ရွမ္းျပည္နယ္(ေတာင္ပိုင္း) ( ၅)ၿမိဳ႕နယ္မွ မူးယစ္ေဆးျဖတ္လိုသူမ်ားအား ေဆးရံုတြင္ အခမဲ့ကုသႏုိင္ရန္ လူမႈကူညီေရးအဖြဲ႕ျဖစ္သည့္ Justic Drum က ကူညီသြားရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။
“မူးယစ္ေဆးျဖတ္ခ်င္တဲ့လူေတြဟာ ေဆးရံုေတြမွာ အခမဲ့နီးနီးေလာက္ျဖတ္နိုင္ေအာင္ ႀကိဳးစား စီစဥ္ေနပါတယ္။ ေဆးျဖတ္ခ်င္တဲ့သူေတြဖက္က တတ္နိုင္တဲ့သူေတြကိုလည္း ဆက္သြယ္ေပးမယ္။ မတတ္နိုင္တဲ့သူေတြကုိေတာ့ ကူညီတဲ့အဖြဲ႕ေတြဖြဲ႕ၿပီး လုပ္ေပးပါမယ္။ ဒီဇင္ဘာလကုန္က်ရင္လုပ္ဖို႕ စဥ္းစားထားပါတယ္”ဟု Justic Drum လူမႈအဖြဲ႕အစည္းမွ တာ၀န္ခံ ဦးေအာင္ေဇက ေျပာသည္။
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာ၊ ေညာင္ေရႊ၊ ေတာင္ႀကီး၊ ဟိုပံုး ၊ ဆီဆိုင္ၿမိဳ႕နယ္မ်ားတြင္ လူငယ္မ်ားႏွင့္ မူးယစ္ေဆး၀ါးႏွင့္ ပတ္သက္ေသာ အေၾကာင္းအရာမ်ားကို ေဆြးေႏြးသြားမည္ျဖစ္ၿပီး မူးယစ္ေဆး ျဖတ္္ခ်င္သူမ်ားကိုလည္း ကူညီေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ေဆးလိပ္ေသာက္တတ္တဲ့ ေက်ာင္းသား/ေက်ာင္းသူေတြ၊ ေဆးစြဲေနတဲ့ ေက်ာင္းသားေတြအေပၚ အျပစ္ေပးဖို႔ ခ်မွတ္ထားတယ္ဆိုရင္ ေက်ာင္းထုတ္ပစ္တာ၊ ဖမ္းဆီးခိုင္းတာေတြ မလုပ္ၾကပါနဲ႔။ လူသားခ်င္း စာနာတဲ့အေနနဲ႔ ဘယ္လိုကူညီမလဲ သူတို႔ရဲ႕ပတ္၀န္းက်င္ကို ဘယ္လိုအသိပညာေပးမလဲဆိုတာေတြကို အေျဖရွာမယ္ဆိုရင္ ပုိေကာင္းပါတယ္”ဟု ဗမာတိုင္းရင္းသားဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္က ေျပာသည္။
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ဒီဇင္ဘာလ တတိယပတ္အတြင္းက ပညာေရးအဖြဲ႔မ်ားႏွင့္ အရပ္ဖက္အဖြဲ႕မ်ား ပူးေပါင္း၍ “ပညာေရးႏွင့္ မူးယစ္ေဆး၀ါးဆိုင္ရာ ဆက္စပ္ျပႆနာမ်ား ေဖာ္ထုတ္အေျဖရွာျခင္း” ေဆြးေႏြးပြဲ က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွန္တစ္လံုႏွင့္ ဗမာတိုင္းရင္းသား၀န္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္ ၊ အရပ္ဖက္အဖြဲ႕အစည္းမ်ား၊ ျမန္မာနိုင္ငံမူးယစ္ေဆး၀ါး ဆန္႔က်င္ေရးအသင္း( ရွမ္း/ေတာင္) ႏွင့္ တာ၀န္ရွိသူမ်ား စုစုေပါင္းဦးေရ ၁၂၀ ခန္႔ တက္ေရာက္ေဆြးေႏြးၾကေၾကာင္းသိရသည္။
“မူးယစ်ဆေးဖြတ်ချင်တဲ့လူတွေဟာ ဆေးရုံတွေမှာ အခမဲ့နီးနီးလောက်ဖြတ်နိုင်အောင် ကြိုးစား စီစဉ်နေပါတယ်။ ဆေးဖြတ်ချင်တဲ့သူတွေဖက်က တတ်နိုင်တဲ့သူတွေကိုလည်း ဆက်သွယ်ပေးမယ်။ မတတ်နိုင်တဲ့သူတွေကိုတော့ ကူညီတဲ့အဖွဲ့တွေဖွဲ့ပြီး လုပ်ပေးပါမယ်။ ဒီဇင်ဘာလကုန်ကျရင်လုပ်ဖို့ စဉ်းစားထားပါတယ်”ဟုဲကျအငခီမကာ လူမှုအဖွဲ့အစည်းမှ တာဝန်ခံ ဦးအောင်ဇေက ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလော၊ ညောင်ရွှေ၊ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်မြို့နယ်များတွင် လူငယ်များနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ပြီး မူးယစ်ဆေး ဖြတ်ချင်သူများကိုလည်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဆေးလိပ်သောက်တတ်တဲ့ ကျောင်းသား/ကျောင်းသူတွေ၊ ဆေးစွဲနေတဲ့ ကျောင်းသားတွေအပေါ် အပြစ်ပေးဖို့ ချမှတ်ထားတယ်ဆိုရင် ကျောင်းထုတ်ပစ်တာ၊ ဖမ်းဆီးခိုင်းတာတွေ မလုပ်ကြပါနဲ့။ လူသားချင်း စာနာတဲ့အနေနဲ့ ဘယ်လိုကူညီမလဲ သူတို့ရဲ့ပတ်ဝန်းကျင်ကို ဘယ်လိုအသိပညာပေးမလဲဆိုတာတွေကို အဖြေရှာမယ်ဆိုရင် ပိုကောင်းပါတယ်”ဟု ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဒီဇင်ဘာလ တတိယပတ်အတွင်းက ပညာရေးအဖွဲ့များနှင့် အရပ်ဖက်အဖွဲ့များ ပူးပေါင်း၍ “ပညာရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဆက်စပ်ပြဿနာများ ဖော်ထုတ်အဖြေရှာခြင်း” ဆွေးနွေးပွဲ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံနှင့် ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း( ရှမ်း/တောင်) နှင့် တာဝန်ရှိသူများ စုစုပေါင်းဦးရေ ၁၂၀ ခန့် တက်ရောက်ဆွေးနွေးကြကြောင်းသိရသည်။
သတင်း - နိုနို