မိုင္းျဖတ္ ၿမိဳ႕မသုႆန္အတြင္း ကားပတ္လမ္းေဖါက္လုပ္ရန္ တာဝန္ရွိသူမ်ားမွ ကြင္းဆင္း

မိုင္းျဖတ္ ၿမိဳ႕မသုႆန္အတြင္း ကားပတ္လမ္းေဖါက္လုပ္ရန္ တာဝန္ရွိသူမ်ားမွ ကြင္းဆင္း
ဒီဇင်ဘာ 29, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ ၿမိဳ႕မသုႆန္အတြင္း ကားပတ္လမ္း ေဖါက္လုပ္ရန္အတြက္ ဒီဇင္ဘာလ(၂၉)ရက္ေန႔ နံနက္(၀၉း၃၀)နာရီတြင္ တာဝန္ရွိသူမ်ား ကြင္းဆင္း
ၾကည့္ရႈေၾကာင္း သိရသည္။

“ၿမိဳ႕မသုႆန္မွာ ၿခံဳေတြ သစ္ပင္ေတြထူေနတဲ့အတြက္ ပထမအေနနဲ႔ ၿခံဳရွင္းဖို႔ လူအင္အား သံုးရမွာ၊ ၿခံဳေတြရွင္းၿပီးမွ စက္အင္အား နဲ႔လမ္းေဖါက္လုပ္မွာျဖစ္ပါတယ္။ လမ္းေဖါက္တဲ့အခ်ိန္မွာ မလြတ္တဲ့ အုတ္ဂူေတြကို ကာယကံရွင္ေတြကို ေခၚၿပီးေတာ့ ညႇိႏႈိင္းၿပီးေတာ့မွ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္” ဟု မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္က ေျပာသည္။

ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္သည့္ ဦးစိုင္းေက်ာက္ႏွင့္ ဦးအားကို၊  ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္၊ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးထြန္းေရႊ ၊ စည္ပင္အမႈေဆာင္အရာရွိ ဦးတိုးေဇာ္ထြန္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးျမင့္လြင္၊ ေျမစာရင္းဦးစီးမွဴး ဦးထြန္းလင္းတို႔ ပါဝင္သည့္အဖြဲ႕ျဖင့္ ကြင္းဆင္းစစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီလမ္းၿပီးၿပီ ဆိုရင္ေတာ့ မီးသၿဂိဳၤဟ္စက္ ထားဖို႔လည္း အစီအစဥ္ ရွိပါတယ္။ စည္ပင္အေနနဲ႔ကလည္း မီးသၿဂဳိ ၤဟ္ၿပီးရင္ မွတ္တိုင္အျဖစ္ (၂ )ေပပတ္လည္ျဖစ္ျဖစ္ သတ္မွတ္ေပးဖို႔ စည္ပင္ဌာနအေနနဲ႔လည္း ေဆာင္ရြက္ေပးဖို႔လိုပါတယ္”ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးထြန္းေရႊက ေျပာသည္။

အဆိုပါ ၿမိဳ႕မသုႆန္ ကားပတ္လမ္းေဖါက္လုပ္မႈအား ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလတြင္ စတင္ အေကာင္အထည္ေဖၚ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မြို့မသုဿန်အတွင်း ကားပတ်လမ်း ဖောက်လုပ်ရန်အတွက် ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(ဝ၉း၃၀)နာရီတွင် တာဝန်ရှိသူများ ကွင်းဆင်း
ကြည့်ရှုကြောင်း သိရသည်။

“မြို့မသုဿန်မှာ ခြုံတွေ သစ်ပင်တွေထူနေတဲ့အတွက် ပထမအနေနဲ့ ခြုံရှင်းဖို့ လူအင်အား သုံးရမှာ၊ ခြုံတွေရှင်းပြီးမှ စက်အင်အား နဲ့လမ်းဖောက်လုပ်မှာဖြစ်ပါတယ်။ လမ်းဖောက်တဲ့အချိန်မှာ မလွတ်တဲ့ အုတ်ဂူတွေကို ကာယကံရှင်တွေကို ခေါ်ပြီးတော့ ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးထွန်းရွှေ၊ စည်ပင်အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ မြေစာရင်းဦးစီးမှူး ဦးထွန်းလင်းတို့ ပါဝင်သည့်အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

"ဒီလမ်းပြီးပြီ ဆိုရင်တော့ မီးသဂြိုငှ်စက် ထားဖို့လည်း အစီအစဉ် ရှိပါတယ်။ စည်ပင်အနေနဲ့ကလည်း မီးသဂြို ငှ်ပြီးရင် မှတ်တိုင်အဖြစ် (၂ )ပေပတ်လည်ဖြစ်ဖြစ် သတ်မှတ်ပေးဖို့ စည်ပင်ဌာနအနေနဲ့လည်း ဆောင်ရွက်ပေးဖို့လိုပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးထွန်းရွှေက ပြောသည်။

အဆိုပါ မြို့မသုဿန် ကားပတ်လမ်းဖောက်လုပ်မှုအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~