ပအို၀္းတစ္မ်ဳိးသားလံုးဆိုင္ရာ ႏိုင္ငံေရးေဆြးေႏြးပြဲကို ၁၁ ေနရာတြင္ က်င္းပမည္

ပအို၀္းတစ္မ်ဳိးသားလံုးဆိုင္ရာ ႏိုင္ငံေရးေဆြးေႏြးပြဲကို ၁၁ ေနရာတြင္ က်င္းပမည္
ဒီဇင်ဘာ 25, 2016
By Tachileik News Agency

အမ်ိဳးသားအဆင့္ ႏုိင္ငံေရးေဆြးေႏြးပြဲအတြက္ ပအို၀္းတစ္မ်ိဳးသားလံုးဆိုင္ရာ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားကို ေနရာ (၁၁)ေနရာတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“အမ်ဳိးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲကို လက္မွတ္ထိုးခဲ့တဲ့ လက္နက္ကိုင္အဖြဲ႕ေတြ ဦးေဆာင္ၿပီးေတာ့ ႏိုင္ငံေရးပါတီ စုေပါင္းက်င္းပတာေၾကာင့္ ကၽြန္ေတာ္တို႔ရဲ႕ အမ်ဳိးသားေမွ်ာ္မွန္းခ်က္ ရယူဖို႔ေဆြးေႏြးၿပီး ယူေဆာင္သြားမွာ ျဖစ္ပါတယ္။ ေဆြးေႏြးပြဲမွာ လူငယ္ေတြလည္း နိုင္ငံေရးမွာ ပါ၀င္လာဖို႔ လမ္းဖြင့္ေပးသြား မွာပါ။ သူတို႔ရဲ႕ အျမင္ လူငယ္သေဘာထားကလည္း ေဆြးေႏြးပြဲမွာ ပါ၀င္တင္ျပလို႔ ရပါတယ္။ အားလံုးရလာတဲ့အခ်က္ေတြကို လုပ္ငန္းေကာ္မတီ ကေနျပန္ၿပီး ခြဲေ၀သြားမွာျဖစ္ပါတယ္။ ပအို၀္းအမ်ဳိးသား အဆင့္ လုပ္ငန္းက်င္းပေရး ေကာ္မတီ နဲ႔ ရံုးလုပ္ငန္းအဖြဲ႕ကေန ပဲ တိုက္ရိုက္ လုပ္ေဆာင္သြား မွာ ျဖစ္ပါတယ္”ဟု ႏိုင္ငံေရးေဆြးေႏြးပြဲ က်င္းပေရး လုပ္ငန္းေကာ္မတီမွ အတြင္းေရးမွဴး ခြန္ေသာမတ္စ္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

ေဆြးေႏြးပြဲမ်ား ျပဳလုပ္ရန္အတြက္ ပအို၀္းတစ္မ်ိဳးသားလံုးဆိုင္ရာ ႏိုင္ငံေရးေဆြးေႏြးပြဲ လုပ္ငန္း ေကာ္မတီရံုးကို ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ ပအို၀္းအမ်ဳိးသားအဖြဲ႕ခ်ဳပ္ (PNO) ဗဟိုဌာနခ်ဳပ္ရံုးဝင္းတြင္ ဒီဇင္ဘာလ ၂၃ ရက္က ဖြင့္လွစ္လိုက္သည္။

အမ်ိဳးသားအဆင့္ ႏုိင္ငံေရးေဆြးေႏြးပြဲ အႀကိဳ ေဆြးေႏြးပြဲမ်ားကို ေတာင္ႀကီးခရိုင္၊ လိြဳင္လင္ခရိုင္၊ လင္းေခး ခရိုင္၊ ကယားျပည္နယ္၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ပဲခူးတိုင္းမ်ားတြင္ က်င္းပသြားမည္ျဖစ္ၿပီး ဒီဇင္ဘာလ (၂၉)ရက္ေန႔တြင္္ ပင္လံုၿမိဳ႕သို႔ ပထမဆံုးသြားေရာက္ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ပအို၀္းအမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲကို ပအို၀္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္(PNO)ႏွင့္ ပအို၀္းအမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႔ခ်ဳပ္(PNLO)တို႔က ပူးေပါင္းေဆာင္ရြက္သြားရန္ ၂၀၁၆ခုႏွစ္ ႏုိ၀င္ဘာလ(၉)ရက္ တြင္ သေဘာတူဆံုးျဖတ္ခဲ့ၾကျခင္းျဖစ္သည္။

ပအို၀္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္(PNO)ပါတီသည္ ၂၀၁၅ေရြးေကာက္ပြဲတြင္ ပအို၀္းကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ျဖစ္ေသာ ဟိုပံုး၊ ဆီဆိုင္၊ ပင္ေေလာင္း (၃)ၿမိဳ႕နယ္ကို အျပတ္အသတ္ အႏိုင္ရရွိထားေသာ ပါတီျဖစ္ၿပီး ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႔(PNLO)သည္ ၂၀၁၅ခုႏွစ္ ေအာက္တိုဘာ(၁၅)ရက္၌    တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူညီခ်က္စာခ်ဳပ္ (NCA) တြင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔(၇) ဖြဲ႔ႏွင့္အတူ လက္မွတ္ေရးထိုးထားေသာ အဖြဲ႔တစ္ဖြဲ႔ျဖစ္သည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများကို နေရာ (၁၁)နေရာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လက်မှတ်ထိုးခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေ ဦးဆောင်ပြီးတော့ နိုင်ငံရေးပါတီ စုပေါင်းကျင်းပတာကြောင့် ကျွန်တော်တို့ရဲ့ အမျိုးသားမျှော်မှန်းချက် ရယူဖို့ဆွေးနွေးပြီး ယူဆောင်သွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ လူငယ်တွေလည်း နိုင်ငံရေးမှာ ပါဝင်လာဖို့ လမ်းဖွင့်ပေးသွား မှာပါ။ သူတို့ရဲ့ အမြင် လူငယ်သဘောထားကလည်း ဆွေးနွေးပွဲမှာ ပါဝင်တင်ပြလို့ ရပါတယ်။ အားလုံးရလာတဲ့အချက်တွေကို လုပ်ငန်းကော်မတီ ကနပြေန်ပြီး ခွေဲဝသွားမှာဖြစ်ပါတယ်။ ပအိုဝ်းအမျိုးသား အဆင့် လုပ်ငန်းကျင်းပရေး ကော်မတီ နဲ့ ရုံးလုပ်ငန်းအဖွဲ့ကနေ ပဲ တိုက်ရိုက် လုပ်ဆောင်သွား မှာ ဖြစ်ပါတယ်”ဟု နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး လုပ်ငန်းကော်မတီမှ အတွင်းရေးမှူး ခွန်သောမတ်စ်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်း ကော်မတီရုံးကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးဝင်းတွင် ဒီဇင်ဘာလ ၂၃ ရက်က ဖွင့်လှစ်လိုက်သည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြို ဆွေးနွေးပွဲများကို တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေး ခရိုင်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းများတွင် ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ပင်လုံမြို့သို့ ပထမဆုံးသွားရောက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)တို့က ပူးပေါင်းဆောင်ရွက်သွားရန် ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၉)ရက် တွင် သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီသည် ၂၀၁၅ရွေးကောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း (၃)မြို့နယ်ကို အပြတ်အသတ် အနိုင်ရရှိထားသော ပါတီဖြစ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)သည် ၂၀၁၅ခုနှစ် အောက်တိုဘာ(၁၅)ရက်၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA) တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၇) ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~