ေရႊေညာင္တြင္ မီးေလာင္မႈျဖစ္ပြား ေနအိမ္သံုးလံုး ဆံုးရံႈး

ေရႊေညာင္တြင္ မီးေလာင္မႈျဖစ္ပြား ေနအိမ္သံုးလံုး ဆံုးရံႈး
ဒီဇင်ဘာ 30, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေရႊေညာင္ၿမိဳ႕နယ္ ေအာင္သေျပ စဥ့္ဟယ္ရပ္ကြက္၊ နယ္ေျမ(၁)တြင္ ဒီဇင္ဘာလ (၃၀) ရက္ေန႔ နံနက္(၆)နာရီ (၁၀)မိနစ္အခ်ိန္က မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ မီးသတ္ဦၤးစီးဌာနမွ သိရသည္။

"ဒီမနက္၆နာရီ (၁၀)မိနစ္မွာ စေလာင္တာပါ။ ဘယ္ကစေလာင္တယ္ဆိုတာေတာ့ ကၽြန္ေတာ္တိ႔ု စစ္ေဆးေနဆဲပါ။ ခုထိေတာ့ ရွာမရေသးပါဘူး။ ေနအိမ္ကေတာ့ (၃)လံုးေလာင္သြားပါတယ္၊။ ေနအိမ္ကေတာ့ သြမ္မိုး ထရံကာပါပဲ။  အမႈကိုေတာ့ ရဲတပ္ဖြဲ႕က စစ္ေဆး ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္"ဟု ေတာင္ႀကီးၿမိဳ႕နယ္မီးသတ္ဦးစီးဌာန မွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးေက်ာ္ကိုကိုက ေျပာသည္၊

မီးေလာင္မႈ ျဖစ္ပြားရာသို႔ ေတာင္ႀကီးမွ မီးသတ္ယာဥ္  (၅)စီး၊ ေရသယ္ယာဥ္ (၁)စီး ၊ အုပ္ခ်ဳပ္မႈယာဥ္(၁)စီး၊ ေရႊေညာင္မွ မီးသတ္ယာဥ္ (၁)စီး၊ ေရသယ္ယာဥ္ (၁)စီး ၊ ေအးသာယာမွ မီးသတ္ယာဥ္ (၁)စီး ၊ ေညာင္ေရႊမွ မီးသတ္ယာဥ္ (၁)စီး တို႔ျဖင့္ မီးၿငိမ္းသတ္ခဲ့ရာ မနက္ ၆ နာရီ ၄၅ မိနစ္တြင္ မီးၿငိမ္းသတ္နိုင္ခဲ့ေၾကာင္း သိရသည္၊၊

သတင္း - ႏိုႏို
ဓာတ္ပံု -  Lin Lin


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့နယ် အောင်သပြေ စဉ့်ဟယ်ရပ်ကွက်၊ နယ်မြေ(၁)တွင် ဒီဇင်ဘာလ (၃၀) ရက်နေ့ နံနက်(၆)နာရီ (၁၀)မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့နယ် မီးသတ်င်္ဦးစီးဌာနမှ သိရသည်။

"ဒီမနက်၆နာရီ (၁၀)မိနစ်မှာ စလောင်တာပါ။ ဘယ်ကစလောင်တယ်ဆိုတာတော့ ကျွန်တော်တို့ စစ်ဆေးနေဆဲပါ။ ခုထိတော့ ရှာမရသေးပါဘူး။ နေအိမ်ကတော့ (၃)လုံးလောင်သွားပါတယ်၊။ နေအိမ်ကတော့ သွမ်မိုး ထရံကာပါပဲ။ အမှုကိုတော့ ရဲတပ်ဖွဲ့က စစ်ဆေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးကျော်ကိုကိုက ပြောသည်၊

မီးလောင်မှု ဖြစ်ပွားရာသို့ တောင်ကြီးမှ မီးသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရွှေညောင်မှ မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ အေးသာယာမှ မီးသတ်ယာဉ် (၁)စီး၊ ညောင်ရွှေမှ မီးသတ်ယာဉ် (၁)စီး တို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ မနက် ၆ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်၊

သတင်း - နိုနို
ဓာတ်ပုံ - Lin Lin

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~