မေကြးတုိင္းေဒသႀကီး ၊ မင္းဘူးၿမိဳ႕မွ ေရႊစက္ေတာ္ဘုရားပဲြေတာ္ လုပ္ငန္းတင္ဒါမ်ားအား မင္းဘူးခရိုင္ အတြင္း ေနထိုင္သူမ်ားသာ ေလွ်ာက္ထားရန္ ယခုႏွစ္မွ စတင္ေျပာင္းလဲလိုက္ေၾကာင္း သိရသည္။
“ျမန္မာႏိုင္ငံအတြင္းက က်ိဳက္ထီးရိုးတို႔လို၊ မဟာျမတ္မုနိတို႔လို တန္ခိုးႀကီးဘုရားပဲြေတာ္ေတြမွာလည္း အဲဒီလို ကန္႔သတ္ခ်က္မ်ိဳး မရိွဘဲ တစ္ႏိုင္ငံလံုးက ဘယ္လုပ္ငန္းရွင္မဆို ေလွ်ာက္ခြင္႔ေပးပါတယ္။ အခု ေရႊစက္ေတာ္ ဆိုတာက မေကြးတိုင္းအတြင္းမွာ တည္ရိွတဲ႔ တိုင္းကိုယ္စားျပဳဘုရားျဖစ္ပါလွ်က္နဲ႔ တစ္ႏိုင္ငံလံုးက လုပ္ငန္းရွင္ေတြထားပါ၊ တိုင္းအတြင္းက လုပ္ငန္းရွင္ေတြကိုေတာ႔ လုပ္ကိုင္ခြင့္ ေပးသင့္တယ္”ဟု ယခင္ႏွစ္ မ်ားက လုပ္ငန္းတင္ဒါရရိွ လုပ္ကိုင္ခဲ႔သူ မေကြးၿမိဳ႕နယ္၊ ဆားတိုင္ကန္ေက်းရြာေန ဦးေနလြင္ေအာင္က ေျပာသည္။
ယခင္ႏွစ္မ်ားက ေရႊစက္ေတာ္ဘုရားပဲြေတာ္ လုပ္ငန္းတင္ဒါမ်ားအား ေလွ်ာက္ထားရန္ ေဒသကန္႔သတ္ ထားျခင္းမရိွဘဲ ယခုႏွစ္ အရပ္သားေဂါပကသစ္ စတင္ဖဲြ႔စည္းတာဝန္ယူခဲ့ၿပီးေနာက္ ျပင္ဆင္ သတ္မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကၽြန္ေတာ္တို႔ ေဂါပကအေနနဲ႔ အဲဒီစည္းကမ္းခ်က္ကို သတ္မွတ္ခဲ့တာမဟုတ္ဘဲ တိုင္းကဖဲြ႔ထားတဲ႔ ေရႊစက္ ေတာ္နာယကအဖဲြ႔က မင္းဘူးခရိုင္အတြင္း (၅)ၿမိဳ႕နယ္မွာ ေနထိုင္သူေတြကိုပဲ ေလွ်ာက္ထားခြင္႔ေပးဖို႔ သတ္ မွတ္ခဲ့တာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ အေနနဲ႔ကေတာ႔ နာယကအဖဲြ႔ရဲ႕ မူဝါဒခ်မွတ္တဲ႔အေပၚမွာ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေပးရတာ ျဖစ္ပါတယ္”ဟု ေရႊစက္ေတာ္ဘုရားေဂါပကဥကၠဌ ဦးျမင္႔သိန္းက ေျပာၾကားသည္။
လုပ္ငန္းတင္ဒါ ခ်ထားေပးရာတြင္ လည္းေကာင္း၊ တည္းေက်ာင္းခေစ်းႏွဳန္းျမင္႔မားေနသည့္ အေပၚတြင္လည္းေကာင္း ေဝဖန္မႈမ်ားႏွင့္ ႏွစ္စဥ္ႀကံဳေတြ႔ခဲ့ရသျဖင့္ ေရႊစက္ေတာ္ဘုရား ေဂါပကအဖဲြ႔အား ယခုႏွစ္မွစ၍ ဌာနဆုိင္ရာမ်ား မပါဝင္ဘဲ အရပ္သားမ်ားျဖင့္သာ စတင္ဖြဲ႕စည္းလိုက္ျခင္းျဖစ္ၿပီး ၂၀၁၇ ခုနွစ္တြင္ က်င္းပမည့္ ဘုရားပြဲေတာ္သည္ အရပ္သားေဂါပကအဖြဲ႕၏ ပထမဆံုးတာဝန္ယူသည့္ ပြဲေတာ္ျဖစ္သည္။
