ကယားျပည္နယ္ေန႔ ပြဲေတာ္တြင္ မယ္ေဟာင္ေဆာင္ခရုိင္မွ ကုန္စည္ျပပြဲ လာေရာက္ျပဳလုပ္မည္

ကယားျပည္နယ္ေန႔ ပြဲေတာ္တြင္ မယ္ေဟာင္ေဆာင္ခရုိင္မွ ကုန္စည္ျပပြဲ လာေရာက္ျပဳလုပ္မည္
ဇန်နဝါရီ 3, 2017
By Tachileik News Agency

၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁၅)ရက္ေန႔ က်ေရာက္မည့္ (၆၅)ႏွစ္ေျမာက္ ကယားျပည္နယ္ အထိမ္းအမွတ္ ပြဲေတာ္တြင္ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခ႐ိုင္၊ ကုန္သြယ္ေရးဦးစီးဌာနမွ ကုန္စည္ျပပြဲမ်ား လာေရာက္ပါဝင္ ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

"မယ္ေဟာင္ေဆာင္ ခရုိင္က ေဈးလာေရာင္းမယ္။ အေယာက္ တစ္ရာလာမယ္ ။ ျပည္နယ္ အစိုးရကလည္း ခြင့္ျပဳတယ္။ ဒါေပမဲ့ အခြန္ေငြဆိုင္ရာကိစၥေတြမွာေတာ့ သတ္မွတ္ထားတဲ့ ဥပေဒအတိုင္း၊ ႏႈန္းထားေတြ အတိုင္း ေကာက္သြားမွာေပါ့ ။ ကယားနဲဲ႔ မယ္ေဟာင္ေဆာင္ ခရီးသြားလုပ္ငန္းေတြ အတြက္ေရာ ကုန္သြယ္မႈအတြက္ပါ ေျခလွမ္းစတာ။ သူတို႕ကလည္းလာျပီး ေလ့လာတဲ႕ သေဘာေပ႔ါ"ဟု မယ္စဲ့ၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။

ျပီးခဲ့သည့္ ေအာက္တိုဘာလ ၁၇ ရက္ေန႔က တရားဝင္ဖြင့္လွစ္ လိုက္ၿပီ ျဖစ္ေသာ ကယား - ထိုင္း နယ္စပ္ကုန္သြယ္ေရးစခန္းအား ေအာက္တိုဘာလ ၁၇ ရက္တြင္ ဖြင့္လွစ္လိုက္ၿပီးေနာက္ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခရုိင္ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းအျဖစ္ စတင္လာျခင္းျဖစ္သည္။

၎ကုန္စည္ျပပြဲတြင္ မယ္ေဟာင္ေဆာင္ခ႐ိုင္မွ ထြက္ရွိေသာ ကုန္ပစၥည္းမ်ားအား ဇန္နဝါရီလ (၁၃) ရက္ေန႔မွ (၁၇) ရက္ေန႔ထိ ပြဲတာ္တြင္ ခင္းက်င္းျပသမည္ ျဖစ္ျပီး မယ္ေဟာင္ေဆာင္ ေဒသမွ ထုန္ကုန္ျဖစ္ေသာ ေဆးဘက္၀င္ အလွကုန္ပစၥည္းမ်ား ၊ အ၀တ္အထည္မ်ား၊ ေဖ်ာ္ရည္မ်ား၊ လက္ေဆာင္ ပစၥည္းမ်ားလည္း စုစုေပါင္း ကုန္ပစၥည္းအမ်ိဳးအမည္ေပါင္း (၅၀) လာေရာက္ျပသ ေရာင္းခ်မည့္အျပင္ ကုန္ထုတ္လုပ္မႈ နည္းပညာႏွင့္ ပတ္သက္၍ သိလိုသည္မ်ားကို လက္ေတြ႕ သ႐ုပ္ျပေဆာင္ရြက္ ျပသသြားမည္ ျဖစ္ေၾကာင္း သိရသည္။

