မိုင္းဆတ္တြင္ သတင္းအရ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာမွ စိတ္ၾကြ႐ူးသြပ္ေဆးျပား ဖမ္းဆီးရမိ

မိုင္းဆတ္တြင္ သတင္းအရ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာမွ စိတ္ၾကြ႐ူးသြပ္ေဆးျပား ဖမ္းဆီးရမိ
ဒီဇင်ဘာ 13, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသ၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းတြမ္းေတာင္ေပၚေက်းရြာအုပ္စုတြင္ စိတ္ၾကြးေဆးျပားမ်ား ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု (၂၉)မိုင္းဆတ္မွ သိရသည္။

မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းတြမ္းေတာင္ေပၚေက်းရြာအုပ္စု၊ ေဟြေမာ္ေက်းရြာတြင္ မူးယစ္ေဆးေရာင္းခ်ေၾကာင္း သတင္းအရ ဒီဇင္ဘာ (၁၃)ရက္ေန႔၊ နံနက္ပိုင္းက မူးယစ္တပ္စု(၂၉)မိုင္းဆတ္မွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ ဦးေဂၚထူ၏ ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ ေနအိမ္ အိပ္ခန္းႏွင့္ ကပ္လွ်က္ျပဴတင္းေပါက္ အနီး တံစက္ၿမိတ္ေအာက္စင္ေပၚရိွ ျဖဴ၊ နီ၊ နက္ၾကား လြယ္ အိတ္ငယ္အတြင္းမွ အျပာေရာင္ပလပ္စတစ္ကပ္ခြာအိတ္ငယ္ျဖင့္ ထည့္လွ်က္ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြ႐ူးသြပ္ေဆးျပား(၂၀၀)ျပားပါတစ္ထုပ္ႏွင့္ ပန္းသီးပုံပါ အမဲေရာင္ပလပ္စတစ္ကပ္ခြာအိတ္ငယ္ အတြင္းထည့္လွ်က္ WY စာတမ္းပါ လိေမၼာ္ေရာင္စိတ္ၾကြ႐ူးသြပ္ေဆးျပား(၁၃၇)ျပားပါတစ္ထုပ္ စုစုေပါင္း ေဆးျပား(၃၃၇)ျပားကို ရွာေဖြသိမ္းဆည္းရမိေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားျဖင့္ လက္၀ယ္ေတြ႔ရိွသူ ဦးေဂၚထူ(၄၀)ႏွစ္အား မိုင္းတြမ္းနယ္ေျမရဲစခန္း၌ (ပ)၇/၂၀၁၆၊ မူး/စိတ္ ဥပေဒပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - #သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုတွင် စိတ်ကြွးဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု (၂၉)မိုင်းဆတ်မှ သိရသည်။

မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ဟွေမော်ကျေးရွာတွင် မူးယစ်ဆေးရောင်းချကြောင်း သတင်းအရ ဒီဇင်ဘာ (၁၃)ရက်နေ့၊ နံနက်ပိုင်းက မူးယစ်တပ်စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ဦးဂေါ်ထူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းနှင့် ကပ်လျှက်ပြူတင်းပေါက် အနီး တံစက်မြိတ်အောက်စင်ပေါ်ရှိ ဖြူ၊ နီ၊ နက်ကြား လွယ် အိတ်ငယ်အတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ငယ်ဖြင့် ထည့်လျှက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပြားပါတစ်ထုပ်နှင့် ပန်းသီးပုံပါ အမဲရောင်ပလပ်စတစ်ကပ်ခွာအိတ်ငယ် အတွင်းထည့်လျှက် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၃၇)ပြားပါတစ်ထုပ် စုစုပေါင်း ဆေးပြား(၃၃၇)ပြားကို ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

စိတ်ကြွဆေးပြားများဖြင့် လက်ဝယ်တွေ့ရှိသူ ဦးဂေါ်ထူ(၄၀)နှစ်အား မိုင်းတွမ်းနယ်မြေရဲစခန်း၌ (ပ)၇/၂၀၁၆၊ မူး/စိတ် ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - #သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~