တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ ရပ်ကွက်(၄)တွင် လွှတ်တော်ရန်ပုံငွေ သိန်း(၅၀)ဖြင့် သတ်မှတ် အတိုင်းအတာထက် ကျော်လွန်ကာ ကွန်ကရစ်လမ်းအရှည်ကို ရွာသူ/ ရွာသားများ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် ပိုမို၍ ခင်းနိုင်ခဲ့ကြောင်း သိရသည်။
တာလေမြို့ ရပ်ကွက်(၄)ရှိ လုတောင်းမိုင်ရွာ၊ ပိတောက်လမ်းအား ကွန်ကရစ်လမ်းအဖြစ်ခင်းရန် တင်ပြရာမှ လုပ်ငန်းအကောင်အထည်ဖော်ရန် လမ်းအရှည်ပေ(၂၈၀)စာအတွက် ကျပ်သိန်း(၅၀)ချပေးခဲ့သဖြင့် အောက်တိုဘာလ ပထမပတ်အတွင်းက စတင်၍ လမ်းခင်းခြင်းဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ပထမပတ်အတွင်း၌ လမ်းအရှည် (၄၃၀)ပေအထိ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်၊ တာလမြေို့ရှိ ရပ်ကွက်(၄)တွင် လွှတ်တော်ရန်ပုံငွေ သိန်း(၅၀)ဖြင့် သတ်မှတ် အတိုင်းအတာထက် ကျော်လွန်ကာ ကွန်ကရစ်လမ်းအရှည်ကို ရွာသူ/ ရွာသားများ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် ပိုမို၍ ခင်းနိုင်ခဲ့ကြောင်း သိရသည်။
တာလမြေို့ ရပ်ကွက်(၄)ရှိ လုတောင်းမိုင်ရွာ၊ ပိတောက်လမ်းအား ကွန်ကရစ်လမ်းအဖြစ်ခင်းရန် တင်ပြရာမှ လုပ်ငန်းအကောင်အထည်ဖော်ရန် လမ်းအရှည်ပေ(၂၈၀)စာအတွက် ကျပ်သိန်း(၅၀)ချပေးခဲ့သဖြင့် အောက်တိုဘာလ ပထမပတ်အတွင်းက စတင်၍ လမ်းခင်းခြင်းဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ပထမပတ်အတွင်း၌ လမ်းအရှည် (၄၃၀)ပေအထိ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"လွှတ်တော်ရန်ပုံငွေအဖြစ် ကျပ်သိန်း (၅၀)ချပေးပါတယ်။ အတိုင်းအတာကတော့ လမ်းအရှည် (၂၈၀)အထိ သတ်မှတ်ပေးထားတာပေါ့။ အခု ကျွန်တော်တို့ လမ်းအရှည် (၄၃၀)ပေအထိ ခင်းနိုင်ခဲ့တယ်။ အစကတော့ သတ်မှတ်ထားတဲ့ လမ်းအရှည် ပေ(၂၈၀)ကနေ ပေ(၃၆၀)အထိ လောက်ပဲ ခင်းနိုင်မယ်လို့ ခန့်မှန်းထားတာ။ အခုလောက်ခင်းနိုင်မယ်လို့ မထင်ခဲ့ဘူး။ အဓိက ကတော့ ရွာသူ /ရွာသားတွေက သူတို့ရဲ့ လုပ်အားတွေ နဲ့ ပူးပေါင်းပါဝင်လာတာကြောင့် အခုလို ပိုမိုဆောင်ရွက်နိုင်ခဲ့တာပါ"ဟု တာလမြေို့ ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးစိုင်းတွီက ပြောသည်။
အကျယ် (၁၂)ပေ နှင့် ထု (၆)လက်မ ရှိ ကွန်ကရစ်လမ်းအဖြစ် ၂၀၁၆ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်းက စတင်၍ ခင်းလာရာ ဒီဇင်ဘာလ ပထမပတ်အတွင်း၌ ပြီးစီးခဲ့ပြီး အဆိုပါလမ်းသည် ရွာသူ/ရွာသားများ တောင်ယာ/လယ်လုပ်ငန်းအတွက် အဓိကအားထား သွားလာရသည့် လမ်းတစ်ခု ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - #နန်းမောက်ကွမ်