ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕ တာပုတ္ဘုန္းေတာ္ႀကီးေက်ာင္းရွိ စစ္ေဘးေရွာင္စခန္းတြင္ ကေလးငယ္မ်ား ႏွာေစးေခ်ာင္းဆိုးေရာဂါႏွင့္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါအျဖစ္မ်ားေနေၾကာင္း သိရသည္။
“လသားအရြယ္ေတြ ဖ်ားနာတာမိ်ဳးေတြက်ေတာ့ ေဆးရံုကို လႊဲေပးလိုက္တယ္။ ကေလးဦးေရမ်ားတယ္။ ႏွာေစး ေခ်ာင္းဆိုး၊ ဝမ္းပ်က္ဝမ္းေလ်ွာစတာေတြ အျဖစ္မ်ားပါတယ္” ဟု တာပုတ္စစ္ေရွာင္စခန္းတြင္ က်န္းမာေရး ေစာင့္ေရွာက္မႈေပးေနသည့္ က်န္းမာေရးႀကီးၾကပ္ ဆရာမတစ္ဦးက ေျပာသည္။
အဆိုပါ စခန္းတြင္ အသက္ ၁၂ ႏွစ္ေအာက္အရြယ္ က်ား ၁၃၁ ဦးႏွင့္ မ ၁၄၅ ဦး စုစုေပါင္း ၂၇၆ ဦးရွိၿပီး သီေပါၿမိဳ႕နယ္ မိခင္ႏွင့္ကေလး က်န္းမာေရးဌာနမွ ဆရာမ ၂ ဦးျဖင့္ ေန႔စဥ္က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးေနေၾကာင္း သိရသည္။
စစ္ေဘးေရွာင္လာသူမ်ားတြင္ အမ်ဳိးသမီးအမ်ားစု ပါဝင္ၿပီး ေသြးတိုးေရာဂါႏွင့္ မူးေဝျခင္းမ်ားသာ ကုသေပးရၿပီး စိုးရိမ္စရာ အေျခအေနမရွိေၾကာင္း က်န္းမာေရးမွဴး ဆရာမမ်ားထံမွ သိရသည္။
“ဒီမွာေနရတာ အဆင္ေျပပါတယ္။ စားဖို႔ ေနဖို႔ အကုန္လံုးျပည့္စံုတယ္။ ေစာင္ေတြ အေႏြးထည္ ေတြလည္း လံုေလာက္တယ္။ ေနရတာ လံုၿခံဳတယ္” ဟု ပန္လံုေဒသအနီး မန္လီရြာမွ ပေလာင္အမိ်ဳးသမီးတစ္ဦးက ေျပာသည္။
တာပုတ္စစ္ေဘးေရွာင္စခန္းတြင္ အမ်ိဳးသား ၂၆၅ ဦး၊ အမ်ိဳးသမီး ၃၆၁ ဦး စုစုေပါင္း ၆၂၆ ဦးရွိသည့္အနက္ ဒီဇင္ဘာလ ၂၅ ရက္ ေန႔လည္ပိုင္းတြင္ ၂၂၆ ဦးေနရပ္ျပန္သြားေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
“လသားအရွယ်တွေ ဖျားနာတာမျိုးတွေကျတော့ ဆေးရုံကို လွှဲပေးလိုက်တယ်။ ကလေးဦးရေများတယ်။ နှာစေး ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှောစတာတွေ အဖြစ်များပါတယ်” ဟု တာပုတ်စစ်ရှောင်စခန်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးကြီးကြပ် ဆရာမတစ်ဦးက ပြောသည်။
အဆိုပါ စခန်းတွင် အသက် ၁၂ နှစ်အောက်အရွယ် ကျား ၁၃၁ ဦးနှင့် မ ၁၄၅ ဦး စုစုပေါင်း ၂၇၆ ဦးရှိပြီး သီပေါမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဆရာမ ၂ ဦးဖြင့် နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြောင်း သိရသည်။
စစ်ဘေးရှောင်လာသူများတွင် အမျိုးသမီးအများစု ပါဝင်ပြီး သွေးတိုးရောဂါနှင့် မူးဝခြေင်းများသာ ကုသပေးရပြီး စိုးရိမ်စရာ အခြေအနေမရှိကြောင်း ကျန်းမာရေးမှူး ဆရာမများထံမှ သိရသည်။
“ဒီမှာနေရတာ အဆင်ပြေပါတယ်။ စားဖို့ နေဖို့ အကုန်လုံးပြည့်စုံတယ်။ စောင်တွေ အနွေးထည် တွေလည်း လုံလောက်တယ်။ နေရတာ လုံခြုံတယ်” ဟု ပန်လုံဒေသအနီး မန်လီရွာမှ ပလောင်အမျိုးသမီးတစ်ဦးက ပြောသည်။
တာပုတ်စစ်ဘေးရှောင်စခန်းတွင် အမျိုးသား ၂၆၅ ဦး၊ အမျိုးသမီး ၃၆၁ ဦး စုစုပေါင်း ၆၂၆ ဦးရှိသည့်အနက် ဒီဇင်ဘာလ ၂၅ ရက် နေ့လည်ပိုင်းတွင် ၂၂၆ ဦးနေရပ်ပြန်သွားကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်