ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မန်ကောင်းကျေးရွာရှိ စစ်ဘေးရှောင် (၁၁၈) ဦးအတွက် စောင်နှင့်အနွေးထည်များ လိုအပ်မှု မြင့်မားနေကြောင်း သိရသည်။
“လောလောဆယ် ဆန် တော့ အဆင်ပြေနပြေီ။ ဆောင်းတွင်းဆိုတော့ စောင်တွေ၊ အနွေးထည်တွေကတော့ အတော်လေး လိုအပ်နေတယ်”ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူ ကိုမျိုး ( One More ) က ပြောသည်။
ဒီဇင်ဘာလ အစတွင် မိုင်းမောနယ်ရှိ ကုံးမုံ၊ ကောင်းမှူး၊ ကုန်းညောင်၊ မော်နေ စသည့်ကျေးရွာများမှ စစ်ဘေးရှောင်လာသူ( ၁၁၀ )ဦးရောက်ရှိခဲ့ပြီး ဒီဇင်ဘာလ ပထမပတ်အတွင်းမှာ စုစုပေါင်း ((၁၁၈) ဦး ရောက်ရှိနေကြောင်း သိရသည်။
စစ်ဘေးရှောင်လာသူများတွင် အသက် (၁၂) နှစ်အောက် ကျောင်းသူ/သား (၁၅) ဦးပါဝင်ပြီး လက်ရှိခိုလှုံနေသည့် မန်ကောင်းကျေးရွာရှိ စာသင်ကျောင်းတွင် ဆက်လက်ပညာသင်ကြား နိုင်ရန် စီစဉ်ပေးနေကြောင်း သိရသည်။
“ငွေရည်ပုလဲကုမ္ပဏီက ဆန်တွေလာလှူထားတာရှိတယ်။ လတ်တလောအတွက် စားနပ်ရိက္ခါ ကတော့ အဆင်ပြေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုလည်း ရှိထားတယ်” ဟု ကိုမျိုးက ပြောသည်။
စစ်ဘေးရှောင်များ လတ်တလောနေထိုင်ရန်အတွက်လည်း ကောက်ရိုးခင်း မိုးကာထပ်၍ မိုးကာတဲများ တည်ဆောက်ပေးထားပြီး အအေးဒဏ်ခံနိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်