ဦးပိန္တံတား ျပန္လည္ျပဳျပင္မည္ ျဖစ္ေသာေၾကာင့္ အၾကံေပးစာမ်ား ေပးပို႕ႏိုင္

ဦးပိန္တံတား ျပန္လည္ျပဳျပင္မည္ ျဖစ္ေသာေၾကာင့္ အၾကံေပးစာမ်ား ေပးပို႕ႏိုင္
ဒီဇင်ဘာ 22, 2016
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး၊ အမရပူရရွိ ဦးပိန္တံတားအား အႀကီးစားျပန္လည္ျပင္ဆင္မည္ျဖစ္ေသာေၾကာင့္ တံတားျပဳျပင္ျခင္းႏွင့္ ပတ္သက္၍ အၾကံျပဳလႊာမ်ားကို ေရွးေဟာင္းသုေတသနဌာနသို႔ ဒီဇင္ဘာလကုန္အထိ ေပးပို႔ႏိုင္ေၾကာင္း သိရသည္။

ဦးပိန္တံတားကို ေခတ္အဆက္ဆက္ အႀကီးစားျပင္ဆင္မႈလုပ္ခဲ့သည့္ အႀကိမ္ေပါင္း ၁၄ ႀကိမ္ခန္႔ရွိျပီး ယခုႏွစ္၂၀၁၆ ခုႏွစ္မတ္လတြင္ စတင္ျပဳျပင္မႈမ်ားလုပ္ခဲ့ကာ မိုးရာသီ ၾသဂုတ္လတြင္ျပဳျပင္မႈ ရပ္နားခဲ့ျခင္းျဖစ္သည္။

“မတ္လမွာ ဦးပိန္တံတားျပင္တုန္းက သၾကၤန္အမီ အျမန္လုပ္ရတာဆိုေတာ့ နည္းပညာပိုင္းမွာ အားနည္းခ်က္ေတြ ရွိခဲ့တယ္။ ၾကံ႕ခိုင္မႈကို ဦးစားေပးၿပီး ျပင္ဆင္ခဲ့တဲ့အပိုင္းေတြရွိတယ္။ မိုးတြင္းေရာက္တဲ့ အခါ မိုးမ်ားလို႔ေရနစ္ၿပီး ရာသီဥတုဒဏ္ခံခဲ့ရေသးတာဆိုေတာ့ ျပန္လည္ျပဳျပင္မႈလုပ္တဲ့အခါ နည္းပညာပိုင္း၊ ေရွးေဟာင္းသမိုင္း၀င္အပိုင္း စတာေတြကို အၾကံေပးမႈေတြရယူျပီး ပညာရွင္ေတြနဲ႔ တိုင္ပင္ၿပီး စနစ္တက်ျပန္လည္ျပဳျပင္သြားမွာပါ။” ဟု ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန၊ မႏၱေလးဌာနခြဲ တာ၀န္ခံညႊန္ၾကားေရးမွဴး ဦးညိိဳျမင့္ထြန္း ကေျပာသည္။

ေပးပို႔လာေသာ အၾကံျပဳခ်က္မ်ားအား ပညာရွင္မ်ားႏွင့္ တိုင္ပင္ဆံုးျဖတ္ၿပီး တိုင္းေဒသၾကီးအစိုးရသို႔ တင္ျပ ခြင့္ျပဳမိန္႔ေတာင္းခံျခင္းႏွင့္ ေရွးေဟာင္းသုေတသန၏ ခြင့္ျပဳခ်က္မ်ားရရွိပါက လူအမ်ားလက္ခံႏိုင္ေသာ အခ်က္မ်ားျဖင့္ ျပန္လည္ျပဳျပင္သြားမည္ျဖစ္ေၾကာင္းသိရသည္။

“လက္ရွိအခ်ိန္အထိ တိုင္ေပါင္း ၆၉ တိုင္လဲၿပီးၿပီ။ ဒါေပမဲ့ လံုး၀အျပတ္လဲျပီးတာမ်ိဳးေတာ့ မဟုတ္ဘူး။ အၾကၤန္အမီကို အျမန္လုပ္ရတာဆိုေတာ့ ၾကံ့ခိုင္မႈကို အဓိကထား လုပ္လိုက္ရတယ္။ ဒီႏွစ္ေရၾကီးတဲ့အတြက္ အသစ္ျပင္ထားတဲ့ အပိုင္းေတြမွာ နိမ့္ျမင့္ေတြျဖစ္ကုန္တယ္။ အေဟာင္းထဲက ေကာင္းတဲ့ဟာကို ျပန္သံုးမယ္။ အလယ္အူတိုင္အေပါက္ျဖစ္ေနရင္လည္း အထဲအူတိုင္ထည့္ၿပီး ျပန္သံုးမယ့္ အေနအထားရွိတယ္”ဟု ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ မႏၱေလးဌာနခြဲ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအးလြင္က ေျပာသည္။

