ေက်ာက္မဲၿမိဳ႕နယ္ မိုင္းတင္းေက်းရြာတြင္ TNLA ဝင္လာေသာ္လည္း အေျခအေနတည္ၿငိမ္ေန

ေက်ာက္မဲၿမိဳ႕နယ္ မိုင္းတင္းေက်းရြာတြင္ TNLA ဝင္လာေသာ္လည္း အေျခအေနတည္ၿငိမ္ေန
ဒီဇင်ဘာ 18, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕အေနာက္ဘက္ မိုးကုတ္သြားလမ္းေပၚရိွ မုိင္းတင္းေက်းရြာတြင္ TNLA လက္နက္ကိုင္အဖြဲ႕က ယေန႔ ဒီဇင္ဘာလ ၁၈ ရက္တြင္ ဝင္ေရာက္ခဲ့ေသာ္လည္း တိုက္ပြဲျဖစ္ပြားျခင္း မရိွေၾကာင္း သိရသည္။

"ဝင္ေရာက္ပစ္ခတ္ေနတယ္လို႔ သတင္းေတြထြက္ေနေပမယ့္ မဟုတ္ပါဘူး။ ပစ္တာခတ္တာမရွိေသးဘူး။ ညေန ၄ နာရီက (ပေလာင္)အဖြဲ႕ဝင္ေရာက္ၿပီး ျပန္ထြက္သြားတယ္။ ၿမိဳ႕ရဲ႕ လံုၿခံဳေရးကို ထိခိုက္မႈမရွိေသးဘူး"ဟု ေက်ာက္မဲၿမိဳ႕မွ ရဲတပ္ဖြဲ႕တာဝန္ရိွသူတစ္ဦးက အတည္ျပဳေျပာၾကားသည္။

တိုက္ပြဲျဖစ္သည္ဟု ေကာလာဟလမ်ားေၾကာင့္ မိုင္းတင္းေဒသခံအခ်ိဳ႕ တိမ္းေရွာင္လာသူမ်ားလည္း ရိွေၾကာင္း သိရၿပီး ေက်ာက္မဲၿမိဳ႕တြင္ ပံုမွန္အတိုင္း တည္ၿငိမ္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အနောက်ဘက် မိုးကုတ်သွားလမ်းပေါ်ရှိ မိုင်းတင်းကျေးရွာတွင် TNLA လက်နက်ကိုင်အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၈ ရက်တွင် ဝင်ရောက်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း သိရသည်။

"ဝင်ရောက်ပစ်ခတ်နေတယ်လို့ သတင်းတွေထွက်နေပေမယ့် မဟုတ်ပါဘူး။ ပစ်တာခတ်တာမရှိသေးဘူး။ ညနေ ၄ နာရီက (ပလောင်)အဖွဲ့ဝင်ရောက်ပြီး ပြန်ထွက်သွားတယ်။ မြို့ရဲ့ လုံခြုံရေးကို ထိခိုက်မှုမရှိသေးဘူး"ဟု ကျောက်မဲမြို့မှ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

တိုက်ပွဲဖြစ်သည်ဟု ကောလာဟလများကြောင့် မိုင်းတင်းဒေသခံအချို့ တိမ်းရှောင်လာသူများလည်း ရှိကြောင်း သိရပြီး ကျောက်မဲမြို့တွင် ပုံမှန်အတိုင်း တည်ငြိမ်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~