မယ္ေဟာင္ေဆာင္ခ႐ိုင္၀န္ႏွင့္ ကုန္သြယ္ေရးအဖြဲ႕မ်ားမွ ကုန္စည္ျပပြဲ ေရာင္းခ်ပြဲ ျပဳလုပ္ရန္ ကယားျပည္နယ္ အစိုးရအဖြဲ႕ႏွင့္ ဒီဇင္ဘာလ ၁၅ ရက္ေန႔တြင္ လာေရာက္ ေတြ႕ဆုံခဲ့ရာတြင္ မယ္ေဟာင္ေဆာင္ ခ႐ိုင္မွ ကုန္စည္ျပပြဲလာေရာက္ျပသရန္ ျပည္နယ္အစိုးရမွ ဆိုင္ခန္းေပါင္း (၃၀) ႏွင့္ လံုၿခံဳေရး ကိစၥရပ္မ်ားကိုပါ စီစဥ္ေပးသြားရန္ႏွင့္ ကုန္စည္ျပပြဲတြင္ ႏိုင္ငံေတာ္မွ တားျမစ္ထားသည့္ ကုန္ပစၥည္းမ်ားအား သယ္ေဆာင္ ေရာင္းခ်ခြင့္ မျပဳဘဲ အခြန္ေကာက္ခံမႈမ်ားအား ႏိုင္ငံေတာ္မွ ျပဌာန္းထားသည့္ နည္းဥပေဒအတိုင္း စီမံေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ျပည္နယ္အစိုးရက ေျပာၾကားထားသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့ ကျရောက်မည့် (၆၅)နှစ်မြောက် ကယားပြည်နယ် အထိမ်းအမှတ် ပွဲတော်တွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကုန်စည်ပြပွဲများ လာရောက်ပါဝင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

"မယ်ဟောင်ဆောင် ခရိုင်က ဈေးလာရောင်းမယ်။ အယောက် တစ်ရာလာမယ်။ ပြည်နယ် အစိုးရကလည်း ခွင့်ပြုတယ်။ ဒါပေမဲ့ အခွန်ငွေဆိုင်ရာကိစ္စတွေမှာတော့ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း၊ နှုန်းထားတွေ အတိုင်း ကောက်သွားမှာပေါ့။ ကယားနဲ့ မယ်ဟောင်ဆောင် ခရီးသွားလုပ်ငန်းတွေ အတွက်ရော ကုန်သွယ်မှုအတွက်ပါ ခြေလှမ်းစတာ။ သူတို့ကလည်းလာပြီး လေ့လာတဲ့ သဘောပေါ့"ဟု မယ်စဲ့မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က တရားဝင်ဖွင့်လှစ် လိုက်ပြီ ဖြစ်သော ကယား - ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းအား အောက်တိုဘာလ ၁၇ ရက်တွင် ဖွင့်လှစ်လိုက်ပြီးနောက် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအဖြစ် စတင်လာခြင်းဖြစ်သည်။

၎င်းကုန်စည်ပြပွဲတွင် မယ်ဟောင်ဆောင်ခရိုင်မှ ထွက်ရှိသော ကုန်ပစ္စည်းများအား ဇန်နဝါရီလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့ထိ ပွဲတာ်တွင် ခင်းကျင်းပြသမည် ဖြစ်ပြီး မယ်ဟောင်ဆောင် ဒေသမှ ထုန်ကုန်ဖြစ်သော ဆေးဘက်ဝင် အလှကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ ဖျော်ရည်များ၊ လက်ဆောင် ပစ္စည်းများလည်း စုစုပေါင်း ကုန်ပစ္စည်းအမျိုးအမည်ပေါင်း (၅၀) လာရောက်ပြသ ရောင်းချမည့်အပြင် ကုန်ထုတ်လုပ်မှု နည်းပညာနှင့် ပတ်သက်၍ သိလိုသည်များကို လက်တွေ့ သရုပ်ပြဆောင်ရွက် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

မယ်ဟောင်ဆောင်ခရိုင်ဝန်နှင့် ကုန်သွယ်ရေးအဖွဲ့များမှ ကုန်စည်ပြပွဲ ရောင်းချပွဲ ပြုလုပ်ရန် ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လာရောက် တွေ့ဆုံခဲ့ရာတွင် မယ်ဟောင်ဆောင် ခရိုင်မှ ကုန်စည်ပြပွဲလာရောက်ပြသရန် ပြည်နယ်အစိုးရမှ ဆိုင်ခန်းပေါင်း (၃၀) နှင့် လုံခြုံရေး ကိစ္စရပ်များကိုပါ စီစဉ်ပေးသွားရန်နှင့် ကုန်စည်ပြပွဲတွင် နိုင်ငံတော်မှ တားမြစ်ထားသည့် ကုန်ပစ္စည်းများအား သယ်ဆောင် ရောင်းချခွင့် မပြုဘဲ အခွန်ကောက်ခံမှုများအား နိုင်ငံတော်မှ ပြဌာန်းထားသည့် နည်းဥပဒေအတိုင်း စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရက ပြောကြားထားသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~