အပြည်ပြည်ဆိုင်ရာမော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲ အကြို နံနက်ပိုင်း

အပြည်ပြည်ဆိုင်ရာမော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲ အကြို နံနက်ပိုင်း
ဒီဇငျဘာ 10, 2016
By Tachileik News Agency

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ဒီဇင်ဘာလ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲသို့ နိုင်ငံတကာနှင့် ပြည်တွင်းမှ မော်တော်ဆိုင်ကယ်ကလပ်များ ရောက်ရှိလာကြကာ ယနေ့ ဒီဇင်ဘာလ(၁၀)ရက်နေ့ညပိုင်းတွင် ပြုလုပ်မည့် ဖွင့်ပွဲအတွက် ပြင်ဆင်နေကြသည်။

ဖွင့်ပွဲအား ညနေတွင် ပြုလုပ်မှာ ဖြစ်ပြီး မြန်မာအဆိုတော်များ သီဆိုဖျော်ဖြေမှာဖြစ်ကြောင်းနှင့်  နိုင်ငံတကာမှရောက်ရှိလာသော မော်တော်ဆိုင်ကယ်ကလပ်များနှင့် ပြည်တွင်းမှ ရောက်ရှိလာသော မော်တော်ဆိုင်ကယ်ကလပ်များမှ ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၀)နာရီမှ ညနေပိုင်းအချိန်ထိ အပျော်တမ်းအဖြစ်  ပြိုင်ပွဲအမျိုးမျိုးကို ပြုလုပ်သွားမှာဖြစ်ကြောင်းနှင့် ညပိုင်းတွင် ထိုင်းနိုင်ငံမှ အဆိုတော်များ သီဆိုဖျော်ဖြေကြမှာ ဖြစ်ကြောင်း သိရသည်။



ဓာတ်ပုံ - ဇောင်းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ဒီဇင်ဘာလ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲသို့ နိုင်ငံတကာနှင့် ပြည်တွင်းမှ မော်တော်ဆိုင်ကယ်ကလပ်များ ရောက်ရှိလာကြကာ ယနေ့ ဒီဇင်ဘာလ(၁၀)ရက်နေ့ညပိုင်းတွင် ပြုလုပ်မည့် ဖွင့်ပွဲအတွက် ပြင်ဆင်နကြေသည်။

ဖွင့်ပွဲအား ညနေတွင် ပြုလုပ်မှာ ဖြစ်ပြီး မြန်မာအဆိုတော်များ သီဆိုဖျော်ဖြေမှာဖြစ်ကြောင်းနှင့် နိုင်ငံတကာမှရောက်ရှိလာသော မော်တော်ဆိုင်ကယ်ကလပ်များနှင့် ပြည်တွင်းမှ ရောက်ရှိလာသော မော်တော်ဆိုင်ကယ်ကလပ်များမှ ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၀)နာရီမှ ညနေပိုင်းအချိန်ထိ အပျော်တမ်းအဖြစ် ပြိုင်ပွဲအမျိုးမျိုးကို ပြုလုပ်သွားမှာဖြစ်ကြောင်းနှင့် ညပိုင်းတွင် ထိုင်းနိုင်ငံမှ အဆိုတော်များ သီဆိုဖျော်ဖြကြေမှာ ဖြစ်ကြောင်း သိရသည်။

ပွဲအတွင်းသို့ ဝင်ခွင့်လက်မှတ်များကို ပွဲ၏ ဝင်ပေါက်တွင် တစ်ဦးလျှင် (၃၀၀)ဘတ်နှုန်းဖြင့် ရောင်းချနေပေးနေလျှက်ရှိပြီး လက်မှတ်တစ်စောင်အား တစ်ဦးလျှင် တစ်နေ့တာအတွက် အသုံးပြုနိုင်မှာ ဖြစ်သည်။

အဆိုပါ ပွဲအတွင်း၌ ရောင်းချပေးနိုင်သည့် အစားအသောက်များကို ဝယ်ယူစားသောက်နိုင်ရန်အတွက် ပွဲခင်းအတွင်းသို့ ပြင်ပမှ အစားစာများယူဆောင်လာခွင့်မပြုထားကြောင်းလည်း သိရှိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~