ထိုင္းႏုိင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရး ဂိတ္ဖြင့္ၿပီးေနာက္ ကယားျပည္နယ္အတြင္း ထုိုင္းႏုိင္ငံ မယ္ေဟာင္ ေဆာင္ ခရုိင္မွ ပထမဆံုးလုပ္ငန္းအျဖစ္ ဘဏ္လုပ္ငန္း စတင္လုပ္ေဆာင္ရန္ ျပင္ဆင္ ေနေၾကာင္း သိရသည္။
"ကုန္သြယ္မႈလုပ္ဖို႔ ပထမဆုံးအေနနဲ႔ အေရးႀကီးတာက ကြ်န္ေတာ္တို႔ ေငြေၾကးလဲလွယ္မႈေပါ့။ ကယားျပည္နယ္က ဘဏ္နဲ႔ ထိုင္းႏိုင္ငံကဘဏ္ေတြ ပူးတြဲလုပ္ေဆာင္ဖို႔ႀကိဳးစားေနပါတယ္။ ဘန္ေကာက္က ဘဏ္ေတြ ကို ဒီကယားျပည္နယ္မွာ လာဖြင့္မယ္။ အဲဒီအခါမွာ ကူးသန္းေရာင္းဝယ္ေရးေတြ ပိုအဆင္ေျပ လာမယ္ေပါ့။ ႏွစ္ဖက္ပြင့္လင္းျမင္သာမႈနဲ႔ ရုိးသားမႈရွိဖို႔က အေရးႀကီးပါတယ္။ ဒါေၾကာင့္ ေငြေၾကး လဲလွယ္တဲ့ကိစၥေတြမွာ ဘဏ္နဲ႕လုပ္တာဟာ ပြင့္လင္းျမင္သာမႈလည္းရွိမယ္။ ၾကားက အျမတ္ထုတ္တာေတြ မရွိေတာ့ဘဲ အားလုံး ပြင့္ပြင့္လင္းလင္း ျဖစ္လာမွာပဲ ျဖစ္ပါတယ္ "ဟု မယ္ေဟာင္ေဆာင္ ခရိုင္၀န္ Mr. Suebsak Eaimvijarn က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ႏွစ္ႏုိ္င္ငံကူးသန္းေရာင္းဝယ္ေရးအတြက္ အေရးႀကီးဆံုးျဖစ္သည့္ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းကို စတင္ရန္ စီစဥ္ေနျခင္းျဖစ္ၿပီး ေနာက္ပိုင္းတြင္ ခရီးသြားလုပ္ငန္းမ်ား၊ ကုန္ပစၥည္းကူးသန္း ေရာင္းဝယ္ေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း မယ္ေဟာင္ေဆာင္ခရိုင္ဝန္က ဆိိုသည္။
မယ္ေဟာင္ေဆာင္ခရိုင္က ကယားျပည္နယ္အတြင္း ပထမဆံုးအေနျဖင့္ ကုန္စည္ျပပြဲကို (၆၅)ႏွစ္ေျမာက္ ကယားျပည္နယ္ေန႕ပြဲေတာ္ကာလအတြင္း လာေရာက္က်င္းပေနျခင္းလည္းျဖစ္သည္။
ကယားျပည္နယ္ မယ္စဲ႔ၿမိဳ႕နယ္ရွိ ကယား - ထိုင္း နယ္စပ္ကုန္သြယ္ေရးစခန္းကို ဖြင့္လွစ္ရန္ ၂၀၁၅ ခုႏွစ္ကတည္းက စတင္ခဲ့ေသာ္လည္း ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၁၇)ရက္ေန႔ကမွ တရားဝင္ ဖြင့္လွစ္ႏိုင္ခဲ့ျခင္းျဖစ္သည္။
"ကုန်သွယ်မှုလုပ်ဖို့ ပထမဆုံးအနေနဲ့ အရေးကြီးတာက ကျွန်တော်တို့ ငွေကြေးလဲလှယ်မှုပေါ့။ ကယားပြည်နယ်က ဘဏ်နဲ့ ထိုင်းနိုင်ငံကဘဏ်တွေ ပူးတွဲလုပ်ဆောင်ဖို့ကြိုးစားနေပါတယ်။ ဘန်ကောက်က ဘဏ်တွေ ကို ဒီကယားပြည်နယ်မှာ လာဖွင့်မယ်။ အဲဒီအခါမှာ ကူးသန်းရောင်းဝယ်ရေးတွေ ပိုအဆင်ပြေ လာမယ်ပေါ့။ နှစ်ဖက်ပွင့်လင်းမြင်သာမှုနဲ့ ရိုးသားမှုရှိဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ငွေကြေး လဲလှယ်တဲ့ကိစ္စတွေမှာ ဘဏ်နဲ့လုပ်တာဟာ ပွင့်လင်းမြင်သာမှုလည်းရှိမယ်။ ကြားက အမြတ်ထုတ်တာတွေ မရှိတော့ဘဲ အားလုံး ပွင့်ပွင့်လင်းလင်း ဖြစ်လာမှာပဲ ဖြစ်ပါတယ် "ဟု မယ်ဟောင်ဆောင် ခရိုင်ဝန် Mr. Suebsak Eaimvijarn က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
နှစ်နို်င်ငံကူးသန်းရောင်းဝယ်ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို စတင်ရန် စီစဉ်နခြေင်းဖြစ်ပြီး နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းများ၊ ကုန်ပစ္စည်းကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မယ်ဟောင်ဆောင်ခရိုင်ဝန်က ဆိုသည်။
မယ်ဟောင်ဆောင်ခရိုင်က ကယားပြည်နယ်အတွင်း ပထမဆုံးအနဖြေင့် ကုန်စည်ပြပွဲကို (၆၅)နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်ကာလအတွင်း လာရောက်ကျင်းပနခြေင်းလည်းဖြစ်သည်။
ကယားပြည်နယ် မယ်စဲ့မြို့နယ်ရှိ ကယား - ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ရန် ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ကမှ တရားဝင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
သတင်း - ဆန်းဖြိုးထွန်း