ေနအိမ္ေဖာက္ထြင္းၿပီး ခိုးယူသည့္ အမ်ဳိးသမီးအား တာခ်ီလိတ္သုသာန္အနီး ဖမ္းမိ

ေနအိမ္ေဖာက္ထြင္းၿပီး ခိုးယူသည့္ အမ်ဳိးသမီးအား တာခ်ီလိတ္သုသာန္အနီး ဖမ္းမိ
ဒီဇင်ဘာ 9, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္ရွိ ေနအိမ္တစ္အိမ္အတြင္း ေဖာက္ထြင္းခိုးယူသည့္ အသက္(၁၉)ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးကို ျပစ္မႈက်ဴးလြန္သည့္ ေန႔မွာပင္ ၿမိဳ႕မသုသာန္အနီးတြင္ ဖမ္းဆီးရမိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ဒီဇင္ဘာလ (၈)ရက္ေန႔ ညေန(၅)နာရီ၀န္းက်င္က တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္၊ ယာေျမကုန္းရွိ ေနအိမ္တစ္အိမ္တြင္ အိမ္ရွင္ အိမ္သစ္တက္သြားေနခိုက္ အတြင္းပစၥည္းမ်ား ၀င္ေရာက္ခိုးခံရေၾကာင္း သိရ၍ ဆယ္အိမ္မွဴးမွ နယ္ထိန္းရဲကို ဖုန္းဆက္အေၾကာင္းၾကားရာ ရဲတပ္ဖြဲ႔မွ တရားခံအား လိုက္လံရွာေဖြ၍ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

“အဲဒီ အမ်ိဳးသမီးက အိမ္ရွင္ေတြ အိမ္သစ္တက္ပြဲသြားေနေတာ့ အိမ္ရွင္မရွိဘူးဆိုၿပီး အိမ္ေရွ႕တံခါးကို ဓားနဲ႔ ကန္႔လန္႔ၿပီး အထဲမွာ သိမ္းထားတဲ့ ေရႊေတြ၊ ေငြေတြကို ၀င္ခိုးသြားတာ။ ျဖစ္ခ်င္ေတာ့ သူ႔ရဲ႕ လက္ကိုင္အိတ္ နဲ႔ အေႏြးအက်ႌက အဲ့ဒီအိမ္မွာပဲ က်န္ခဲ့တဲ့အျပင္၊ အိမ္ရွင္ေကာင္မေလးတစ္ေယာက္ရဲ႕ အက်ႌကို ၀တ္သြားတာ။ အဲ့ဒါနဲ႔ ကြ်န္ေတာ္လည္း နယ္ထိန္းကို ဖုန္းဆက္ၿပီး အမႈမွန္ေပၚေအာင္ တရားခံကို ဖမ္းဆီးႏိုင္ဖို႔ အေၾကာင္းၾကားလိုက္တာပါ။ နယ္ထိန္းေတာ္လို႔ ေန႔ခ်င္းကို ဖမ္းဆီးမိတာလို႔ ေျပာလို႔ရႏိုင္တယ္ " ဟု ဆယ္အိမ္မွဴး ဦးသန္းႏိုင္က ေျပာသည္။

အခင္းျဖစ္ပြားရာေနရာတြင္ တရားခံက်န္ခဲ့ေသာ လက္ကိုင္အိတ္ထဲတြင္မိန္းကေလးအလွျပင္ပစၥည္းမ်ား ႏွင့္ မူးယစ္ေဆးသုံးစြဲရာတြင္ အသံုးျပဳသည့္ ပိုက္မ်ား၊ ပစၥည္းမ်ားကိုေတြ႕ရွိရေသာေၾကာင့္ နယ္ထိန္းရဲအဖြဲ႕မွ တရားခံအား သုသာန္အနီးတစ္ဝိုက္သို႔ သြားေရာက္ ရွာေဖြခဲ့ရာ ၿမိဳ႕မသုသာန္အနီး သီရိဟံသာ ဘုန္းႀကီးေက်ာင္းေရွ႕လမ္းတြင္ ယင္းတရားခံသည္ ခိုးရာေရႊထည္ပစၥည္း ႏွင့္ အိမ္ရွင္အကၤ်ီအား ၀တ္ဆင္ထားျခင္းေၾကာင့္ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ဆယ္အိမ္မွဴးထံမွသိရသည္။