သတင္း - ဖီးနစ္
“မြန်မာနိုင်ငံအတွင်းက ကျိုက်ထီးရိုးတို့လို၊ မဟာမြတ်မုနိတို့လို တန်ခိုးကြီးဘုရားပွဲတော်တွေမှာလည်း အဲဒီလို ကန့်သတ်ချက်မျိုး မရှိဘဲ တစ်နိုင်ငံလုံးက ဘယ်လုပ်ငန်းရှင်မဆို လျှောက်ခွင့်ပေးပါတယ်။ အခု ရွှေစက်တော် ဆိုတာက မကွေးတိုင်းအတွင်းမှာ တည်ရှိတဲ့ တိုင်းကိုယ်စားပြုဘုရားဖြစ်ပါလျှက်နဲ့ တစ်နိုင်ငံလုံးက လုပ်ငန်းရှင်တွေထားပါ၊ တိုင်းအတွင်းက လုပ်ငန်းရှင်တွေကိုတော့ လုပ်ကိုင်ခွင့် ပေးသင့်တယ်”ဟု ယခင်နှစ် များက လုပ်ငန်းတင်ဒါရရှိ လုပ်ကိုင်ခဲ့သူ မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာနေ ဦးနေလွင်အောင်က ပြောသည်။
ယခင်နှစ်များက ရွှေစက်တော်ဘုရားပွဲတော် လုပ်ငန်းတင်ဒါများအား လျှောက်ထားရန် ဒေသကန့်သတ် ထားခြင်းမရှိဘဲ ယခုနှစ် အရပ်သားဂေါပကသစ် စတင်ဖွဲ့စည်းတာဝန်ယူခဲ့ပြီးနောက် ပြင်ဆင် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဂေါပကအနေနဲ့ အဲဒီစည်းကမ်းချက်ကို သတ်မှတ်ခဲ့တာမဟုတ်ဘဲ တိုင်းကဖွဲ့ထားတဲ့ ရွှေစက် တော်နာယကအဖွဲ့က မင်းဘူးခရိုင်အတွင်း (၅)မြို့နယ်မှာ နေထိုင်သူတွေကိုပဲ လျှောက်ထားခွင့်ပေးဖို့ သတ် မှတ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ နာယကအဖွဲ့ရဲ့ မူဝါဒချမှတ်တဲ့အပေါ်မှာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်”ဟု ရွှေစက်တော်ဘုရားဂေါပကဥက္ကဌ ဦးမြင့်သိန်းက ပြောကြားသည်။
လုပ်ငန်းတင်ဒါ ချထားပေးရာတွင် လည်းကောင်း၊ တည်းကျောင်းခဈေးနှုန်းမြင့်မားနေသည့် အပေါ်တွင်လည်းကောင်း ဝေဖန်မှုများနှင့် နှစ်စဉ်ကြုံတွေ့ခဲ့ရသဖြင့် ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အား ယခုနှစ်မှစ၍ ဌာနဆိုင်ရာများ မပါဝင်ဘဲ အရပ်သားများဖြင့်သာ စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် ဘုရားပွဲတော်သည် အရပ်သားဂေါပကအဖွဲ့၏ ပထမဆုံးတာဝန်ယူသည့် ပွဲတော်ဖြစ်သည်။
သတင်း - ဖီးနစ်