က်ဳိင္းတံုၿမိဳ႕တြင္ ေသြးအလွဴရွင္ အေယာက္(၃၀၀)အား ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ဆုမ်ား ေပးအပ္ခ်ီးျမႇင့္

က်ဳိင္းတံုၿမိဳ႕တြင္ ေသြးအလွဴရွင္ အေယာက္(၃၀၀)အား ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ဆုမ်ား ေပးအပ္ခ်ီးျမႇင့္
ဒီဇင်ဘာ 15, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမိဳ႕တြင္ ေသြးလွဴရွင္ အေယာက္(၃၀၀)အား  ဒီဇင္ဘာလ(၁၄)ရက္ေန႔ ေန႔လယ္ပိုင္းက က်ဳိင္းတံုၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပျပဳလုပ္သည့္ အမ်ဳိးသားေသြးအလွဴရွင္မ်ားအေန႔ အထိမ္းအမွတ္ အခမ္းအနားတြင္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားက ေပးအပ္ခ်ီးျမႇင့္လိုက္သည္။

"ဒီႏွစ္အတြင္းမွာ ကၽြန္ေတာ္တို ့ရဲ ့ ေဆးရုံကို တက္ေရာက္တဲ့ လူနာဦးေရ တိုးျမင့္လာတဲ့အတြက္ ေသြးလုိအပ္ခ်က္က တိုးလာတာျဖစ္ပါတယ္။ ဒီႏွစ္အတြင္းမွာ ေသြးအားနည္းေရာဂါေၾကာင့္ ေသြးသုံးခဲ့ရတာက (၉၀၀)ေက်ာ္ပါတယ္။ အေရးေပၚ ေသြးဆုံးရႈံးမႈအတြက္ (၃၄၃)ႀကိမ္ အျခား အစာအိမ္လမ္းေၾကာင္း ေသြးယိုစီးမႈမွာ အႀကိမ္(၁၀၀)နဲ ့ ကင္ဆာေရာဂါေတြမွာ ေသြးသုံးခဲ့ရပါတယ္။ ဒီလို ေသြးလိုအပ္ေန သူမ်ားအတြက္ ေသြးလွဴဒါန္းေပးသူမ်ားကို ဂုဏ္ျပဳတဲ့ အေနနဲ ့ အခုလို ဂုဏ္ျပဳတာျဖစ္ပါတယ္။"ဟု က်ိဳင္းတုံျမိဳ႕ အေထြေထြေရာဂါကု ေဆးရုံအုပ္ၾကီး ေဒါက္တာစိုင္းသန္႔ခိုင္က ေျပာသည္။

အဆိုပါ အခမ္းအနားတြင္ ေသြးလွဴဒါန္းမႈ (၅)ႀကိမ္မွစ၍ (၆၁)ႀကိမ္အထက္ လွဴဒါန္းသူ (၃၀၀)အား က်ိဳင္းတုံၿမိဳ႕တြင္ ပထမဦးဆုံး အႀကိမ္အေနျဖင့္ ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္တကြ ဆုတံဆိပ္မ်ားကို ေပးအပ္ခဲ့ၿပီး ေသြးရရိွရန္ တစ္ဖတ္တစ္လွမ္းမွ ကူညီေပးခဲ့ေသာ ဌာနမ်ားကိုလည္း ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

"အရင္က တစ္လ တစ္လကို ေသြးပုလင္းေပါင္း (၁၂၀)ကေန (၁၅၀)ေလာက္ဘဲ လိုေပမဲ့ အခုဆိုရင္ ေသြးက (၂၀၀)ကေန (၂၅၀)ထိ လိုလာတဲ့အတြက္ ကၽြန္ေတာ္တို ့ အသင္းကေနၿပီးေတာ့ ေသြးအလွဴရွင္ေတြ တိုးလာေအာင္ စည္းရုံးေရးေတြလုပ္တာ အခုဆိုရင္ ေသြးအလွဴရွင္ေပါင္း (၁၂၀၀)အထိ တိုးလာၿပီဆိုေတာ့ အခ်ိန္မွီ ေသြးလွဴဒါန္းႏုိင္ေအာင္ စီစဥ္ေဆာင္ရြက္ႏိုင္ပါၿပီ။"ဟု က်ိဳင္းတုံၿမိဳ႕ရိွ ေစတနာေသြးအလွဴရွင္အသင္းမွ ဦးသိန္းထိုက္က ေျပာသည္။

