မိုင္းတံုေဆးရံုတြင္ ေဆးကုသသူ လူနာတိုးလာ၍ ေဆးပစၥည္းလိုအပ္ခ်က္မ်ားလာ

မိုင္းတံုေဆးရံုတြင္ ေဆးကုသသူ လူနာတိုးလာ၍ ေဆးပစၥည္းလိုအပ္ခ်က္မ်ားလာ
ဒီဇင်ဘာ 26, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံတြင္ လူနာမ်ားလာသျဖင့္ ေဆးပစၥည္းလိုအပ္ခ်က္မ်ားအား ေဆးပေဒသာပင္မွ ထုတ္ယူသံုးစဲြရန္ ေဆး႐ုံႀကီးၾကပ္မွဳေကာ္မတီက ဆံုးျဖတ္လိုက္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္ေရာက္ရိွၿပီးေနာက္ပုိင္း ေဆး႐ုံတက္ေရာက္ကုသတ့ဲ လူနာေတြ မ်ားလာတယ္။ ေန႔စဥ္ မသုံးမျဖစ္ သုံးစဲြကုန္က်ေနတာက ေဆးထိုးအပ္၊ ပိုးသတ္ေဆးသုံးပစၥည္းမ်ာန႔ဲ ဒရစ္ဗူး၊  ေအာက္စီဂ်င္ေတြပါ ရရိွတ့ဲ ေဆးပစၥည္းခြဲတမ္း(၆)လစာေလာက္က တစ္လေက်ာ္န႔ဲ ျပတ္သြားတယ္။ လိုအပ္တ့ဲ ပစၥည္းေတြကုိ ေဆး႐ုံလာေရာက္တ့ဲ လူနာအခ်ိဳ႕ လွဴဒါန္းေငြေလးေတြစုၿပီး ျပန္ဝယ္သုံးေနရတယ္။ အမ်ားအားျဖင့္ ေဆး႐ုံတက္လူနာေတြက ဆင္းရဲတာမ်ားေတာ့ မလံုေလာက္ေတာ့ဘူး ျဖစ္သြားတယ္။ ဒါေၾကာင့္ ေဆး႐ုံတက္ကုသသူေတြအနက္ တတ္ႏိုင္သူေတြကုိ ေဆးသုံးစဲြမွဳ စရိတ္မ်ွေပးေစလိုတယ္။ တစ္ကယ္လည္း အခက္အခဲ ျဖစ္ေနတယ္။ ေဆးပေဒသာပင္ မတည္ထားတ့ဲေငြကေန လစဥ္ က်ပ္ငါးသိန္းေလာက္သုံးစဲြခြင့္ျပဳဖို႔ အခုလိုႀကီးၾကပ္ေရးေကာ္မီတီဝင္ေတြႏွင့္ ၿမိဳ႕မိၿမိဳ႕ဖေတြကု္ိ ေတြ႔ဆံုတင္ျပတာပါ"ဟု ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာသက္ခိုင္မင္းက ဆိုသည္။

မိုင္းတံုေဆး႐ုံတြင္ ယခင္က တစ္လလွ်င္ေဆး႐ုံတက္ကုသသူ (၂၀)မွ (၂၅)ဦးခန္႔သာရိွခ့ဲရာမွ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လမွစ၍ (၁၅၀)ခန္႔အထိ တိုးလာသည့္အတြက္ လူနာကုတင္မွအစ လံုေလာက္မွဳမရိွ ျဖစ္လာေၾကာင္း သိရသည္။

"ၿမိဳ႕နယ္ဆရာဝန္ႀကီးက ေသခ်ာကုသမွဳေပးလို႔ ျပည္သူ႔ေဆး႐ုံကုိ အားကုိးလာၾကတာပါ။ ဆရာဝန္၊ ဆရာမေတြ ေစတနာထားျပဳစုကုသလို႔ လူယုံၾကည္ၿပီးလာၾကတာ ဝမ္းသာစရာပါ။ ေဆး႐ုံရဲ႕ အခက္အခဲေတြကုိလည္း ၾကားသိေနရပါတယ္။ ခြဲစိတ္ကုသမွဳေတြလည္း ေကာင္းမြန္ေနတာေၾကာင့္ ယုံၾကည္မွဳပိုလာၾကတာပါ။ ဒါေပမဲ့ ေဆးဝါးပစၥည္းလိုအပ္ခ်က္ရိွလာေတာ့ခက္ခဲလာတယ္။ ဒီအတြက္ လူနာ႐ွင္ေတြကလည္း စရိတ္မ်ွေပးသင့္တယ္လို႔ျမင္မိတယ္။ ႏိုင္ငံေတာ္က ျပည့္စုံေအာင္ ပံ့ပုိး ေပးႏိုင္ရင္ေတာ့ ပုိေကာင္းတာေပါ့"ဟုၿမိဳ႕မိၿမိဳ႕ဖျဖစ္သူ ဦးလွေပၚက ဆိုသည္။

စရိတ္မွ်ေပး က်န္းမာေရး အစီအစဥ္အား လူထုသိရိွနားလည္ေစေရးအတြက္ ေဆး႐ုံႀကီးၾကပ္ေရး ေကာ္မီတီဝင္မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ျပည္နယ္လႊတ္ေတာ္ ကုိယ္စားလွယ္မ်ားက ေဆာင္ရြက္ရန္ႏွင့္ ေဆးပေဒသာပင္မွ လစဥ္က်ပ္ငါးသိန္းအား ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွ စတင္ထုတ္ယူသံုးစြဲခြင့္ျပဳရန္ စီစဥ္ထားေၾကာင္း သိရသည္။

