ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းတံုၿမိဳ႕နယ္ ပံုပါက်င္ၿမိဳ႕မွ ဘီပီ(၁)သြားကားလမ္းအေနာက္ဖက္ ေတာလမ္းတြင္ ေက်ာပုိးအိတ္ကုိယ္စီျဖင့္ မသကၤာဖြယ္လူႏွစ္ဦးအား ေတာင္ယာရိတ္သိမ္းေနသူမ်ားက ေတြ႔ရိွရသည့္အတြက္ ဝုိင္းဝန္းဖမ္းဆီးရာမွ စိတ္ၾကြေဆးျပားမ်ား ေတြ႔ရာ ပံုပါက်င္နယ္ေျမရဲစခန္းသို႔ အပ္နွံလိုက္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ေဟြေအာေက်းရြာေန လယ္လုပ္သားမ်ားသည္ ဒီဇင္ဘာလ (၂၀)ရက္ ညေန (၄)နာရီေက်ာ္ခန္႔တြင္ ေတာင္ယာစပါးခင္း ရိတ္သိမ္းေနစဥ္ အနီးမွ ျဖတ္သန္းသြားသူႏွစ္ဦးအား ေက်ာပုိးအိတ္ ကုိယ္စီျဖင့္ေတြ႔ရိွသျဖင့္ ေမးျမန္းစဥ္ ထြက္ေျပးသည့္အတြက္ လိုက္လံ၍ဖမ္းဆီးရာ ေက်ာပုိးအိတ္အတြင္းမွ စိတ္ႂကြမူးယစ္ေဆးျပားမ်ားဟု ယူဆရသည့္ အထုပ္(၅)စည္းအား ေတြ႔ရိွခ့ဲသျဖင့္ ပံုပါက်င္နယ္ေျမရဲစခန္းသုိ႔ ပို႔ေဆာင္အပ္ႏွံလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
" စိတ္ႂကြေဆးျပားတစ္သိန္းနဲ႔ လူႏွစ္ဦးကုိ တာဝန္သိျပည္သူေတြက ဖမ္းဆီးအပ္ႏွံတယ္ဆိုလို႔သြားခ့ဲတယ္။ စုစုေပါင္း ေဆးျပားတစ္သိန္းတိတိ စစ္ေဆးေတြ႔ရိွရတယ္။ လုပ္ထံုးလုပ္နည္းအတိုင္း ဆက္လုပ္သြားပါမယ္" ဟု ၿမိဳ႕နယ္ရဲတပ္ဖြ႔ဲမွဴး ရဲမွဴးေသာမတ္စ္က ဆိုသည္။
မူးယစ္ေဆးျပားမ်ား သယ္ေဆာင္လာသူမ်ားျဖစ္သည့္ အသက္ ၃၇ ႏွစ္အရြယ္ ငြားဆာႏွင့္ အသက္ ၂၀ အရြယ္ ဗ်ာတတို႔ႏွစ္ဦးအား ပံုပါက်င္နယ္ေျမရဲစခန္းတြင္ မယ(ပ) ၆/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ တို႔အရ အမွဳဖြင့္အေရးယူထားေၾကာင္း သိရသည္။
သတင္း - ေအာင္ေဇယ်
ဖြစ်စဉ်မှာ ဟွေအောကျေးရွာနေ လယ်လုပ်သားများသည် ဒီဇင်ဘာလ (၂၀)ရက် ညနေ (၄)နာရီကျော်ခန့်တွင် တောင်ယာစပါးခင်း ရိတ်သိမ်းနေစဉ် အနီးမှ ဖြတ်သန်းသွားသူနှစ်ဦးအား ကျောပိုးအိတ် ကိုယ်စီဖြင့်တွေ့ရှိသဖြင့် မေးမြန်းစဉ် ထွက်ပြေးသည့်အတွက် လိုက်လံ၍ဖမ်းဆီးရာ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးပြားများဟု ယူဆရသည့် အထုပ်(၅)စည်းအား တွေ့ရှိခဲ့သဖြင့် ပုံပါကျင်နယ်မြေရဲစခန်းသို့ ပို့ဆောင်အပ်နှံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
" စိတ်ကြွဆေးပြားတစ်သိန်းနဲ့ လူနှစ်ဦးကို တာဝန်သိပြည်သူတွေက ဖမ်းဆီးအပ်နှံတယ်ဆိုလို့သွားခဲ့တယ်။ စုစုပေါင်း ဆေးပြားတစ်သိန်းတိတိ စစ်ဆေးတွေ့ရှိရတယ်။ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်သွားပါမယ်" ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောမတ်စ်က ဆိုသည်။
မူးယစ်ဆေးပြားများ သယ်ဆောင်လာသူများဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ငွားဆာနှင့် အသက် ၂၀ အရွယ် ဗျာတတို့နှစ်ဦးအား ပုံပါကျင်နယ်မြေရဲစခန်းတွင် မယ(ပ) ၆/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း - အောင်ဇေယျ