ဦးပိန္တံတား ျပင္ဆင္မႈျပဳလုပ္ခဲ့ေသာအပိုင္းတြင္ ေဆြးေျမ႕တိုင္မ်ားလဲလွယ္ျခင္း၊ ယက္မမ်ား၊ ေျခနင္းျပားမ်ား အစားထိုးျခင္းမ်ားျပဳလုပ္ခဲ့ျပီး လက္ရွိျဖဳတ္ထားေသာ တိုင္လံုးမ်ားအား အမရပူရ ဗားကရာေက်ာင္း အတြင္းတြင္ ထားရွိေၾကာင္း သိရသည္။

တံတားျပဳျပင္ရန္ လိုအပ္သည့္သစ္မ်ားအား Myanmar Teak Wood သစ္ကုမၸဏီမွ လွဴဒါန္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ငယ္ငယ္က ဦးပိန္းတံတားေပၚလမ္းေလွ်ာက္ရင္ ၾကမ္းခင္းအားလံုးညီေနေတာ့ မ်က္စိမွိတ္ လမ္းေလွ်ာက္ရင္ေတာင္ရတယ္။ အခုလက္ရွိက ေသခ်ာၾကည့္ျပီးေလွ်ာက္တာေတာင္ ခလုတ္တိုက္ မတတ္ပဲ။ ျပင္ဆင္ရင္ေတာ့  ေရွးလက္ရာအတိုင္းေလးျပင္ေစခ်င္တယ္။”ဟု အမရပူရျမိဳ႕သားတစ္ဦးျဖစ္သူ ကိုခ်မ္းျငိမ္းက ဆိုသည္။

ဦးပိန္တံတားသည္ ဟိုယခင္က တံတားအရွည္ ေပေပါင္း(၃၃၆၇)ေပ ႏွင့္ လက္ရွိအခ်ိန္တြင္ ေပေပါင္း (၄၀၇၅)ေပရွိျပီး ယခင္က အခန္းေပါင္း (၄၈၂)ခန္း ၊တိုင္ေပါင္း (၉၈၄) တိုင္ ၊ဇရပ္ (၄)ေဆာင္ရွိခဲ့ ေသာ္လည္း ယခုအခ်ိန္တြင္ အခန္းေပါင္း (၄၆၆) ခန္း၊ တိုင္ ေပါင္း (၉၃၄)တိုင္ ၊ ဇရပ္ (၈)ေဆာင္ရွိေၾကာင္းသိရသည္။

သတင္း - ေရႊေဇာ္


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး၊ အမရပူရရှိ ဦးပိန်တံတားအား အကြီးစားပြန်လည်ပြင်ဆင်မည်ဖြစ်သောကြောင့် တံတားပြုပြင်ခြင်းနှင့် ပတ်သက်၍ အကြံပြုလွှာများကို ရှေးဟောင်းသုတေသနဌာနသို့ ဒီဇင်ဘာလကုန်အထိ ပေးပို့နိုင်ကြောင်း သိရသည်။

ဦးပိန်တံတားကို ခေတ်အဆက်ဆက် အကြီးစားပြင်ဆင်မှုလုပ်ခဲ့သည့် အကြိမ်ပေါင်း ၁၄ ကြိမ်ခန့်ရှိပြီး ယခုနှစ်၂၀၁၆ ခုနှစ်မတ်လတွင် စတင်ပြုပြင်မှုများလုပ်ခဲ့ကာ မိုးရာသီ သြဂုတ်လတွင်ပြုပြင်မှု ရပ်နားခဲ့ခြင်းဖြစ်သည်။