မိုင္းတံုၿမိဳ႕ျပည္သူ႔ေဆးရံု၏ ေဆးပေဒသာအား မတည္ေငြက်ပ္(၈၇)သိန္းျဖင့္ စတင္ခဲ့ရာ လက္ရိွတြင္ က်ပ္(၁၃၃)သိန္းေက်ာ္သြားၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - ေအာင္ေဇယ်

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံတွင် လူနာများလာသဖြင့် ဆေးပစ္စည်းလိုအပ်ချက်များအား ဆေးပဒေသာပင်မှ ထုတ်ယူသုံးစွဲရန် ဆေးရုံကြီးကြပ်မှုကော်မတီက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

"ကျွန်တော်ရောက်ရှိပြီးနောက်ပိုင်း ဆေးရုံတက်ရောက်ကုသတဲ့ လူနာတွေ များလာတယ်။ နေ့စဉ် မသုံးမဖြစ် သုံးစွဲကုန်ကျနေတာက ဆေးထိုးအပ်၊ ပိုးသတ်ဆေးသုံးပစ္စည်းမျာနဲ့ ဒရစ်ဗူး၊ အောက်စီဂျင်တွေပါ ရရှိတဲ့ ဆေးပစ္စည်းခွဲတမ်း(၆)လစာလောက်က တစ်လကျော်နဲ့ ပြတ်သွားတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကို ဆေးရုံလာရောက်တဲ့ လူနာအချို့ လှူဒါန်းငွေလေးတွေစုပြီး ပြန်ဝယ်သုံးနေရတယ်။ အများအားဖြင့် ဆေးရုံတက်လူနာတွေက ဆင်းရဲတာများတော့ မလုံလောက်တော့ဘူး ဖြစ်သွားတယ်။ ဒါကြောင့် ဆေးရုံတက်ကုသသူတွေအနက် တတ်နိုင်သူတွေကို ဆေးသုံးစွဲမှု စရိတ်မျှပေးစေလိုတယ်။ တစ်ကယ်လည်း အခက်အခဲ ဖြစ်နေတယ်။ ဆေးပဒေသာပင် မတည်ထားတဲ့ငွေကနေ လစဉ် ကျပ်ငါးသိန်းလောက်သုံးစွဲခွင့်ပြုဖို့ အခုလိုကြီးကြပ်ရေးကော်မီတီဝင်တွေနှင့် မြို့မိမြို့ဖတွေကို် တွေ့ဆုံတင်ပြတာပါ"ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက ဆိုသည်။

မိုင်းတုံဆေးရုံတွင် ယခင်က တစ်လလျှင်ဆေးရုံတက်ကုသသူ (၂၀)မှ (၂၅)ဦးခန့်သာရှိခဲ့ရာမှ ၂၀၁၆ ခုနှစ် သြဂုတ်လမှစ၍ (၁၅၀)ခန့်အထိ တိုးလာသည့်အတွက် လူနာကုတင်မှအစ လုံလောက်မှုမရှိ ဖြစ်လာကြောင်း သိရသည်။

"မြို့နယ်ဆရာဝန်ကြီးက သေချာကုသမှုပေးလို့ ပြည်သူ့ဆေးရုံကို အားကိုးလာကြတာပါ။ ဆရာဝန်၊ ဆရာမတွေ စေတနာထားပြုစုကုသလို့ လူယုံကြည်ပြီးလာကြတာ ဝမ်းသာစရာပါ။ ဆေးရုံရဲ့ အခက်အခဲတွေကိုလည်း ကြားသိနေရပါတယ်။ ခွဲစိတ်ကုသမှုတွေလည်း ကောင်းမွန်နေတာကြောင့် ယုံကြည်မှုပိုလာကြတာပါ။ ဒါပေမဲ့ ဆေးဝါးပစ္စည်းလိုအပ်ချက်ရှိလာတော့ခက်ခဲလာတယ်။ ဒီအတွက် လူနာရှင်တွေကလည်း စရိတ်မျှပေးသင့်တယ်လို့မြင်မိတယ်။ နိုင်ငံတော်က ပြည့်စုံအောင် ပံ့ပိုး ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့"ဟုမြို့မိမြို့ဖဖြစ်သူ ဦးလှပေါ်က ဆိုသည်။

စရိတ်မျှပေး ကျန်းမာရေး အစီအစဉ်အား လူထုသိရှိနားလည်စေရေးအတွက် ဆေးရုံကြီးကြပ်ရေး ကော်မီတီဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဆောင်ရွက်ရန်နှင့် ဆေးပဒေသာပင်မှ လစဉ်ကျပ်ငါးသိန်းအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်ထုတ်ယူသုံးစွဲခွင့်ပြုရန် စီစဉ်ထားကြောင်း သိရသည်။

မိုင်းတုံမြို့ပြည်သူ့ဆေးရုံ၏ ဆေးပဒေသာအား မတည်ငွေကျပ်(၈၇)သိန်းဖြင့် စတင်ခဲ့ရာ လက်ရှိတွင် ကျပ်(၁၃၃)သိန်းကျော်သွားပြီဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~