တာခ်ီလိတ္တြင္ ဇန္နဝါရီလ ပထမပတ္အတြင္း လူသတ္မႈအပါအဝင္ ေသမႈေသခင္း ၆ မႈျဖစ္ပြား

တာခ်ီလိတ္တြင္ ဇန္နဝါရီလ ပထမပတ္အတြင္း လူသတ္မႈအပါအဝင္ ေသမႈေသခင္း ၆ မႈျဖစ္ပြား
ဇန်နဝါရီ 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလ၏ ပထမပတ္အတြင္း ေသမႈ (၆)မႈရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ဖန္မင္ေက်းရြာအုပ္စု၊ ၀မ္ေကာ့ေက်းရြာအနီးရွိ မယ္ဟုတ္ေခ်ာင္းစပ္တြင္ ဇန္န၀ါရီလ (၅)ရက္ေန႔က လက္ေနာက္ျပန္ လက္ထိပ္ခတ္၍ အသတ္ခံထားရၿပီး ပုပ္ပြေနသည့္ အမ်ဳိးသားအေလာင္းႏွင့္ ယင္းေနရာတြင္ပင္ ဇန္န၀ါရီလ(၆)ရက္ေန႔ ညပိုင္းက လက္ထိပ္ခတ္တန္းလန္း၊ ဦးေခါင္းဒဏ္ရာျဖင့္ အသတ္ခံထားရသည့္ အမ်ဳိးသားအေလာင္းကိုလည္း ထပ္မံေတြ႔ရွိရ၍ အဆိုပါ ျဖစ္စဥ္ ႏွစ္ခုအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အေလာင္းေဖ်ာက္ လူသတ္မႈမ်ားအျဖစ္ ပုဒ္မ ၃၀၂/၂၀၁ တို႔ျဖင့္ အမႈဖြင့္လွစ္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စုတြင္ ဇန္န၀ါရီလ(၃)ရက္ေန႔က အသက္(၂၃)ႏွစ္အရြယ္ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆံုးၿပီး ဇန္န၀ါရီလ(၄)ရက္ေန႔တြင္ အသက္(၁၉)ႏွစ္အရြယ္ အိမ္ေျခမဲ့ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆံုးခဲ့ေၾကာင္း သိရသည္။

ဇန္န၀ါရီလ(၆)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀ိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(အတြင္း)ရွိ ေနအိမ္ၿခံ၀င္းအတြင္း ကစားေနသည့္ အသက္တစ္ႏွစ္ေျခာက္လအရြယ္ မိန္းကေလးငယ္တစ္ဦးမွာ ကားႀကိတ္ခံရ၍ ေသဆံုးသြားခဲ့ၿပီး ၀ိန္းေက်ာက္ရပ္ကြက္ ေအးခ်မ္းေစဘုန္းႀကီးေက်ာင္းအနီး ေရကန္တြင္း ေရဆင္းေဆာ့သည့္ အသက္(၉)ႏွစ္အရြယ္ ဒုတိယတန္း ေက်ာင္းသူတစ္ဦးမွာ ေရနစ္ေသဆံုးသြားခဲ့သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလ၏ ပထမပတ္အတြင္း လူသတ္မႈ(၂)မႈ၊ ႀကိဳးဆြဲခ်ေသဆံုးမႈ (၂)မႈ၊ ယာဥ္တိုက္မႈေၾကာင့္ေသဆံုးမႈ (၁)မႈ ႏွင့္ ေရနစ္ေသဆံုးမႈ(၁)မႈ စုစုေပါင္း လူေသမႈ(၆)မႈရွိေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ထားရွိၿပီး လူသတ္အေလာင္းေဖ်ာက္မႈႏွင့္ ပတ္သက္၍လည္း အမႈမွန္ေပၚေပါက္ေရးအတြက္ တာခ်ီလိတ္ခရိုင္၊ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔၀င္မ်ားမွ စံုစမ္းမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၏ ပထမပတ်အတွင်း သေမှု (၆)မှုရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကော့ကျေးရွာအနီးရှိ မယ်ဟုတ်ချောင်းစပ်တွင် ဇန်နဝါရီလ (၅)ရက်နေ့က လက်နောက်ပြန် လက်ထိပ်ခတ်၍ အသတ်ခံထားရပြီး ပုပ်ပွနေသည့် အမျိုးသားအလောင်းနှင့် ယင်းနေရာတွင်ပင် ဇန်နဝါရီလ(၆)ရက်နေ့ ညပိုင်းက လက်ထိပ်ခတ်တန်းလန်း၊ ဦးခေါင်းဒဏ်ရာဖြင့် အသတ်ခံထားရသည့် အမျိုးသားအလောင်းကိုလည်း ထပ်မံတွေ့ရှိရ၍ အဆိုပါ ဖြစ်စဉ် နှစ်ခုအား တာချီလိတ်မြို့မရဲစခန်းတွင် အလောင်းဖျောက် လူသတ်မှုများအဖြစ် ပုဒ်မ ၃၀၂/၂၀၁ တို့ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုတွင် ဇန်နဝါရီလ(၃)ရက်နေ့က အသက်(၂၃)နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးပြီး ဇန်နဝါရီလ(၄)ရက်နေ့တွင် အသက်(၁၉)နှစ်အရွယ် အိမ်ခြေမဲ့ လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ(၆)ရက်နေ့ နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(အတွင်း)ရှိ နေအိမ်ခြံဝင်းအတွင်း ကစားနေသည့် အသက်တစ်နှစ်ခြောက်လအရွယ် မိန်းကလေးငယ်တစ်ဦးမှာ ကားကြိတ်ခံရ၍ သေဆုံးသွားခဲ့ပြီး ဝိန်းကျောက်ရပ်ကွက် အေးချမ်းစေဘုန်းကြီးကျောင်းအနီး ရေကန်တွင်း ရေဆင်းဆော့သည့် အသက်(၉)နှစ်အရွယ် ဒုတိယတန်း ကျောင်းသူတစ်ဦးမှာ ရေနစ်သေဆုံးသွားခဲ့သည်။

တာချီလိတ်မြို့တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၏ ပထမပတ်အတွင်း လူသတ်မှု(၂)မှု၊ ကြိုးဆွဲချသေဆုံးမှု (၂)မှု၊ ယာဉ်တိုက်မှုကြောင့်သေဆုံးမှု (၁)မှု နှင့် ရေနစ်သေဆုံးမှု(၁)မှု စုစုပေါင်း လူသေမှု(၆)မှုရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး လူသတ်အလောင်းဖျောက်မှုနှင့် ပတ်သက်၍လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် တာချီလိတ်ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~