ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြို့မဈေးတွင် Aflatoxin B1 ပါဝင်သော ငရုတ်သီးမှုန့် ရောင်းချခြင်း ရှိ/မရှိအား ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးပြီး ကုန်အမှတ်တံဆိပ်မပါရှိဘဲရောင်းချနေသည့် ငရုတ်သီးမှုန့်များကို ဥပဒေနှင့်အညီလုပ်ဆောင်ရန် သတိပေးထားကြောင်း သိရသည်။
"ကျွန်တော်တို့ စစ်တဲ့အခါမှာ စားသုံးရန်မသင့်တဲ့ ငရုတ်သီးမှုန့်အမျိုးအစားတွေကိုတော့ မတွေ့ဘူး။ ရောင်းနေတဲ့ဟာတွေကလည်း အိတ်ကြီးထဲကနေ အိတ်သေးတွေထဲကို ခွဲပြီးတော့ ရောင်းနေတာဆိုတော့ ဘာတံဆိပ်မှ မပါဘူး။ တကယ်တမ်း ဒီလိုရောင်းတာကလည်း ဥပဒေနဲ့ မညီညွတ်ဘူး။ ဒါကြောင့် နောက်ဆိုရင် ငရုတ်သီးမှုန့်ထုပ်တွေမှာ သူရဲ့တံဆိပ်တပ်ဖို့နဲ့ စားသုံးရန် မသင့်ကြောင်း ကြေညာထားတဲ့ တံဆိပ်တွေကို မရောင်းဖို့ ပြောထားတယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။
ကျိုင်းတုံမြို့မဈေးတွင် ဇန်နဝါရီလ (၁၆)ရက်က စစ်ဆေးပြီးနောက် အမှတ်တံဆိပ်မပါရောင်းချနေသည့် ငရုတ်သီးမှုန့်များကို ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ထုတ်လုပ်သူလိပ်စာ အပြည့်အစုံ၊ နာမည်၊ အလေးချိန်၊ သက်တမ်းကုန်ဆုံးရက် စသည့် အချက်အလက်များကို ပြည့်စုံစွာဖော်ပြ၍ ရောင်းချရန် အသိပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့မဈေးအတွင်း ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်နှင့် မဆလာရောင်းချနေသူ (၂၁)ဦးရှိပြီး ၎င်းတို့သည် ဒေသထွက် ငရုတ်သီးမှုန့်များ၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများမှ ငရုတ်သီးမှုန့် အိတ်ကြီးများကိုမှာယူပြီး ပြန်လည်ထုပ်ပိုးရောင်းချနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ယင်းကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"အမတို့ဆိုင်မှာတော့ ငရုတ်သီးအခြောက်တွေကိုပဲ ပိဿာချိန်နဲ့ဝယ်ပြီးတော့မှ ကိုယ်တိုင် အမှုန့်ကြိတ်ပြီးတော့ သုံးတယ်။ ငရုတ်သီးခြောက်တွေကတော့ ပိဿာချိန်နဲ့ ဝယ်တာဆိုတော့ ဘာတံဆိပ်လဲတော့ မသိပါဘူး။ ဒီတိုင်းဝယ်သုံးနေတာပါပဲ"ဟု ဒေါ်ဥမ္မာအောင်က ပြောသည်။
ဈေးကွက်အတွင်း Aflatoxin B1 ပါဝင်သော ငရုတ်သီးမှုန့်နှင့် FDA မှ ရောင်းချရန်မသင့်ဟု တရားဝင်ကြေညာထားသည့် ငရုတ်သီးမှုန့်များရောင်းချပါက အရေးယူမည်ကိုလည်း အသိပေးခြင်း လုပ်ဆောင်ထားကြောင်း သိရသည်။
"အဓိကကတော့ မြို့မဈေးထဲမှာ Aflatoxin B1 ပါတဲ့ ငရုတ်သီးမှုန့်နဲ့ FDA က တရားဝင်ထုတ်ပြန်ထားတဲ့ စားသုံးရန်မသင့်တဲ့ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်နဲ့မဆလာ(၆၁)မျိုးကို ဈေးကွက်ထဲမှာ ရောင်းချနေတာ ရှိ/မရှိ စစ်ဆေးပြီးတော့ ဒီစားသုံးရန် မသင့်တဲ့ငရုတ်သီးမှုန့်တွေကို မရောင်းဖို့နဲ့ ရောင်းချရင် တည်ဆဲဥပဒေတွေအတိုင်း အရေးယူသွားမယ်ဆိုတာကို သိရှိကြောင်း လက်မှတ် ထိုးခိုင်းခဲ့ပါတယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။
ထုတ်ပြန် ကြော်ငြာထားသော ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်နှင့် မဆလာတို့ကို ရောင်းချခြင်းမရှိစေရန် မြေပြင်ကွင်းဆင်း စစ်ဆေးရန်အတွက်ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျိုင်းတုံမြို့ရှိ စည်ပင်ဈေးများအားလုံးတွင် ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြို့မဈေးတွင် Aflatoxin B1 ပါဝင်သော ငရုတ်သီးမှုန့် ရောင်းချခြင်း ရှိ/မရှိအား ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးပြီး ကုန်အမှတ်တံဆိပ်မပါရှိဘဲရောင်းချနေသည့် ငရုတ်သီးမှုန့်များကို ဥပဒေနှင့်အညီလုပ်ဆောင်ရန် သတိပေးထားကြောင်း သိရသည်။
