TNLA နှင့် RCSS တို့၏ တိုက်ပွဲများကြောင့် သီပေါသို့ စစ်ဘေးရှောင်များ လာရောက်ခိုလှုံ
TNLA နှင့် RCSS တို့၏ တိုက်ပွဲများကြောင့် သီပေါသို့ စစ်ဘေးရှောင်များ လာရောက်ခိုလှုံ
ဒီဇငျဘာ 20, 2016
By Tachileik News Agency
သီပေါမြို့ တာပုတ်ဘုန်းတော်ကြီးကျောင်း၊ မန်စံတောင်ကျောင်း၊ မန်စံမြောက်ကျောင်း၊ ကမ္မဌာန်းကျောင်း၊ ကချင်ဘုရားကျောင်းတို့တွင် ခိုလှုံနေကြပြီး စောင်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်နှင့် မန်တုံမြို့နယ်များတွင် TNLA နဲ့ RCSS တို့ ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေသဖြင့် သီပေါမြို့တွင် စစ်ဘေးရှောင် ၂၀၀ ကျော် ရောက်ရှိလာကြောင်း သိရသည်။
သီပေါမြို့ တာပုတ်ဘုန်းတော်ကြီးကျောင်း၊ မန်စံတောင်ကျောင်း၊ မန်စံမြောက်ကျောင်း၊ ကမ္မဌာန်းကျောင်း၊ ကချင်ဘုရားကျောင်းတို့တွင် ခိုလှုံနကြပြေီး စောင်နှင့် စားနပ်ရိက္ခါများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
“စားနပ်ရိက္ခါနဲ့ စောင်တွေ အရေးပေါ်လိုအပ်နေပါတယ်။ ပရဟိတကွန်ယက်တွေတော့ ချိတ်ထားပါတယ်။ ဆက်တို်က်ဆိုတော့ မောနကြေတာပေါ့”ဟု ရွှေကြေးစည် လူမှုကူညီရေးအသင်း မှ ဦးစိုင်းညီညီက ပြောသည်။
အဆိုပါပစ်ခတ်မှုများကြောင့် နမ့်ဆန်၊ သီပေါနှင့် နမ္မတူမှ ခရီးသည်တင်ယာဉ်များ ဖြတ်သန်းသွားလာမှု ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် TNLA နှင့် RCSS တို့ နံနက် ဝ၆း၁၀ နာရီအချိန်တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာ၊ နံနက် ဝ၆း၃၀ နာရီအချိန်တွင် မန်ဆာကျေးရွာနှင့် ညနေ ၁၅း၃၅ နာရီအချိန်တွင် မန်တုံမြို့နယ် ပန်ရောင် ကျေးရွာအနီးတို့၌ အသီးသီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း TNLA နှင့် RCSS တို့ သီပေါမြို့နယ် ထန်ဆန့်ရွာ အနီး ၂ ကြိမ၊် မန်လွယ် ရွာ အနီးတစ်ကြိမ် ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရွှေကြေးစည် လူမှုကူညီရေးအသင်း 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~