အဆိုပါ အခမ္းအနားသို ့ ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးေကာင္းစံဦး၊ က်ဳိင္းတံုခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနဦး ႏွင့္ ျပည္နယ္ ျပည္သူ ့က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာေဇာ္လင္း အပါအ၀င္ ဌာနဆိုင္ရာမ်ား၊ ေသြးအလွဴရွင္မ်ား၊ အရပ္ဘက္အဖြဲ ့အစည္းမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် သွေးလှူရှင် အယောက်(၃၀၀)အား ဒီဇင်ဘာလ(၁၄)ရက်နေ့ နေ့လယ်ပိုင်းက ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် အမျိုးသားသွေးအလှူရှင်များအနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းလွှာများက ပေးအပ်ချီးမြှင့်လိုက်သည်။

"ဒီနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ ဆေးရုံကို တက်ရောက်တဲ့ လူနာဦးရေ တိုးမြင့်လာတဲ့အတွက် သွေးလိုအပ်ချက်က တိုးလာတာဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ သွေးအားနည်းရောဂါကြောင့် သွေးသုံးခဲ့ရတာက (၉၀၀)ကျော်ပါတယ်။ အရေးပေါ် သွေးဆုံးရှုံးမှုအတွက် (၃၄၃)ကြိမ် အခြား အစာအိမ်လမ်းကြောင်း သွေးယိုစီးမှုမှာ အကြိမ်(၁၀၀)နဲ့ ကင်ဆာရောဂါတွေမှာ သွေးသုံးခဲ့ရပါတယ်။ ဒီလို သွေးလိုအပ်နေ သူများအတွက် သွေးလှူဒါန်းပေးသူများကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို ဂုဏ်ပြုတာဖြစ်ပါတယ်။"ဟု ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာစိုင်းသန့်ခိုင်က ပြောသည်။

အဆိုပါ အခမ်းအနားတွင် သွေးလှူဒါန်းမှု (၅)ကြိမ်မှစ၍ (၆၁)ကြိမ်အထက် လှူဒါန်းသူ (၃၀၀)အား ကျိုင်းတုံမြို့တွင် ပထမဦးဆုံး အကြိမ်အနဖြေင့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်တကွ ဆုတံဆိပ်များကို ပေးအပ်ခဲ့ပြီး သွေးရရှိရန် တစ်ဖတ်တစ်လှမ်းမှ ကူညီပေးခဲ့သော ဌာနများကိုလည်း ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

"အရင်က တစ်လ တစ်လကို သွေးပုလင်းပေါင်း (၁၂၀)ကနေ (၁၅၀)လောက်ဘဲ လိုပေမဲ့ အခုဆိုရင် သွေးက (၂၀၀)ကနေ (၂၅၀)ထိ လိုလာတဲ့အတွက် ကျွန်တော်တို့ အသင်းကနပြေီးတော့ သွေးအလှူရှင်တွေ တိုးလာအောင် စည်းရုံးရေးတွေလုပ်တာ အခုဆိုရင် သွေးအလှူရှင်ပေါင်း (၁၂၀၀)အထိ တိုးလာပြီဆိုတော့ အချိန်မှီ သွေးလှူဒါန်းနိုင်အောင် စီစဉ်ဆောင်ရွက်နိုင်ပါပြီ။"ဟု ကျိုင်းတုံမြို့ရှိ စေတနာသွေးအလှူရှင်အသင်းမှ ဦးသိန်းထိုက်က ပြောသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး နှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်း အပါအဝင် ဌာနဆိုင်ရာများ၊ သွေးအလှူရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~