"ကျွန်တော်တို့ စစ်တဲ့အခါမှာ စားသုံးရန်မသင့်တဲ့ ငရုတ်သီးမှုန့်အမျိုးအစားတွေကိုတော့ မတွေ့ဘူး။ ရောင်းနေတဲ့ဟာတွေကလည်း အိတ်ကြီးထဲကနေ အိတ်သေးတွေထဲကို ခွဲပြီးတော့ ရောင်းနေတာဆိုတော့ ဘာတံဆိပ်မှ မပါဘူး။ တကယ်တမ်း ဒီလိုရောင်းတာကလည်း ဥပဒေနဲ့ မညီညွတ်ဘူး။ ဒါကြောင့် နောက်ဆိုရင် ငရုတ်သီးမှုန့်ထုပ်တွေမှာ သူရဲ့တံဆိပ်တပ်ဖို့နဲ့ စားသုံးရန် မသင့်ကြောင်း ကြေညာထားတဲ့ တံဆိပ်တွေကို မရောင်းဖို့ ပြောထားတယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။
ကျိုင်းတုံမြို့မဈေးတွင် ဇန်နဝါရီလ (၁၆)ရက်က စစ်ဆေးပြီးနောက် အမှတ်တံဆိပ်မပါရောင်းချနေသည့် ငရုတ်သီးမှုန့်များကို ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ထုတ်လုပ်သူလိပ်စာ အပြည့်အစုံ၊ နာမည်၊ အလေးချိန်၊ သက်တမ်းကုန်ဆုံးရက် စသည့် အချက်အလက်များကို ပြည့်စုံစွာဖော်ပြ၍ ရောင်းချရန် အသိပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့မဈေးအတွင်း ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်နှင့် မဆလာရောင်းချနေသူ (၂၁)ဦးရှိပြီး ၎င်းတို့သည် ဒေသထွက် ငရုတ်သီးမှုန့်များ၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများမှ ငရုတ်သီးမှုန့် အိတ်ကြီးများကိုမှာယူပြီး ပြန်လည်ထုပ်ပိုးရောင်းချနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ယင်းကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"အမတို့ဆိုင်မှာတော့ ငရုတ်သီးအခြောက်တွေကိုပဲ ပိဿာချိန်နဲ့ဝယ်ပြီးတော့မှ ကိုယ်တိုင် အမှုန့်ကြိတ်ပြီးတော့ သုံးတယ်။ ငရုတ်သီးခြောက်တွေကတော့ ပိဿာချိန်နဲ့ ဝယ်တာဆိုတော့ ဘာတံဆိပ်လဲတော့ မသိပါဘူး။ ဒီတိုင်းဝယ်သုံးနေတာပါပဲ"
ဟု ဒေါ်ဥမ္မာအောင်က ပြောသည်။
ဈေးကွက်အတွင်း Aflatoxin B1 ပါဝင်သော ငရုတ်သီးမှုန့်နှင့် FDA မှ ရောင်းချရန်မသင့်ဟု တရားဝင်ကြေညာထားသည့် ငရုတ်သီးမှုန့်များရောင်းချပါက အရေးယူမည်ကိုလည်း အသိပေးခြင်း လုပ်ဆောင်ထားကြောင်း သိရသည်။
"အဓိကကတော့ မြို့မဈေးထဲမှာ Aflatoxin B1 ပါတဲ့ ငရုတ်သီးမှုန့်နဲ့ FDA က တရားဝင်ထုတ်ပြန်ထားတဲ့ စားသုံးရန်မသင့်တဲ့ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်နဲ့မဆလာ(၆၁)မျိုးကို ဈေးကွက်ထဲမှာ ရောင်းချနေတာ ရှိ/မရှိ စစ်ဆေးပြီးတော့ ဒီစားသုံးရန် မသင့်တဲ့ငရုတ်သီးမှုန့်တွေကို မရောင်းဖို့နဲ့ ရောင်းချရင် တည်ဆဲဥပဒေတွေအတိုင်း အရေးယူသွားမယ်ဆိုတာကို သိရှိကြောင်း လက်မှတ် ထိုးခိုင်းခဲ့ပါတယ်"
ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။
ထုတ်ပြန် ကြော်ငြာထားသော ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်နှင့် မဆလာတို့ကို ရောင်းချခြင်းမရှိစေရန် မြေပြင်ကွင်းဆင်း စစ်ဆေးရန်အတွက်ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျိုင်းတုံမြို့ရှိ စည်ပင်ဈေးများအားလုံးတွင် ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်