“မတ်လမှာ ဦးပိန်တံတားပြင်တုန်းက သင်္ကြန်အမီ အမြန်လုပ်ရတာဆိုတော့ နည်းပညာပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့တယ်။ ကြံ့ခိုင်မှုကို ဦးစားပေးပြီး ပြင်ဆင်ခဲ့တဲ့အပိုင်းတွေရှိတယ်။ မိုးတွင်းရောက်တဲ့ အခါ မိုးများလို့ရေနစ်ပြီး ရာသီဥတုဒဏ်ခံခဲ့ရသေးတာဆိုတော့ ပြန်လည်ပြုပြင်မှုလုပ်တဲ့အခါ နည်းပညာပိုင်း၊ ရှေးဟောင်းသမိုင်းဝင်အပိုင်း စတာတွေကို အကြံပေးမှုတွေရယူပြီး ပညာရှင်တွေနဲ့ တိုင်ပင်ပြီး စနစ်တကျပြန်လည်ပြုပြင်သွားမှာပါ။” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း ကပြောသည်။

ပေးပို့လာသော အကြံပြုချက်များအား ပညာရှင်များနှင့် တိုင်ပင်ဆုံးဖြတ်ပြီး တိုင်းဒေသကြီးအစိုးရသို့ တင်ပြ ခွင့်ပြုမိန့်တောင်းခံခြင်းနှင့် ရှေးဟောင်းသုတေသန၏ ခွင့်ပြုချက်များရရှိပါက လူအများလက်ခံနိုင်သော အချက်များဖြင့် ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်းသိရသည်။

“လက်ရှိအချိန်အထိ တိုင်ပေါင်း ၆၉ တိုင်လဲပြီးပြီ။ ဒါပေမဲ့ လုံးဝအပြတ်လဲပြီးတာမျိုးတော့ မဟုတ်ဘူး။ အင်္ကြန်အမီကို အမြန်လုပ်ရတာဆိုတော့ ကြံ့ခိုင်မှုကို အဓိကထား လုပ်လိုက်ရတယ်။ ဒီနှစ်ရကြေီးတဲ့အတွက် အသစ်ပြင်ထားတဲ့ အပိုင်းတွေမှာ နိမ့်မြင့်တွဖြေစ်ကုန်တယ်။ အဟောင်းထဲက ကောင်းတဲ့ဟာကို ပြန်သုံးမယ်။ အလယ်အူတိုင်အပေါက်ဖြစ်နေရင်လည်း အထဲအူတိုင်ထည့်ပြီး ပြန်သုံးမယ့် အနေအထားရှိတယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးလွင်က ပြောသည်။

ဦးပိန်တံတား ပြင်ဆင်မှုပြုလုပ်ခဲ့သောအပိုင်းတွင် ဆွေးမြေ့တိုင်များလဲလှယ်ခြင်း၊ ယက်မများ၊ ခြေနင်းပြားများ အစားထိုးခြင်းများပြုလုပ်ခဲ့ပြီး လက်ရှိဖြုတ်ထားသော တိုင်လုံးများအား အမရပူရ ဗားကရာကျောင်း အတွင်းတွင် ထားရှိကြောင်း သိရသည်။

တံတားပြုပြင်ရန် လိုအပ်သည့်သစ်များအား Myanmar Teak Wood သစ်ကုမ္ပဏီမှ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ငယ်ငယ်က ဦးပိန်းတံတားပေါ်လမ်းလျှောက်ရင် ကြမ်းခင်းအားလုံးညီနေတော့ မျက်စိမှိတ် လမ်းလျှောက်ရင်တောင်ရတယ်။ အခုလက်ရှိက သေချာကြည့်ပြီးလျှောက်တာတောင် ခလုတ်တိုက် မတတ်ပဲ။ ပြင်ဆင်ရင်တော့ ရှေးလက်ရာအတိုင်းလေးပြင်စေချင်တယ်။”ဟု အမရပူရမြို့သားတစ်ဦးဖြစ်သူ ကိုချမ်းငြိမ်းက ဆိုသည်။

ဦးပိန်တံတားသည် ဟိုယခင်က တံတားအရှည် ပေပေါင်း(၃၃၆၇)ပေ နှင့် လက်ရှိအချိန်တွင် ပေပေါင်း (၄၀၇၅)ပေရှိပြီး ယခင်က အခန်းပေါင်း (၄၈၂)ခန်း၊တိုင်ပေါင်း (၉၈၄) တိုင်၊ဇရပ် (၄)ဆောင်ရှိခဲ့ သော်လည်း ယခုအချိန်တွင် အခန်းပေါင်း (၄၆၆) ခန်း၊ တိုင် ပေါင်း (၉၃၄)တိုင်၊ ဇရပ် (၈)ဆောင်ရှိကြောင်းသိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~