ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျပဌာန္းထားေသာဥပေဒမ်ားအား တန္းတူ လိုက္နာက်င့္သံုးၾကရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ သံုးသပ္ေရးေကာ္မရွင္ဥကၠဌ သူရဦးေရႊမန္းက ေျပာၾကားလုိက္သည္။
“ျမန္မာႏိုင္ငံမွာ တရားဥပေဒစိုးမိုးေရးက အရမ္းအေရးႀကီးပါတယ္။ မွ်တမႈမရွိဘဲ အမ်ားျပည္သူမလိုက္နာႏိုင္တဲ့ ဥပေဒ၊ နည္းဥပေဒမ်ားကို ျပဌာန္းမည္ဆိုပါက တရားဥပေဒစိုးမိုးမႈ ပ်က္သုဥ္းႏိုင္ပါတယ္။ တရားဥပေဒ စိုးမိုးမႈရွိမွသာလွ်င္ ရပ္ရြာ/ေဒသ/ႏိုင္ငံကို ဖြံ႔ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္ႏိုင္မွာျဖစ္ပါတယ္။ အရပ္ဖက္ အဖြဲ႔အစည္းမ်ားရဲ႕ေဆြးေႏြးတင္ျပခ်က္မ်ားကို အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ မ်ားမွ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္ရြက္ၾကရမွာလည္းျဖစ္ပါတယ္”ဟု သူရဦးေရႊမန္း က ဒီဇင္ဘာလ ၁၆ ရက္တြင္ ေျပာၾကားလိုက္သည္။
တရားဥပေဒဆိုင္ရာေဆြးေႏြးပြဲကို မႏၱေလးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ ဒီဇင္ဘာလ (၁၆)ရက္၊ နံနက္ (၁၀း၀၀)နာရီ တြင္ က်င္းပျပဳလုပ္ခဲ့ၿပီး ၀န္ႀကီးမ်ား၊ ဥပေဒေရးရာမွအရာရွိမ်ား၊ ေရွ႕ေနမ်ား၊ အရပ္ဖက္ အဖြဲ႕အစည္းမ်ား၊ တကၠသိုလ္ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား စုစုေပါင္း (၇၀၀) ခန္႔တက္ေရာက္ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။
"ဥပေဒျပဌာန္းျခင္းက အျပစ္ရွိသူကို အျပစ္ေပးဖို႔၊ အျပစ္မရွိသူကိုကာကြယ္ေပးဖို႔ျဖစ္ပါတယ္။ တာ၀န္ကို တိတိက်က် မလုပ္တဲ့ ၀န္ထမ္းေတြေၾကာင့္မလိုလားအပ္တဲ့မႈခင္းေတြျဖစ္ေပၚေနပါတယ္။ အမွန္တရားကို မ်က္ကြယ္ျပဳထားျပီး လာဘ္ေပး၊လာဘ္ယူမႈေတြလည္း ရွိေနတယ္။ ဒါေၾကာင့္မို႔ တရားဥပေဒစိုးမိုးေရးအတြက္ အားလံုးပါ၀င္လုပ္ေဆာင္မွသာျဖစ္မွာပါ။” ဟု အရပ္ဖက္အဖြဲ႔စည္းတစ္ခုမွ ေဒၚေအးသႏၱာက ေျပာသည္။
ေဆြးေႏြးပြဲတြင္ တက္ေရာက္လာေသာ အသင္းအဖြဲ႔မ်ားမွ တရားဥပေဒစိုးမိုးေရးဆိုင္ရာမ်ားတင္ျပျခင္း၊ မႏၱေလးတိုင္းေဒသႀကီး တရားလႊတ္ေတာ္ရံုးခ်ဳပ္မွ တင္ျပေဆြးေႏြးျခင္း၊ အသင္းအဖြဲ႔မ်ား၊ စာေရးဆရာမ်ားမွ တင္ျပေဆြးေႏြးျခင္းမ်ားႏွင့္ မႏၲေလးတိုင္း ေဒသႀကီးတရားလႊတ္ေတာ္မွ စစ္ေဆးစီရင္ထားေသာ ရာဇဝတ္မူႏွင့္ တရားမမႈ စာရင္းမ်ားကိုရွင္းလင္းတင္ျပခဲ့ၾကသည္။
သတင္း - #ေရႊေဇာ္
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြဌာန်းထားသောဥပဒေများအား တန်းတူ လိုက်နာကျင့်သုံးကြရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက အရမ်းအရေးကြီးပါတယ်။ မျှတမှုမရှိဘဲ အများပြည်သူမလိုက်နာနိုင်တဲ့ ဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းမည်ဆိုပါက တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းနိုင်ပါတယ်။ တရားဥပဒေ စိုးမိုးမှုရှိမှသာလျှင် ရပ်ရွာ/ဒေသ/နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အရပ်ဖက် အဖွဲ့အစည်းများရဲ့ဆွေးနွေးတင်ပြချက်များကို အုပ်ချုပ်ရေး၊ ဥပဒပြေုရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ များမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာလည်းဖြစ်ပါတယ်”ဟု သူရဦးရွှေမန်း က ဒီဇင်ဘာလ ၁၆ ရက်တွင် ပြောကြားလိုက်သည်။
တရားဥပဒေဆိုင်ရာဆွေးနွေးပွဲကို မန္တလေးမြို့ရှိ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ (၁၆)ရက်၊ နံနက် (၁၀းဝဝ)နာရီ တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးများ၊ ဥပဒေရေးရာမှအရာရှိများ၊ ရှေ့နေများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ တက္ကသိုလ်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၇၀၀) ခန့်တက်ရောက် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
"ဥပဒပြေဌာန်းခြင်းက အပြစ်ရှိသူကို အပြစ်ပေးဖို့၊ အပြစ်မရှိသူကိုကာကွယ်ပေးဖို့ဖြစ်ပါတယ်။ တာဝန်ကို တိတိကျကျ မလုပ်တဲ့ ဝန်ထမ်းတွေကြောင့်မလိုလားအပ်တဲ့မှုခင်းတွဖြေစ်ပေါ်နေပါတယ်။ အမှန်တရားကို မျက်ကွယ်ပြုထားပြီး လာဘ်ပေး၊လာဘ်ယူမှုတွေလည်း ရှိနေတယ်။ ဒါကြောင့်မို့ တရားဥပဒေစိုးမိုးရေးအတွက် အားလုံးပါဝင်လုပ်ဆောင်မှသာဖြစ်မှာပါ။” ဟု အရပ်ဖက်အဖွဲ့စည်းတစ်ခုမှ ဒေါ်အေးသန္တာက ပြောသည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာသော အသင်းအဖွဲ့များမှ တရားဥပဒေစိုးမိုးရေးဆိုင်ရာများတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးချုပ်မှ တင်ပြဆွေးနွေးခြင်း၊ အသင်းအဖွဲ့များ၊ စာရေးဆရာများမှ တင်ပြဆွေးနွေးခြင်းများနှင့် မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော်မှ စစ်ဆေးစီရင်ထားသော ရာဇဝတ်မူနှင့် တရားမမှု စာရင်းများကိုရှင်းလင်းတင်ပြခဲ့ကြသည်။
သတင်း - #ရွှေဇော်