တောင်ကြီးမြို့ မြို့မဈေးရှေ့ ကုန်ခြောက်သားငါးဈေးမှ ဆိုင်ခန်း (၄၆၆) ခန်းအား ပြန်လည်နေရာ ချထားပေးပြီး အဆိုပါဈေးမှ ပျံကျဈေးသည် (၅၈)ဦးအား နေရာအတည်တကျရရန် ပျံကျဈေးသစ်တစ်ခု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ယခင်က အဆိုပါဈေးမှ ဆိုင်ခန်း (၄၆၆) ခန်းအား စည်ပင်တွင် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး ကျန်ဈေးဆိုင်များအတွက် ပျံကျဈေးတွင် နေရာပြန်လည်ချထားပေးရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
“ပြန်မရသေးတဲ့ ဈေးသည်တွေကိုလည်း ပျံကျဈေးသည်ဈေးတစ်ခု ဆောင်ရွက်ဖို့အစီအစဉ်ရှိပါတယ်။ အစိုးရကလည်း ခွင့်ပြုထားပြီးဖြစ်ပါတယ်“ ဟု တောင်ကြီးမြို့စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ပြောသည်။
အဆိုပါကုန်ခြောက်သား ငါးဈေး (ညဈေး )အား (၁.၄၁) ဧကတွင် ၁၉၆၈ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး မြို့အနေအထားအရ ၁၉၉၃ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပျံကျဈေးဆိုင်ခန်း လုပ်ပေးမယ်လို့တော့ပြောပါတယ်။ စိတ်ပူနေတာတော့ တစ်ခုရှိတယ်။ ပျံကျဈေးကို မြို့ပြင်တွေ၊ လူမစည်ကားတဲ့နေရာတွေမှာသွားလုပ်ပေးမှာ စိုးရိမ်နကြေတာ။ အခုတော့ ရှင်းလင်းပွဲမှာ မြို့ပြင်မှာ လူမစည်တဲ့နေရာမှာ မလုပ်ဘူး။ မြို့ထဲမှာပဲ လုပ်ပေးမယ်ဆိုတော့ စိတ်ချသွားပါပြီ” ဟု ပျံကျဈေးသည်တစ်ဦးက ပြောသည်။
ယခင်က အဆိုပါဈေးမှ ဆိုင်ခန်း (၄၆၆) ခန်းအား စည်ပင်တွင် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး ကျန်ဈေးဆိုင်များအတွက် ပျံကျဈေးတွင် နေရာပြန်လည်ချထားပေးရန် လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို