလိတ်တောင်တက် စက်ဘီးအဖွဲ့မှ ကိုနေဇာအောင်ကပြောသည်။
အဆိုပါ ခရီးစဉ်ကို တာချီလိတ်တောင်တက် စက်ဘီးအဖွဲ့မှ ကိုနေဇာအောင်နှင့် ကျိုင်းတုံတောင်တက် စက်ဘီးအဖွဲ့မှ ကိုတူးတူး၊ ကိုစိုင်းတီနို်င်တို့က ဇန်နဝါရီလ (၈)ရက် နံနက်(၆)နာရီတွင် ကျိုင်းတုံမြို့မှ စတင်ထွက်ခွာခဲ့ပြီး ချင်းပြည်နယ် ဝိတိုရိယတောင်သို့ ရောက်ရှိရန် (၈)ရက်ခန့်ကြာမြင့်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။
"ဒီခရီးကိုသွားနိုင်ဖို့ စီစဉ်ထားတာက (၂)နှစ်လောက်ရှိပါပြီ။ ပြီးခဲ့တဲ့နှစ်ကတော့ အကြောင်း အမျိုးမျိုးကြောင့် မသွားနိုင်ခဲ့ဘူးဗျ။ ဒီနှစ်မှ သွားနိုင်တာပါ။ ဒီခရီးကို မသွားခင်မှာ ဟိုမှာနဲ့ ဒီမှာက ရာသီဥတုကလည်း မတူနိုင်တာကြောင့် ကျွန်တော်တို့ရဲ့ ကြံ့ခိုင်ရေးအရကော၊ စက်ဘီးရဲ့ ကြံ့ခိုင်ရေး အရကော ပြင်ဆင်မှုတွေ အကုန်လုပ်ထားပါတယ်။"ဟု ကိုနေဇာအောင်က ပြောသည်။
အဆိုပါ ခရီးစဉ်တွင် ပါဝင်စီးနင်းနေသည့် တာချီလိတ်မြို့ခံ တစ်ဦးဖြစ်သည့် ကိုနေဇာအောင်မှာ စက်ဘီးဖြင့် နပြေည်တော်၊ ပြင်ဦးလွင်၊ စစ်ကိုင်း စသည့်မြို့များသို့ သွားရောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
ခေါ်နူးစုမ်(ခ) နတ်မတောင်(ခ) ဝိတိုရိယတောင်မှာ အမြင့်ပေ (၁၀၅၀၀)ရှိပြီး ရာသီဥတုမှာ အအေးဒဏ် မပြင်းထန်သော်လည်း မိုးရာသီတွင် မိုးများလေ့ရှိသဖြင့် လမ်းချော်သည့်အတွက် တောင်တက်၍ မဖြစ်နိုင်သည့်အတွက် တစ်နှစ်ပတ်လုံးတွင် မိုးရာသီမှလွဲ၍ ကျန်သည့်ရာသီများတွင် သွားရောက် နိုင်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ကိုတူး၊ ကိုနေဇာအောင်