ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ဆိုက်ခေါင်ကျေးရွာ၊ မိုင်းဆတ်-တာချီလိတ် ကားလမ်းမဘေး၊ အိမ်အမှတ်(၉) စိုင်းနန္ဒကျော်၏ နေအိမ်တွင် မူးယစ်ဆေးဝါးလက်လီရောင်းချနေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ Wyစာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား(၁၆၀)ပြားကို ရှာဖွေတွေ့ရကြောင်း သိရသည်။
မူးယစ်တပ်စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ ဒီဇင်ဘာ(၁၆)ရက် ညနေ (၅)နာရီခွဲခန့်က ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - သန်းဇော်ဦး
မူးယစ်တပ်စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ ဒီဇင်ဘာ(၁၆)ရက် ညနေ (၅)နာရီခွဲခန့်က ဝင်ရောက်ရှာဖွခြေင်းဖြစ်ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ စိုင်းနန္ဒကျော်၏ အိပ်ယာကုတင်ခြေရင်းရှိ ဆိုင်ကယ်ဘတ္တ္ထရီအိုး ထည့်သော စက္ကူဘူးအတွင်း အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ငယ် အတွင်းမှ WYစာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းထားသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွဆေးပြားများလက်ဝယ်တွေ့ရှိသူ အသက် (၂၄)နှစ်အရွယ် စိုင်းနန္ဒကျော်အား မိုင်းဆတ်မြို့မ ရဲစခန်း၌ (ပ)၃၆/၂၀၁၆၊ မူး/စိတ်ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း - သန်းဇော်ဦး