တာချီလိတ်ခရိုင်အတွင်း ဖြစ်ပေါ်နေသော မြေယာပြဿနာများနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးနှင့် လူထုတွေ့ဆုံ၍ ညှိနှိုင်း အဖြေရှာ ရှင်းလင်းမှုကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ(၁၈)ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။
"ဈ"မြေကွက်နှင့် ပတ်သက်၍ ရောင်းချထားပြီးသား မြေကွက်မှာ (၅၇၃)ကွက်ရှိနေပြီး ယနေ့အချိန်အထိ ၎င်းမြေကွက်များနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းနိုင်သေးခြင်းမရှိသေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
တပ်မတော်မှ စွန့်လွတ်လိုက်သော မြေများနှင့် ပတ်သက်၍ သက်ဆိုင်သည့် မြေပိုင်ရှင်များအနေဖြင့် မိမိတို့၏ အမည်စာရင်းများကို ကြည့်ခွင့်ရှိကြောင်း ပြည်နယ်ဝန်ကြီးက ပြောကြားသည်။
လွယ်တော်ခမ်းမြေကိစ္စနှင့် ပတ်သက်၍ လွယ်တော်ခမ်းစုပေါင်း ဂိတ်အနီးတွင် နေထိုင်ကြသည့် လူနေအိမ်များကို ကျေးရွာသို့မဟုတ်၊ ရပ်ကွက်စာရင်းအတွင်းသို့ သွင်းပေးရန် တင်ပြလာမှုကို ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက အဆိုပါ နေရာသည် ဖြေရှင်း၍ မပြီးနိုင်သေးသည့် မြေပြဿနာကိစ္စများရှိနေသည့်အတွက် လတ်တလောတွင် အဆင်မပြေသေးကြောင်း ဖြေကြားသည်။
"ဒီနေ့ ရောက်ရှိလာတာကတော့ ရှမ်းပြည်နယ်အတွင်းမှာ တပ်မတော်က ပြန်လည်စွန့်လွှတ်လိုက်တဲ့ မြေယာများ ကိစ္စနဲ့ ဖြေရှင်းရေးကိစ္စ အဓိက ဖြစ်ပါတယ်။ နောက်တစ်ခုက ရှမ်းပြည်နယ်အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို မကြာခင်မှာ လက်တွေ့အကောင်အထည်ဖော်သွားမယ့် မူဝါဒများကိုလည်း ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် က တွေ့ဆုံပွဲတွင် ကနဦး ပြောသည်။
အဆိုပါ တွေ့ဆုံပွဲတွင် လွယ်တော်ခမ်း မြေကိစ္စ၊ "ဈ" မြေကွက်၊ စက်မှုဇုံ မြေကိစ္စ၊ လေယာဉ်ကွင်းပြေးလမ်း မြေကိစ္စ၊ ဖန်မင် မြေကိစ္စ၊ ပါဆတ် မြေကိစ္စ၊ မိုင်းဖုန်း(က/ခ)ကျေးရွာအုပ်စုများမှ မြေယာသိမ်းဆည်းထားမှုများနှင့် ဦးထွန်းအောင်ဂိတ်မှ ဂိတ်ကြေးကောက်ခံနေမှုအပြင် အခြား ကိစ္စရပ်များကို တက်ရောက်လာသူများမှ တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်ရာဌာနတို့မှ ပြန်လည်ညှိနှိုင်းဆွေးနွေးဖြေရှင်းပေးသည်။
"ဈ"မြေကွက်နှင့် ပတ်သက်၍ ရောင်းချထားပြီးသား မြေကွက်မှာ (၅၇၃)ကွက်ရှိနပြေီး ယနေ့အချိန်အထိ၎င်းမြေကွက်များနှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းနိုင်သေးခြင်းမရှိသေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
တပ်မတော်မှ စွန့်လွတ်လိုက်သော မြေများနှင့် ပတ်သက်၍ သက်ဆိုင်သည့် မြေပိုင်ရှင်များအနဖြေင့် မိမိတို့၏ အမည်စာရင်းများကို ကြည့်ခွင့်ရှိကြောင်း ပြည်နယ်ဝန်ကြီးက ပြောကြားသည်။
ယင်းတွေ့ဆုံပွဲအတွင်း မြေယာကိစ္စအပြင် လူဝင်မှုကြီးကြပ်ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ တင်ပြလာရာ တာချီလိတ်ခရိုင်/မြို့နယ် လဝက မှ ဖြေရှင်းဆောင်ရွက်ပေးသည်။
လွယ်တော်ခမ်းမြေကိစ္စနှင့် ပတ်သက်၍ လွယ်တော်ခမ်းစုပေါင်း ဂိတ်အနီးတွင် နေထိုင်ကြသည့် လူနေအိမ်များကို ကျေးရွာသို့မဟုတ်၊ ရပ်ကွက်စာရင်းအတွင်းသို့ သွင်းပေးရန် တင်ပြလာမှုကို ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက အဆိုပါ နေရာသည် ဖြေရှင်း၍ မပြီးနိုင်သေးသည့် မြပြေဿနာကိစ္စများရှိနေသည့်အတွက် လတ်တလောတွင် အဆင်မပြေသေးကြောင်း ဖြကြေားသည်။
ယင်းတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် နှင့် ပြည်နယ်အရာရှိများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြေယာနှင့်ပတ်သက်သည့် ပြည်သူများ တက်ရောက်လာခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် တာချီလိတ်မြို့မဈေး၊ မယ်ယန်းစုပေါင်းဂိတ် နှင့် ဝမ်ပုံဆိပ်ကမ်းတို့အား သွားရောက် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။