ျပစ္မႈက်ဴးလြန္သူ အသက္(၁၉)ႏွစ္ရွိ မေသမင္(ခ)လားဟူမ အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၃၃/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/က်င့္ ၅၄ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - #ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း ဖောက်ထွင်းခိုးယူသည့် အသက်(၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပြစ်မှုကျူးလွန်သည့် နေ့မှာပင် မြို့မသုသာန်အနီးတွင် ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ဒီဇင်ဘာလ (၈)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်က တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ယာမြေကုန်းရှိ နေအိမ်တစ်အိမ်တွင် အိမ်ရှင် အိမ်သစ်တက်သွားနေခိုက် အတွင်းပစ္စည်းများ ဝင်ရောက်ခိုးခံရကြောင်း သိရ၍ ဆယ်အိမ်မှူးမှ နယ်ထိန်းရဲကို ဖုန်းဆက်အကြောင်းကြားရာ ရဲတပ်ဖွဲ့မှ တရားခံအား လိုက်လံရှာဖွေ၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

“အဲဒီ အမျိုးသမီးက အိမ်ရှင်တွေ အိမ်သစ်တက်ပွဲသွားနေတော့ အိမ်ရှင်မရှိဘူးဆိုပြီး အိမ်ရှေ့တံခါးကို ဓားနဲ့ ကန့်လန့်ပြီး အထဲမှာ သိမ်းထားတဲ့ ရွှေတွေ၊ ငွေတွေကို ဝင်ခိုးသွားတာ။ ဖြစ်ချင်တော့ သူ့ရဲ့ လက်ကိုင်အိတ် နဲ့ အနွေးအင်္ကျီက အဲ့ဒီအိမ်မှာပဲ ကျန်ခဲ့တဲ့အပြင်၊ အိမ်ရှင်ကောင်မလေးတစ်ယောက်ရဲ့ အင်္ကျီကို ဝတ်သွားတာ။ အဲ့ဒါနဲ့ ကျွန်တော်လည်း နယ်ထိန်းကို ဖုန်းဆက်ပြီး အမှုမှန်ပေါ်အောင် တရားခံကို ဖမ်းဆီးနိုင်ဖို့ အကြောင်းကြားလိုက်တာပါ။ နယ်ထိန်းတော်လို့ နေ့ချင်းကို ဖမ်းဆီးမိတာလို့ ပြောလို့ရနိုင်တယ် " ဟု ဆယ်အိမ်မှူး ဦးသန်းနိုင်က ပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် တရားခံကျန်ခဲ့သော လက်ကိုင်အိတ်ထဲတွင်မိန်းကလေးအလှပြင်ပစ္စည်းများ နှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ပိုက်များ၊ ပစ္စည်းများကိုတွေ့ရှိရသောကြောင့် နယ်ထိန်းရဲအဖွဲ့မှ တရားခံအား သုသာန်အနီးတစ်ဝိုက်သို့ သွားရောက် ရှာဖွေခဲ့ရာ မြို့မသုသာန်အနီး သီရိဟံသာ ဘုန်းကြီးကျောင်းရှေ့လမ်းတွင် ယင်းတရားခံသည် ခိုးရာရွှေထည်ပစ္စည်း နှင့် အိမ်ရှင်အင်္ကျီအား ဝတ်ဆင်ထားခြင်းကြောင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဆယ်အိမ်မှူးထံမှသိရသည်။

ပြစ်မှုကျူးလွန်သူ အသက်(၁၉)နှစ်ရှိ မသေမင်(ခ)လားဟူမ အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၃၃/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~