ကရင္သကၠရာဇ္ (၂၇၅၆)ခုႏွစ္ ကရင္အမ်ိဳးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို တာခ်ီလိတ္တြင္ စုေပါင္း၍ က်င္းပျပဳလုပ္ရာ ယခင္ႏွစ္ထက္ လာေရာက္သူ မ်ားျပားေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္တြင္ ကရင္အမ်ဳိးသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို ဒီဇင္ဘာလ(၂၉)ရက္ေန႔ နံနက္(၇)နာရီ အခ်ိန္က စ၍ အလံတင္အခမ္းအနား ႏွင့္ ပြဲေတာ္အား က်င္းပျပဳလုပ္ရာ တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္းရွိ ကရင္တိုင္းရင္းသား လူဦးေရ (၅၀၀)ေက်ာ္ ပါ၀င္ဆင္ႏႊဲေၾကာင္း သိရသည္။
ယခင္ႏွစ္မ်ားက ကရင္အမ်ိဳးသားႏွစ္သစ္ကူးပြဲေတာ္ အခမ္းအနားကုိ တာခ်ီလိတ္တြင္ (၃)ေနရာ ခြဲ၍ ျပဳလုပ္ၾကရာမွ ယခု ၂၀၁၆ခုႏွစ္တြင္ ဘာသာေပါင္းစုံ စုစည္း၍ စုေပါင္းကာ က်င္းပခဲ့ျခင္းေၾကာင့္ အခမ္းအနားကို လာေရာက္သူမ်ားျပားေၾကာင္း ပြဲေတာ္က်င္းပေရးေကာ္မတီမွ သိရသည္။
"လာမည့္ႏွစ္မွာေတာ့ ကရင္အမ်ဳိးသား ႏွစ္သစ္ကူးပြဲေတာ္ကို တာခ်ီလိတ္မွာ ပါ၀င္ဆင္ႏႊဲမဲ့ ကရင္တိုင္းရင္းသားေတြ ပါ၀င္ဆင္ႏႊဲသူမ်ားျပားမယ္ဆိုရင္ ေအာင္ျမတ္ခန္းမ ဒါမွမဟုတ္ ရွမ္းရိုးမကြင္းမွာ က်င္းပႏိုင္ရန္အတြက္ စီစဥ္သြားဖို႔ရွိပါတယ္"ပြဲေတာ္က်င္းပေရးေကာ္မတီမွ တာ၀န္ရွိသူတစ္ဦးက ဆိုသည္။
ကရင္အမ်ဳိးသားႏွစ္သစ္ကူးပြဲေတာ္တြင္ ကရင္ရိုးရာ အဆို အကမ်ားျဖင့္ ကျပေဖ်ာ္ေျဖၿပီး၊ ပြဲေတာ္သို႔ လာေရာက္သူမ်ားကို ဧည့္ခံေကြ်းေမြးေၾကာင္းႏွင့္ အဆိုပါ ပြဲေတာ္အား ဒီဇင္ဘာလ(၂၉)ရက္ေန႔ တစ္ရက္တည္းတာက်င္းပျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ကရင္အမ်ဳိးသားႏွစ္သစ္ကူးပြဲေတာ္ကို ၿပီးခဲ့သည့္ အခ်ိန္က က်င္းပျပဳလုပ္ရာတြင္ ကရင္တိုင္းရင္းသားလူဦးေရ (၃၀၀)ေက်ာ္သာ လာေရာက္ခဲ့ၾကေၾကာင္း ႏွင့္ ယခုႏွစ္တြင္ ယခင္ထက္ ပိုမိုမ်ားျပာလာေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု။ ေဇာင္းညီ
ကရင်သက္ကရာဇ် (၂၇၅၆)ခုနှစ် ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်တွင် စုပေါင်း၍ ကျင်းပပြုလုပ်ရာ ယခင်နှစ်ထက် လာရောက်သူ များပြားကြောင်း သိရသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ကရင်အမျိုးသားစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(၇)နာရီ အချိန်က စ၍ အလံတင်အခမ်းအနား နှင့် ပွဲတော်အား ကျင်းပပြုလုပ်ရာ တာချီလိတ်မြို့နယ် အတွင်းရှိ ကရင်တိုင်းရင်းသား လူဦးရေ (၅၀၀)ကျော် ပါဝင်ဆင်နွှဲကြောင်း သိရသည်။
ယခင်နှစ်များက ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို တာချီလိတ်တွင် (၃)နေရာ ခွဲ၍ ပြုလုပ်ကြရာမှ ယခု ၂၀၁၆ခုနှစ်တွင် ဘာသာပေါင်းစုံ စုစည်း၍ စုပေါင်းကာ ကျင်းပခဲ့ခြင်းကြောင့် အခမ်းအနားကို လာရောက်သူများပြားကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။
"လာမည့်နှစ်မှာတော့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မှာ ပါဝင်ဆင်နွှဲမဲ့ ကရင်တိုင်းရင်းသားတွေ ပါဝင်ဆင်နွှဲသူများပြားမယ်ဆိုရင် အောင်မြတ်ခန်းမ ဒါမှမဟုတ် ရှမ်းရိုးမကွင်းမှာ ကျင်းပနိုင်ရန်အတွက် စီစဉ်သွားဖို့ရှိပါတယ်"ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ကရင်ရိုးရာ အဆို အကများဖြင့် ကပြဖျော်ဖြပြေီး၊ ပွဲတော်သို့ လာရောက်သူများကို ဧည့်ခံကျွေးမွေးကြောင်းနှင့် အဆိုပါ ပွဲတော်အား ဒီဇင်ဘာလ(၂၉)ရက်နေ့ တစ်ရက်တည်းတာကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ပြီးခဲ့သည့် အချိန်က ကျင်းပပြုလုပ်ရာတွင် ကရင်တိုင်းရင်းသားလူဦးရေ (၃၀၀)ကျော်သာ လာရောက်ခဲ့ကြကြောင်း နှင့် ယခုနှစ်တွင် ယခင်ထက် ပိုမိုများပြာလာကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ဇောင်းညီ