အဆိုပါ ပွဲတော်ကို လွတ်လပ်သောခရစ်ယာန်အသင်းတော်(အဖသင်းအုပ်)သိက္ခာတော်ရ ဆရာတော် ဦးဇီးလျံအာမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပွဲတော်ကို တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ဒီဇင်ဘာလ(၁၇)ရက်နေ့မှ ဒီဇင်ဘာလ(၁၈)ရက်နေ့အထိ ညပိုင်းများမှာ ကျင်းပမှာဖြစ်ပြီး လာရောက်ကြည့်ရှုသူများ အနေဖြင့် အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံမှ "THE POWER TEAM "အဖွဲ့က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် အုတ်ခဲ ရိုက်ချိုးခြင်း၊ သံချောင်းကွေးခြင်း၊ သစ်သားချိုးပြခြင်း၊ အိုးခွက်ပန်းကန် နှင့် မော်တော်ကား နံပါတ် သံပြားများအား ဆွဲဖြဲပြခြင်း၊ မီးမှုတ်ခြင်း နှင့် အခြားကိုယ်ခန္ဓာစွမ်းရည် ကြံ့ခိုင်မှုအမျိုးမျိုးတို့ကို ပြသသွားမှာ ဖြစ်ကြောင်းနှင့် ယင်းပွဲကို အခမဲ့ ကြည့်ရှုနိုင်ရန်အတွက် စီစဉ်ထားသော်လည်း ရန်ပုံငွေပွဲဖြစ်သည့် အတွက် ပွဲလာရောက်ကြည့်ရှုသူများအနေဖြင့် ပွဲအတွင်း မိမိတို့ တတ်နိုင်သလောက် ပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း နှင့် ပွဲအတွင်း လှူဒါန်းနိုင်ရန်အတွက်လည်း စီစဉ်ထားရှိကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကို လွတ်လပ်သောခရစ်ယာန်အသင်းတော်(အဖသင်းအုပ်)သိက္ခါတော်ရ ဆရာတော် ဦးဇီးလျံအာမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပွဲတော်ကို တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ဒီဇင်ဘာလ(၁၇)ရက်နေ့မှ ဒီဇင်ဘာလ(၁၈)ရက်နေ့အထိ ညပိုင်းများမှာ ကျင်းပမှာဖြစ်ပြီး လာရောက်ကြည့်ရှုသူများ အနဖြေင့် အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ကြောင်း သိရသည်။
"အောင်မြတ်ခန်းမှာ (၂)ညလုံး ကျင်းပမှာပါ၊ လာရောက်ကြည့်သူများကို အခမဲ့ကြည့်နိုင်ဖို့ စီစဉ်ထားပါတယ်၊ ရန်ပုံငွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလှူခံပုံးတွေ ချထားမှာပါ။ ပွဲပြီးတဲ့ ညမှာပဲ အလှူငွေတွေကို တစ်ခါတည်းရေတွက်ပြီး တစ်ခါတည်း လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်"ဟု ပွဲကျင်းပရေးမှ တာဝန်ရှိသူက ပြောသည်။
အမေရိကန်နိုင်ငံမှ "THE POWER TEAM "အဖွဲ့က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် အုတ်ခဲ ရိုက်ချိုးခြင်း၊ သံချောင်းကွေးခြင်း၊ သစ်သားချိုးပြခြင်း၊ အိုးခွက်ပန်းကန် နှင့် မော်တော်ကား နံပါတ် သံပြားများအား ဆွဲဖြဲပြခြင်း၊ မီးမှုတ်ခြင်း နှင့် အခြားကိုယ်ခန္ဓာစွမ်းရည် ကြံ့ခိုင်မှုအမျိုးမျိုးတို့ကို ပြသသွားမှာ ဖြစ်ကြောင်းနှင့် ယင်းပွဲကို အခမဲ့ ကြည့်ရှုနိုင်ရန်အတွက် စီစဉ်ထားသော်လည်း ရန်ပုံငွေပွဲဖြစ်သည့် အတွက် ပွဲလာရောက်ကြည့်ရှုသူများအနဖြေင့် ပွဲအတွင်း မိမိတို့ တတ်နိုင်သလောက် ပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း နှင့် ပွဲအတွင်း လှူဒါန်းနိုင်ရန်အတွက်လည်း စီစဉ်ထားရှိကြောင်း သိရသည်။
ဒီဇင်ဘာလ(၁၇)ရက် နှင့် (၁၈)ရက်ညများတွင် အောင်မြတ်ခန်းမ၌ အခမဲ့ ပြသပြီး နေ့လယ်အချိန်တို့တွင် မော်တော်ယာဉ်များဖြင့် မြို့တွင်းလှည့်လည်သွားမှာ ဖြစ်ကြောင်း သိရသည်။